Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဗန်ကူးဗားအိန္ဒိယသံရုံးကို ဆစ်ခ်ဘာသာဝင်များ ဝိုင်းဝန်းဆန္ဒပြပြီးနောက် ကနေဒါသံအမတ်ကြီးကို နယူးဒေလီ ဆင့်ခေါ်

Htay Oung (NP News) - မတ် ၂၇

အိန္ဒိယနိုင်ငံရဲ့သံတမန်ရေးရာမစ်ရှင်နဲ့ ကောင်စစ်ဝန်ရုံးများရဲ့ လုံခြုံရေးအပေါ် စိုးရိမ်စရာဖြစ်ရတဲ့အထိ ဆစ်ခ် ဘာသာဝင်များ ဆန္ဒပြနိုင်ခြင်းအပေါ် အပြင်းအထန်စိုးရိမ်မိကြောင်း ပြောကြားဖို့အတွက် တနင်္ဂနွေမှာ နယူးဒေလီ က ကနေဒါသံအမတ်ကြီးကို ဆင့်ခေါ်လိုက်တယ်လို့  Ruters က ယမန်နေ့ ရေးသားပါတယ်။

မတ်လ ၂၅ ရက်၊ စနေနေ့ ဗန်ကူးဗားမြို့ရှိ အိန္ဒိယကောင်စစ်ဝန်ရုံးရှေ့မှာ လွတ်လပ်တဲ့ ဆစ်ခ်ပြည်နယ်ရရှိရေး ဆန္ဒပြသူတွေဟာ လူအင်အား ရာချီစုရုံးခဲ့ကြကြောင်း၊ ဆယ်စုနှစ်များစွာကြာ တအုံနွေးနွေးဖြစ်နေခဲ့တဲ့ကိစ္စဟာ ယခုတစ်ဖန် အသစ်ဖြစ်လာတယ်လို့ ကနေဒါ မီဒီယာတွေရဲ့ဖော်ပြချက်အရ သိရှိရပါတယ်။

ကနေဒါနိုင်ငံဟာ အိန္ဒိယနိုင်ငံရှိ ပန်ဂျပ်ပြည်နယ် ပြင်ပမှာ ဆစ်ခ်ဘာသာဝင်ဦးရေ အများဆုံးနေထိုင်ရာဖြစ်ပါ တယ်။

သံတမန်တွေ ဘေးအန္တရာယ်ကင်းရှင်းရေး၊ သံတမန်ရေးရာဌာနတွေရဲ့ လုံခြုံမှုနဲ့ သူတို့ရဲ့သံတမန်ရေးဆိုင်ရာ လုပ်ငန်းဆောင်တာတွေကို ပုံမှန်ဖြည့်ဆည်းပေးနိုင်ဖို့ ကနေဒါအစိုးရအနေနဲ့ လိုအပ်တဲ့အဆင့်အားလုံးကို လုပ် ဆောင်ပေးလိမ့်မယ်လို့ မျှော်လင့်ပါကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်မှာ  ဖော်ပြ ထားသည်။ 

လွတ်လပ်တဲ့ ဆစ်ခ်ဇာတိမြေအကြောင်း ပြန်လည်ဖော်ထုတ်ခြင်းဖြင့် ၁၉၈ဝ ခုနှစ်များနှင့် ၁၉၉ဝ ခုနှစ်များ စောစောပိုင်းတုန်းကလို လူထောင်ပေါင်းများစွာတို့ အသတ်ခံရတဲ့အကြမ်းဖက်မှုများပြန်ဖြစ်လာမှာကို စိုးရိမ်နေကြ ရတဲ့ ဆစ်ခ်တရားဟောဆရာ အမ်မရစ်ပယ်_ဆင်းကို အိန္ဒိယရဲများက မတ်လ ၂၁ ရက်နေ့မှာ မြေလှန်ရှာဖွေပြီး နောက် ယခုကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

ဆင်းနဲ့ ဆင်းအပေါ် ထောက်ခံသူများကို လူသတ်မှုကျူးလွန်ဖို့ ကြိုးပမ်းမှု၊ တရားဥပဒေစိုးမိုးရေးကို နှောင့်ယှက်မှုနဲ့ အများပြည်သူသဘောထားကွဲလွဲမှုများကို ဖန်တီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က စွပ်စွဲထားပါတယ်။  ဆင်းဟာ မော်တော် ယာဉ်တန်းကို ပိတ်ဆို့ဖမ်းဆီးဖို့ ကြိုးပမ်းစဉ် လွန်ခဲ့တဲ့သီတင်းပတ်ကတည်းက ထွက်ပြေးလွတ်မြောက်သွားပြီး အိန္ဒိယနိုင်ငံရဲ့ အလိုရှိဆုံး တရားခံပြေးတစ်ဦး ဖြစ်နေပါတယ်။

