Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စင်ကာပူ အမျိုးသားစစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာအချို့ (ဆောင်းပါး)

လင်းမြတ် (NSS) - ဖေဖော်ဝါရီ ၂၆

စင်ကာပူ အမျိုးသားစစ်မှုထမ်းခြင်းဥပဒေအရ အသက်(၁၈)နှစ်ပြည့်ပြီးသော စင်ကာပူနိုင်ငံသား ယောကျာ်းလေးများနှင့် စင်ကာပူတွင်အမြဲတမ်းနေ ထိုင်ခွင့်ရရှိထားသူ နိုင်ငံခြားသားများ၏ သားယောကျာ်းလေး (နိုင်ငံတွင်းခေါ် 2nd Generation of Permanent Residences အမြဲတမ်းနေထိုင်သူများ၏ ဒုတိယမျိုးဆက်) များသည် စစ်မှုမထမ်း မနေရစနစ်တွင် သတင်းပို့စာရင်း သွင်းရန် အကျုံးဝင်သည်။ အမျိုးသား စစ်မှုထမ်းစစ်သည် (National Service Man @ NSMan) တစ်ယောက်ဖြစ်ရန် သတ်မှတ် ထားသော ကိုယ်ကာယနှင့် ဆေးစစ်ချက် အောင်မြင် ပြီးသူ ယောကျာ်းလေးတွေဟာ အချိန်ပြည့် အမျိုးသား စစ်မှုထမ်းစစ်သည် (Full Time NSMan) အဖြစ် စင်ကာတပ်မတော်၊ စင်ကာပူရဲတပ်ဖွဲ့၊ စင်ကာပူပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့အစရှိသော နိုင်ငံရဲ့ ပင်မကျောရိုးဖြစ်သော ဖော်ပြပါ ကာကွယ်ရေး (၃)ဖွဲ့ထဲက တစ်ဖွဲ့ဖွဲ့မှာ (၂)နှစ်တာ တာဝန်ထမ်းဆောင် ရမှာ ဖြစ်ပါတယ်။

၁။ စင်ကာပူတပ်မတော် (Singapore Armed Force - SAF) ဆိုသည်မှာ ကြည်း/ရေ/လေ၊ အပြင် ဆေးတပ်၊ အင်ဂျင်နီယာ၊ အမြောက်သံချပ်ကာ၊ ကွန်မန်ဒို၊ ဆိုက်ဘာ၊ ထောက်ပို့အပြင် အခြားများစွာသော ခောတ်မီတပ်မတော် လက်ရုံးတပ်ဖွဲ့များ ပါဝင်သည်။

၂။ စင်ကာပူရဲတပ်ဖွဲ့ (Singapore Police Force – SPF) ဆိုသည်မှာ လုံခြုံရေး၊ ထောက်လှမ်းရေး၊ အထူးတပ်ဖွဲ့၊ မူးယစ်၊ နိုင်ငံဖြတ်ကျော်၊ မှုခင်း အဓိက ရုဏ်းအပြင် အခြားများစွာသော ခေတ်မီရဲလုပ်ငန်း ဆိုင်ရာ တာဝန်တပ်ဖွဲ့များဖြစ်သည်။

၃။ စင်ကာပူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Singapore Civil Dev fense Force – SCDF) ဆိုသည်မှာ မီးသတ်၊ ရှာဖွေကယ်ဆယ်ရေး၊ အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ လူနာတင်ယာဉ်နဲ့ သက်ကယ်တပ်ဖွဲ့အပြင် အ ခြားခေတ်မီပြည်သူ့ကာကွယ်ရေးဆိုင်ရာတပ်ဖွဲ့ များပါဝင်သည်။

အဆိုပါ ကျန်းမာသန်စွမ်းသောလူငယ်များ (able-bodied young boys) ကို မက်လုံးပေး ဆွဲဆောင်မှု အပိုဆုကြေးအဖြစ် စစ်မှုထမ်း (၂)နှစ် သို့မဟုတ် (၂၄)လအတွင်းမှာ သက်ဆိုင်ရာ တပ်ဖွဲ့အဖွဲ့အစည်း လုပ် ငန်းသဘောသဘာဝ အစီအစဉ်ပေါ်မူတည်ပြီး ခွင့်ရက်သတ်မှတ်ချိန်မတူသော်ငြားလည်း NSMan တိုင်းဟာ စုစုပေါင်း နားခွင့် (၂)လ ရရှိမှာ ဖြစ်ပါတယ်။

