အနောက်အုပ်စုနိုင်ငံများအနေဖြင့် ရုရှား၏ပိုင်ဆိုင်မှုများကို သိမ်းဆည်းရာတွင် ရဲရင်မှုရှိသင့်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ပြော
Pika (NSS) - ဖေဖော်ဝါရီ ၂၆
ယူကရိန်း၏အနောက်အုပ်စုကျောထောက်နောက်ခံနိုင်ငံများသည် ယူကရိန်းကို ကူညီနိုင်ရန်အတွက် ရုရှား၏ ပြည်ပရှိ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန် ကြိုးပမ်းမှုများအား ပိုမိုအရှိန်မြှင့်လုပ်ဆောင်သင့်ကြောင်း ဗြိတိန်ဝန်ကြီး ချုပ်ဆူနက်က ပြောကြားခဲ့သည်။
ထို့အပြင် ရုရှားသည် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုတစ်ခုအဖြစ် ဆက်လက် တည်ရှိနေဆဲဖြစ်ကြောင်း ဆူနက်က သတိပေးပြောခဲ့သည်။ ဆူနက် က "ရုရှားရဲ့စီးပွားရေးကို ထိခိုက်အောင် လုပ်ဆောင်ရာမှာ ကျွန်တော်တို့ ရဲရင့်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့စုပေါင်းပိတ်ဆို့အရေးယူမှုတွေကြောင့် ရုရှားဟာ အမေရိကန်ဒေါ်လာ(၄ဝဝ)ဘီလျံလောက် ဆုံးရှုံးခဲ့ရပြီးပါပြီ။ ပြီးတော့ ရုရှားရဲ့ပြည်ပမှာရှိနေတဲ့ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာဘီလျံပေါင်းများစွာကို သိမ်းဆည်းရာမှာ ကျွန်တော်တို့ရဲရင့်မှုတွေ ရှိရပါမယ်" ဟု ပြောခဲ့သည်။
ယူကရိန်းပဋိပက္ခစတင်ဖြစ်ပွားပြီးနောက်ပိုင်း အနောက်အုပ်စုနိုင်ငံများသည် ရုရှားဗဟိုဘဏ်ပိုင်ဆိုင်သည့် အမေရိကန်ဒေါ်လာ(၃၀၀)ဘီလျံခန့်ကို ပိတ်ဆို့သိမ်းဆည်းထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယူကရိန်းအစိုးရကို ရန်ပုံငွေထောက်ပံ့နိုင်ရန်အတွက် ရုရှား၏ပိုင်ဆိုင်မှုများကို အပြီးသတ်သိမ်းယူရန် အမေရိကန်နှင့် ဗြိတိန်တို့က မကြာသေးမီက တောင်းဆိုခဲ့ကြောင်း သိရသည်။
သို့သော်လည်း ရုရှား၏ ပိုင်ဆိုင်မှုများကို သိမ်းယူခြင်းသည် အနောက်အုပ်စုနိုင်ငံများ၏ ဘဏ္ဍာရေးစနစ်အပေါ် ဆိုးရွားသောသက်ရောက်မှုများရှိလာနိုင်ပြီး ယူရိုငွေကြေးအပေါ် ယုံကြည်မှုကျဆင်းလာနိုင်ကြောင်း ဥရောပနိုင်ငံ အများအပြားက သတိပေးပြောဆိုခဲ့သည်။ထို့အပြင် ဥရောပသမဂ္ဂသည် ယူရို(၁၉၆ ဒသမ ၆) ဘီလျံတန်ဖိုးရှိ ရုရှား ဗဟိုဘဏ်၏ အရန်ငွေများကို သိမ်းဆည်းခဲ့ကြောင်းလည်း သိရသည်။
အနောက်အုပ်စုနိုင်ငံများသည် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခံထားရသော ရုရှားလူပုဂ္ဂိုလ်များနှင့်ကုမ္ပဏီများ ပိုင်ဆိုင်သည့်အမေရိကန်ဒေါ်လာဘီလျံပေါင်းများစွာကို သိမ်းဆည်းထားကြောင်းလည်း သိရသည်။ ရုရှားအစိုးရ သည် အနောက်အုပ်စုနိုင်ငံများကို သူခိုးများအဖြစ်စွပ်စွဲပြောဆိုခဲ့ပြီး လက်တုံ့ပြန်ဆောင်ရွက်မှုများကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သတိပေးပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိမ်ရှင်မများကို ပစ်မှတ်ထားကာ လိမ်လည်သည့် အွန်လိုင်းလိမ်လည်မှု တစ်မျိုးပေါ်ပေါက်နေ
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