အသက် ၃ဝ အရွယ် အမ်မရစ်ပယ်ဆင်းဟာ ခါလစ်စတန်နိုင်ငံ ခွဲထွက်ရေး အစွန်းရောက်တစ်ဦးဖြစ်ပြီး၊ အဖွဲ့အ စည်းခေါင်းဆောင် စတိုင်ကျကျဝတ်စားတတ်တဲ့ တရားဟောဆရာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်မှာ မွေးဖွားခဲ့ပြီး ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ ဆယ်စုနှစ်တစ်ခုကြာ နေထိုင်ခဲ့ပါတယ်။ ရုပ်ရှင်သရုပ်ဆောင် နဲ့ ဆစ်ခ် တက်ကြွလှုပ်ရှားသူ ဒိပ်ဆစ်ဒူး မတော်တဆမှုနဲ့ ကွယ်လွန်ပြီးနောက် အဖွဲ့အစည်းကို တာဝန်ယူဖို့ ၂ဝ၂၂ ခုနှစ်မှာ အိန္ဒိယကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

ပန်ချာပီလူငယ်များ မူးယစ်ဆေးဝါးကင်းစင်ရေး၊ ဖြူစင်တဲ့ ဆစ်ခ်ဘာသာရေးပုံစံ ခံယူရေးကို အားပေးပြီး ဘာသာဝင်များအတွက် ခါလစ်စတန်နိုင်ငံလိုအပ်ကြောင်း ၆ လကြာမျှ လှည့်လည် စည်းရုံးဟောပြောခဲ့ပါတယ်။ “အာ နမ်ပူရ်_ခါဆာ_ဖာ့ဂ်ျ“ ခေါ် ပြည့်သူ့စစ်တပ်ကို ဖွဲ့စည်းပြီး ကျည်ကာအင်္ကျီဝတ် လက်နက်ကိုင် နောက်လိုက် များ နဲ့ လှည့်လည်သွားလာလေ့ရှိပါတယ်။   

မကြာသေးမီက အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်အတွင်း  ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်တို့ကို ရှုတ်ချတဲ့အနေနဲ့  "ခါလစ်စ တန်" တံခွန်ကိုင်ဆန္ဒပြသူများဟာ လန်ဒန်မြို့အိန္ဒိယသံရုံးမှ သုံးရောင်ခြယ်လံကိုဖြုတ်ချပြီး အဆောက်အအုံကို ဝင်ရောက်စီးနင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒီအတွက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတစ် ဖွင့်လှစ်ခဲ့ပြီး ရှင်းလင်း ချက် ပေးဖို့ မတ်လ ၂၆ ရက်၊ တနင်္ဂနွေနေ့မှာ နယူးဒေလီအခြေစိုက် ဗြိတိန်သံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ပါတယ်။

“ခါလစ်စတန်” ဟာ အိန္ဒိယပြည်တွင်းနေများသာမက ပြည်ပရောက် ဆစ်ခ်အချိ့လိုလားတဲ့ လွတ်လပ်သော ဆစ်ခ် မွေးရပ်မြေ အမည်ဖြစ်ပါတယ်။ အလားတူ ဆစ်ခ်တို့ရဲ့ကန့်ကွက်ဆန္ဒပြမှုများဟာ လော့စ်အိန်ဂျယ်လိစ်၊ နယူးယောက် အပါအဝင် အမေရိကန်မြို့ကြီးအချို့မှာ ဖြစ်ပွားခဲ့ပေမယ့် ငြိမ်းချမ်းစွာ ပြီးဆုံးခဲ့ပါတယ်။