အမျိုးသားစစ်မှုထမ်းစဉ်ကာလမှာ ရာထူးအဆင့်ဆင့် တိုးခြင်း (အမျိုးသား စစ်မှုထမ်း အခြားအဆင့်/အရာခံ NSMan Other Ranks^WO မှသည် အမျိုးသားစစ်မှုထမ်း အရာရှိအဆင့် NSMan Officer) အထိ ခန့်အပ်ခြင်းခံရနိုင်ပြီး အမြဲတမ်းစစ်မှုထမ်းစစ်သည် Permanent Sign-On အဖြစ်လည်း မိမိသဘောဆန္ဒအလျောက် ပြောင်းလဲလျှောက်ထားနိုင်သည်။ အရည်အချင်းပြည့်မီပါက ဗိုလ်သင်တန်း တက်ခွင့်လျှောက်ထားပြီး အရာရှိအဖြစ်လည်း တာဝန်ထမ်းနိုင်ပါတယ်။

စင်ကာပူနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသား စစ်မှုမထမ်းမနေရ အသက်ပိုင်းခြားကာ လမှာ ယောကျာ်းလေး အသက် ၁၆ နှစ်နဲ့ ၆လ (၁၆ နှစ်ခွဲ) ကနေ အသက် (၄၀)အထိဖြစ်ပါတယ်။ ဆိုလို သည်မှာ စစ်မှုထမ်းတာဝန်ထမ်းရန် ကနဦး စာရင်းပေးသွင်း သတင်းပို့ခြင်းက အသက် (၁၆)နှစ်ခွဲမှာ စပါ တယ်။ ဒီအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးဟာ စနစ်တကျ ပြင်ဆင်ချိန်ပိုရရန်နဲ့အမှား အယွင်းနည်းစေရန်ဖြစ်ပါတယ်။

(မှတ်ချက်။ ။ အမျိုးသမီး/မိန်းကလေးတွေဟာ စစ်မှုမထမ်းမနေရစနစ်မှာ မပါပေမယ့် မိမိအလိုဆန္ဒအရ Voluntever Basic အဖြစ်  စာရင်းပေးသွင်း နိုင်ပါတယ်။ အမြဲတမ်းစစ်မှုထမ်းစစ်သည် Permanent Sign-On အဖြစ်လည်းကောင်း ဗိုလ်သင်တန်း တက်ခွင့်လျှောက်ထားပြီး အရာရှိအဖြစ် တာဝန်ထမ်းဆောင် နိုင်ပါတယ်။)

ခြွင်းချက်အနေဖြင့် ဆေး/သွားဖက်ဆိုင်ရာ တက္ကသိုလ်ဝင်ခွင့်ရ ကျောင်းသားများကိုမူ ပညာရေး ဆုံးခန်းတိုင်အောင် သင်ကြားခွင့်အရင်ပေးပြီး ဘွဲ့ရပြီးမှ ချက်ချင်း အချိန်နဲ့တပြေးညီ စစ်မှုထမ်းဆင့်ခေါ် ပြီး အခြေခံသင်တန်းပြီးသည်နှင့် တပ်မတော်ဆေးတပ် ဖွဲ့အရာရှိများအဖြစ် စစ်မှု (၂)နှစ် ထမ်းစေပါ တယ်။ အခြားသော အတန်းပညာအမျိုးမျိုး သင်ကြားနေသော လူငယ်များနဲ့ ဘဝအခြေအနေ အဖုံဖုံလူငယ်များအဖို့လည်း စစ်မှုထမ်းဆင့်ခေါ်မှု ဆိုင်းငံ့ခွင့်တွေကို ခြွင်းချက်အနေနဲ့ အကျိုးအကြောင်း ဆီလျော်စွာ ပေးထားပါတယ်။

