ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် အမေရိကန်နှင့် ဗြိတိန်တို့၏ တိုက်ခိုက်မှုများက တင်းမာမှုများကို ပိုမိုမြင့်တက်လာအောင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အီရန်အစိုးရ ပြစ်တင်ရှုတ်ချ
Pika (NSS) - ဖေဖော်ဝါရီ ၂၆
ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် အမေရိကန်နှင့် ဗြိတိန်တို့၏ တိုက်ခိုက်မှုများကို ဖေဖော်ဝါရီလ (၂၅)ရက်တွင် အီရန်အစိုးရက ပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရသည်။
ထို့အပြင် အမေရိကန်နှင့် ဗြိတိန်တို့သည် ဒေသအတွင်းတွင် တင်းမာမှုများနှင့် ပဋိပက္ခများကို ပိုမိုတိုးမြင့်လာအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အီရန်အစိုးရက ဝေဖန်ပြောဆိုခဲ့သည်။ ပင်လယ်နီအတွင်းသွားလာနေသော သင်္ဘောများကို အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့် အနေဖြင့် ဖေဖော်ဝါရီလ(၂၄)ရက်တွင် အမေရိကန်နှင့် ဗြိတိန်တပ်ဖွဲ့တို့သည် ယီမင်ရှိ ဟူသီလက်နက်ကိုင် အဖွဲ့၏ပစ်မှတ်(၁၈)ခုကို လေကြောင်းမှတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ နက်ဆာကနာနီက "ဒီလိုတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခြင်း အားဖြင့် အမေရိကန်နဲ့ဗြိတိန်တို့ဟာ ဒေသတွင်းမှာ တင်းမာမှုတွေနဲ့ အကျပ်အတည်းတွေကို ပိုမိုတိုးမြင့်လာဖို့၊ စစ်ပွဲနဲ့ မတည်ငြိမ်မှု နယ်ပယ်တွေကို ပိုမိုချဲ့ထွင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဒီလိုအာဏာရှင်ဆန်ပြီး ရန်လိုတဲ့ စစ်ဆင်ရေးတွေဟာ ဒေသတွင်းမှာ မလုံခြုံမှုနဲ့ မတည်ငြိမ်မှုတွေကို ပိုမိုဆိုးရွား လာစေပါတယ်" ဟု ပြောခဲ့သည်။
ထို့အပြင် အမေရိကန်နှင့် ဗြိတိန်တို့သည် ဂါဇာကမ်းမြောင်ဒေသအပေါ် လုပ်ဆောင်နေသော အစ္စရေး၏ ထိုးစစ် ဆင်မှုများကို ရပ်တန့်ရန်အတွက် ထိရောက်စွာ အရေးယူမှုများလုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း နက်ဆာကနာနီက ထပ်မံပြစ်တင်ရှုတ်ချပြောခဲ့သည်။
အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းလူမျိုးများကို ထောက်ခံ သည့်အနေဖြင့် ပင်လယ်နီအတွင်းသွားလာနေသော ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်မှုများအား လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ပြောခဲ့သည်။ ထို့အပြင် အစ္စရေးက ဂါဇာကမ်းမြောင် ဒေသအပေါ် ထိုးစစ်ဆင်နေမှုများကို မရပ်တန့်မချင်း ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက်မှုများအား ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ကတိပြုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
EV ကားအရောင်းအဝယ် အချိန်မီမပေးနိုင်ခြင်းကြောင့် ငွေပြန်အမ်းသည့်ကိစ္စနှင့်ပတ်သက်၍ ကုမ္ပဏီနှင့်ဝယ်သူအကြား ဥပဒေကြောင်းအရ အပြန်အလှန်ရှင်းရန် ကြိုးပမ်းနေ
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