၁၉၈၄ ခုနှစ် အိန္ဒိယနိုင်ငံမှာ အင်ဒီရာဂန္ဓီရဲ့ဝန်ကြီးချုပ် ဒုတိယသက်တမ်းအတွင်း ပန်ဂျပ်ပြည်နယ် “အမ်မရစ် ဆာ_ရွှေကျောင်းတော်အရေးအခင်း” ဖြစ်ပွားခဲ့ဖူးပါတယ်။ ကျောင်းတော်အတွင်း ခိုအောင်နေတဲ့ ဆစ်ခ်ဘာသာ ရေးဆရာ ဂျာနေးလ်_ဆင်း_ဗဟင်ဒြာဝါလီနဲ့ သူ့ရဲ့နောက်လိုက်များကို ရက်သတ္တတစ်ပတ်တွင်း ဖယ်ရှားပေးဖို့ အမိန့်ပေးပြီး “အော့ပရေးရှင်း_ဘလူးစတား” စစ်ဆင်ရေးနဲ့ ဖြိုခွင်းခဲ့ပါတယ်။ အထွတ်အမြတ်ထားရာ “အက် ကယ်လ်_တာ့ဂ်ျ ဗိမာန်တော်” ပျက်စီးပြီး ရာနဲ့ချီတဲ့ ဆစ်ခ်ဘာသာဝင် ဘုရားဖူးအများအပြား သေဆုံးဒဏ်ရာ ရရှိခဲ့ ခြင်းကြောင့် ပြည်တွင်းပြည်ပမှာ ဝေဖန်စရာ ဖြစ်သွားပါတယ်။ 

နောက်ဆက်တွဲအဖြစ် အိန္ဒိယနိုင်ငံမှာ နေရူးပြီးလျှင် ဒုတိယမြောက်သက်တမ်းအရှည်ဆုံး ၁၅ နှစ်ကျော်ကြာ ဝန်ကြီးချုပ်ဖြစ်ခဲ့သူ အင်ဒီရာဂန္ဓီလည်း သူ့ရဲ့ကိုယ်ရံတော်တို့ရဲ့လုပ်ကြံခံရပြီး သေဆုံးခဲ့ရပါတယ်။ အင်ဒီရာဂန္ဓီကို သတ်ဖြတ်သူတို့ဟာ ရွှေကျောင်းတော်ဖြစ်ရပ်များအတွက် လက်စားချေဖို့ ကြိုးပမ်းနေသူ ဆစ်ခ်အမျိုးသားရေးဝါဒီ များ ဖြစ်ပါတယ်။

#ဗန်ကူးဗားအိန္ဒိယသံရုံး #ကနေဒါသံအမတ်ကြီးကိုဆင့်ခေါ် #လန်ဒန်အိန္ဒိယသံရုံး #အင်ဒီရာဂန္ဓီလုပ်ကြံခံရမှု #ခါလစ်စတန်နိုင်ငံသီးခြားခွဲထွက်ရေး #ဗြိတိသျှသံအမတ်ကြီးကိုဆင့်ခေါ် #အမ်မရစ်ပယ်_ဆင်း #ပန်ဂျပ်ပြည်နယ်_အမ်မရစ်ဆာ_ရွှေကျောင်းတော်

(Reuters., 26 March 2023, “India summons Canada High Commissioner, concerned over Sikh protesters” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version; 

ဗန္ကူးဗားအိႏၵိယသံ႐ုံးကို ဆစ္ခ္ဘာသာဝင္မ်ား ဝိုင္းဝန္းဆႏၵျပၿပီးေနာက္ ကေနဒါသံအမတ္ႀကီးကို နယူးေဒလီ ဆင့္ေခၚ

Htay Oung (NP News) - မတ္ ၂၇

အိႏၵိယႏိုင္ငံရဲ႕သံတမန္ေရးရာမစ္ရွင္နဲ႔ ေကာင္စစ္ဝန္႐ုံးမ်ားရဲ႕ လုံၿခဳံေရးအေပၚ စိုးရိမ္စရာျဖစ္ရတဲ့အထိ ဆစ္ခ္ ဘာသာဝင္မ်ား ဆႏၵျပႏိုင္ျခင္းအေပၚ အျပင္းအထန္စိုးရိမ္မိေၾကာင္း ေျပာၾကားဖို႔အတြက္ တနဂၤေႏြမွာ နယူးေဒလီ က ကေနဒါသံအမတ္ႀကီးကို ဆင့္ေခၚလိုက္တယ္လို႔  Ruters က ယမန္ေန႔ ေရးသားပါတယ္။

မတ္လ ၂၅ ရက္၊ စေနေန႔ ဗန္ကူးဗားၿမိဳ႕ရွိ အိႏၵိယေကာင္စစ္ဝန္႐ုံးေရွ႕မွာ လြတ္လပ္တဲ့ ဆစ္ခ္ျပည္နယ္ရရွိေရး ဆႏၵျပသူေတြဟာ လူအင္အား ရာခ်ီစု႐ုံးခဲ့ၾကေၾကာင္း၊ ဆယ္စုႏွစ္မ်ားစြာၾကာ တအုံေႏြးေႏြးျဖစ္ေနခဲ့တဲ့ကိစၥဟာ ယခုတစ္ဖန္ အသစ္ျဖစ္လာတယ္လို႔ ကေနဒါ မီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ သိရွိရပါတယ္။