အချိန်ပြည့် စစ်မှုထမ်းပြီးကာလ အမျိုးသား စစ်မှုထမ်းတစ်ယောက်ရဲ့ နောက်ဆက်တွဲတာဝန် စစ်မှုမထမ်းမနေရ အချိန်ပြည့် အမျိုးသားစစ်မှုထမ်းသက်ကုန်ဆုံးချိန် (Conscript completed) မှာ ထိုစစ် သည်တွေကို နိင်ငံအတွက် အမြဲတမ်း အသင့်ရှိ အင်အား (Operationally Ready National Service - ORNS) အဖြစ် သတ်မှတ်ပါတယ်။ ထိုသူတွေဟာ နှစ်စဉ် အရန်တပ်ဖွဲ့ စစ်မှုထမ်း ပြန်လည်ဆင့်ခေါ်ခြင်း  (Reservist) ကို တစ်နှစ် ပျမ်းမျှ (၂ ပတ်ကနေ ၁ လ) အထိ နှစ်စဉ်ဆင့်ခေါ်ခြင်းခံရပါတယ်။ အဲဒီလို ဆင့်ခေါ် ခံရချိန်မှ နောက်ဆုံးအချိန်ပြည့် စစ်မှုထမ်း ပြီးခဲ့ချိန် ရာထူးအတိုင်း ခေါ်ဆိုရက်ကို ဝတ်စုံပြည့်ဖြင့် သတင်းပို့ရပါတယ်။ နောက်ဆုံးခေါ်ဆိုခံရနိုင်တဲ့ အသက်အရွယ်ဟာ အခြားအဆင့်များဆို အသက် (၄၀)အထိဖြစ်ပြီး အရာရှိများဆို အသက်(၅၀)အထိ ဖြစ်ပါတယ်။ နောက်တစ်နည်းအရ နှစ်စဉ် ခေါ်ဆိုချိန် များ စုစုပေါင်း (၁၈)လ စောစီးစွာ ပြည့်ခဲ့ရင် စစ်မှု ထမ်းပြီးစီးမှုက အသက်(၄၀) မတိုင်ခင်မှာပဲ ထပ်မ ခေါ်တော့တာလည်းရှိပါတယ်။ ဒါပေမဲ့ သိထားရမှာက အရန်အင်အားအဖြစ် တခြားအဆင့် အသက် (၄၀)အထိ အရာရှိ အသက်(၅၀) အထိ လိုအပ်ပါက ဆင့် ခေါ်ခံရရန် အကျုံးဝင်ဆဲဖြစ်ပါတယ်။

ORNS များဟာ မည်သည့်အသက်မွေးဝမ်း ကြောင်းလုပ်ငန်းကို ဝင်ရောက်သည်ဖြစ်စေ National Service Portal မှာ မိမိဝင်ရောက်လုပ်ကိုင်နေသော အဖွဲ့အစည်း ဝန်ထမ်းရေးရာဌာန  HR နဲ့ အထက်လူ ကြီး Reporting Manager ရဲ့ E-mail address ကို အခါအားလျော်စွာ အပြောင်းအလဲရှိတိုင်း Update လုပ်ရပါတယ်။ ORNS တွေကို Reservist  ဆင့်ခေါ်မယ်ဆိုရင် သက်ဆိုင်ရာ တပ်အဖွဲ့အစည်းတပ်မှူး commander  အကြီးအကဲက (၆-၄) လကြို အကြောင်းကြားဆင့်ခေါ်စာ (Reservist Notice) ပို့ ထားပါတယ်။ ဘယ်ရက်ကနေ ဘယ်ရက်အထိဆို တာ အတိအကျ ဖော်ပြပါတယ်။ Company အဖွဲ့အ စည်းအနေနဲ့ အရန်စစ်မှုထမ်းလွှတ်ရန် ဝန်ထမ်းအင်အား ကြိုတင်ပြင်ဆင်ချိန်ရပါတယ်။ ORNs အနေနဲ့ Reservist ကာလကို လက်ရှိရနေဆဲ လစာပြည့်ခွင့်နဲ့ သွားရတာဖြစ်ပြီး အဆိုပါ ခေါ်ဆိုခံရသူတဦးချင်းစီရဲ့ လက်ရှိရောက်နေတဲ့ရာထူးနဲ့ လစာအတိုင်း တပ်မ တော်က သူ့အဖွဲ့အစည်း Company ကို ပြန်လည် ပေးဆောင်ရတာ ဖြစ်ပါတယ်။

ပြစ်ဒဏ် - 

ပြည်သူ့စစ်မှုထမ်းဥပဒေကို ရှောင်လွှဲခြင်း၊ တားဆီးကန့်သတ်ခြင်း၊ မထီလေးစားပြုသူ မည်သူ တစ်ဦး တစ်ယောက်ဖြစ်စေ၊ စစ်မှုထမ်း အကျုံးဝင်သူဖြစ်စေ၊ စစ်မှုထမ်းဆဲဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ စင်ကာပူနိုင်ငံ တပ်မတော် စစ်မှုထမ်း ဥပဒေ နှင့် ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေများအရ ထောင်ဒဏ် ငွေဒဏ်များကို ကျခံရမှာ ဖြစ်ပါတယ်။



Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဒိုက်ဦးမြို့နယ်မှ (၃)နှစ်အရွယ်ကလေးငယ်ပျောက်ဆုံးနေမှု ယနေ့ထိရှာမတွေ့သေး

RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved