Transformers ရုပ်ရှင်ဇာတ်ကားနှင့်ပတ်သက်သည့် အမှတ်တရပစ္စည်းပေါင်း (၁)သောင်းကျော်စုဆောင်းကာ ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့သည့် အမေရိကန်နိုင်ငံသား
Pika (NSS) - ဖေဖော်ဝါရီ ၂၆
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ အမျိုးသားတစ်ဦးသည် Transformers ရုပ်ရှင်ဇာတ်ကားနှင့်ပတ်သက်သည့် အမှတ်တရပစ္စည်းပေါင်း (၁၀၅၆၈)ခုကို စုဆောင်းခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ် စံချိန်ကို ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။
မိုက်ကေးဟု အမည်ရသော အမျိုးသားသည် ၁၉၈၄ ခုနှစ်ကတည်းက Transformers စက်ရုပ် များကို စုဆောင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် မိုက်ကေးသည်Transformers ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်သည့် အမှတ်တရပစ္စည်းပေါင်း(၅၁၅၀)ခုကို စုဆောင်းကာ ဂင်းနစ်စံချိန်ချိုးဖျက်ထားသည့် AJ Ard ၏ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုက်ကေးက "ကျွန်တော် (၃)နှစ် ဒါမှမဟုတ် (၄)နှစ်သားအရွယ် ၁၉၈၄ ခုနှစ်ကတည်းက Transformers စက်ရုပ်တွေကို စတင်စုဆောင်းခဲ့ တာပါ။ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့မိသားစုတွေဟာ Generation 1 Transformers စက်ရုပ်တွေ အများ အပြားရှိတဲ့ Sears စတိုးကို သွားခဲ့တာပါ။ ပြီးတော့ ကြိုက်တဲ့အရုပ်တစ်ခုကိုရွေးဖို့ ကျွန်တော့်မိဘတွေက ပြောခဲ့တာပါ။ အစိမ်းရောင်နဲ့လိမ္မော်ရောင် စပ်ထားတဲ့ တွဲထရပ်ကားကို ရွေးခဲ့ပြီးတဲ့နောက်မှာတော့ ကျွန်တော်ရဲ့ အရုပ်စုဆောင်းတဲ့ဝါသနာက စတင်ခဲ့ တာပါ။ ကျွန်တော် ကောလိပ်တက်နေတဲ့အချိန်မှာပဲ Generation 1 Transformers စက်ရုပ်တွေကို စုဆောင်းတာ ပြီးသွားခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ စုဆောင်းမှုက မရပ်တန့်သွားခဲ့ပါဘူး"ဟု ပြောဆိုခဲ့သည်။
ထို့ပြင် မိုက်ကေးက ၎င်းသည်နောက်ထပ် အသစ်ထွက်ရှိလာသော Transformers စက်ရုပ်များကို ဆက်လက်စုဆောင်းခဲ့ပြီး အမေရိကန်ရှိ စတိုးဆိုင်များတွင်မရှိသော ဂျပန်ထုတ်သီးသန့် စက်ရုပ်များကို ရှာဖွေရန်အတွက် အင်တာနက်ကိုလည်း အသုံးပြုခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် အမေရိကန်နှင့် ဗြိတိန်တို့၏ တိုက်ခိုက်မှုများက တင်းမာမှုများကို ပိုမိုမြင့်တက်လာအောင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အီရန်အစိုးရ ပြစ်တင်ရှုတ်ချ
RELATED POSTS
14 Sep 2024 | ဗဟုသုတ,နိုင်ငံတကာ