ကေနဒါႏိုင္ငံဟာ အိႏၵိယႏိုင္ငံရွိ ပန္ဂ်ပ္ျပည္နယ္ ျပင္ပမွာ ဆစ္ခ္ဘာသာဝင္ဦးေရ အမ်ားဆုံးေနထိုင္ရာျဖစ္ပါ တယ္။

သံတမန္ေတြ ေဘးအႏၲရာယ္ကင္းရွင္းေရး၊ သံတမန္ေရးရာဌာနေတြရဲ႕ လုံၿခဳံမႈနဲ႔ သူတို႔ရဲ႕သံတမန္ေရးဆိုင္ရာ လုပ္ငန္းေဆာင္တာေတြကို ပုံမွန္ျဖည့္ဆည္းေပးႏိုင္ဖို႔ ကေနဒါအစိုးရအေနနဲ႔ လိုအပ္တဲ့အဆင့္အားလုံးကို လုပ္ ေဆာင္ေပးလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါေၾကာင္း အိႏၵိယျပည္ပေရးရာဝန္ႀကီးဌာနရဲ႕သတင္းထုတ္ျပန္ခ်က္မွာ  ေဖာ္ျပ ထားသည္။ 

လြတ္လပ္တဲ့ ဆစ္ခ္ဇာတိေျမအေၾကာင္း ျပန္လည္ေဖာ္ထုတ္ျခင္းျဖင့္ ၁၉၈ဝ ခုႏွစ္မ်ားႏွင့္ ၁၉၉ဝ ခုႏွစ္မ်ား ေစာေစာပိုင္းတုန္းကလို လူေထာင္ေပါင္းမ်ားစြာတို႔ အသတ္ခံရတဲ့အၾကမ္းဖက္မႈမ်ားျပန္ျဖစ္လာမွာကို စိုးရိမ္ေနၾက ရတဲ့ ဆစ္ခ္တရားေဟာဆရာ အမ္မရစ္ပယ္_ဆင္းကို အိႏၵိယရဲမ်ားက မတ္လ ၂၁ ရက္ေန႔မွာ ေျမလွန္ရွာေဖြၿပီး ေနာက္ ယခုေၾကညာခ်က္ထြက္ေပၚလာျခင္းျဖစ္ပါတယ္။

ဆင္းနဲ႔ ဆင္းအေပၚ ေထာက္ခံသူမ်ားကို လူသတ္မႈက်ဴးလြန္ဖို႔ ႀကိဳးပမ္းမႈ၊ တရားဥပေဒစိုးမိုးေရးကို ေႏွာင့္ယွက္မႈနဲ႔ အမ်ားျပည္သူသေဘာထားကြဲလြဲမႈမ်ားကို ဖန္တီးခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က စြပ္စြဲထားပါတယ္။  ဆင္းဟာ ေမာ္ေတာ္ ယာဥ္တန္းကို ပိတ္ဆို႔ဖမ္းဆီးဖို႔ ႀကိဳးပမ္းစဥ္ လြန္ခဲ့တဲ့သီတင္းပတ္ကတည္းက ထြက္ေျပးလြတ္ေျမာက္သြားၿပီး အိႏၵိယႏိုင္ငံရဲ႕ အလိုရွိဆုံး တရားခံေျပးတစ္ဦး ျဖစ္ေနပါတယ္။

အသက္ ၃ဝ အ႐ြယ္ အမ္မရစ္ပယ္ဆင္းဟာ ခါလစ္စတန္ႏိုင္ငံ ခြဲထြက္ေရး အစြန္းေရာက္တစ္ဦးျဖစ္ၿပီး၊ အဖြဲ႕အ စည္းေခါင္းေဆာင္ စတိုင္က်က်ဝတ္စားတတ္တဲ့ တရားေဟာဆရာျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံ ပန္ဂ်ပ္ျပည္နယ္မွာ ေမြးဖြားခဲ့ၿပီး ယူေအအီးႏိုင္ငံ ဒူဘိုင္းၿမိဳ႕မွာ ဆယ္စုႏွစ္တစ္ခုၾကာ ေနထိုင္ခဲ့ပါတယ္။ ႐ုပ္ရွင္သ႐ုပ္ေဆာင္ နဲ႔ ဆစ္ခ္ တက္ႂကြလႈပ္ရွားသူ ဒိပ္ဆစ္ဒူး မေတာ္တဆမႈနဲ႔ ကြယ္လြန္ၿပီးေနာက္ အဖြဲ႕အစည္းကို တာဝန္ယူဖို႔ ၂ဝ၂၂ ခုႏွစ္မွာ အိႏၵိယကို ျပန္လည္ေရာက္ရွိလာခဲ့ပါတယ္။

ပန္ခ်ာပီလူငယ္မ်ား မူးယစ္ေဆးဝါးကင္းစင္ေရး၊ ျဖဴစင္တဲ့ ဆစ္ခ္ဘာသာေရးပုံစံ ခံယူေရးကို အားေပးၿပီး ဘာသာဝင္မ်ားအတြက္ ခါလစ္စတန္ႏိုင္ငံလိုအပ္ေၾကာင္း ၆ လၾကာမွ် လွည့္လည္ စည္း႐ုံးေဟာေျပာခဲ့ပါတယ္။ “အာ နမ္ပူရ္_ခါဆာ_ဖာ့ဂ္်“ ေခၚ ျပည့္သူ႔စစ္တပ္ကို ဖြဲ႕စည္းၿပီး က်ည္ကာအက်ႌဝတ္ လက္နက္ကိုင္ ေနာက္လိုက္ မ်ား နဲ႔ လွည့္လည္သြားလာေလ့ရွိပါတယ္။   

မၾကာေသးမီက အိႏၵိယႏိုင္ငံ ပန္ဂ်ပ္ျပည္နယ္အတြင္း  ရဲတပ္ဖြဲ႕ရဲ႕ လုပ္ရပ္တို႔ကို ရႈတ္ခ်တဲ့အေနနဲ႔  "ခါလစ္စ တန္" တံခြန္ကိုင္ဆႏၵျပသူမ်ားဟာ လန္ဒန္ၿမိဳ႕အိႏၵိယသံ႐ုံးမွ သုံးေရာင္ျခယ္လံကိုျဖဳတ္ခ်ၿပီး အေဆာက္အအုံကို ဝင္ေရာက္စီးနင္းဖို႔ ႀကိဳးစားခဲ့ၾကပါတယ္။ ဒီအတြက္ ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးမႈတစ္ ဖြင့္လွစ္ခဲ့ၿပီး ရွင္းလင္း ခ်က္ ေပးဖို႔ မတ္လ ၂၆ ရက္၊ တနဂၤေႏြေန႔မွာ နယူးေဒလီအေျခစိုက္ ၿဗိတိန္သံအမတ္ႀကီးကို ဆင့္ေခၚခဲ့ပါတယ္။

“ခါလစ္စတန္” ဟာ အိႏၵိယျပည္တြင္းေနမ်ားသာမက ျပည္ပေရာက္ ဆစ္ခ္အခ်ိ႕လိုလားတဲ့ လြတ္လပ္ေသာ ဆစ္ခ္ ေမြးရပ္ေျမ အမည္ျဖစ္ပါတယ္။ အလားတူ ဆစ္ခ္တို႔ရဲ႕ကန္႔ကြက္ဆႏၵျပမႈမ်ားဟာ ေလာ့စ္အိန္ဂ်ယ္လိစ္၊ နယူးေယာက္ အပါအဝင္ အေမရိကန္ၿမိဳ႕ႀကီးအခ်ိဳ႕မွာ ျဖစ္ပြားခဲ့ေပမယ့္ ၿငိမ္းခ်မ္းစြာ ၿပီးဆုံးခဲ့ပါတယ္။

၁၉၈၄ ခုႏွစ္ အိႏၵိယႏိုင္ငံမွာ အင္ဒီရာဂႏၶီရဲ႕ဝန္ႀကီးခ်ဳပ္ ဒုတိယသက္တမ္းအတြင္း ပန္ဂ်ပ္ျပည္နယ္ “အမ္မရစ္ ဆာ_ေ႐ႊေက်ာင္းေတာ္အေရးအခင္း” ျဖစ္ပြားခဲ့ဖူးပါတယ္။ ေက်ာင္းေတာ္အတြင္း ခိုေအာင္ေနတဲ့ ဆစ္ခ္ဘာသာ ေရးဆရာ ဂ်ာေနးလ္_ဆင္း_ဗဟင္ျဒာဝါလီနဲ႔ သူ႔ရဲ႕ေနာက္လိုက္မ်ားကို ရက္သတၱတစ္ပတ္တြင္း ဖယ္ရွားေပးဖို႔ အမိန္႔ေပးၿပီး “ေအာ့ပေရးရွင္း_ဘလူးစတား” စစ္ဆင္ေရးနဲ႔ ၿဖိဳခြင္းခဲ့ပါတယ္။ အထြတ္အျမတ္ထားရာ “အက္ ကယ္လ္_တာ့ဂ္် ဗိမာန္ေတာ္” ပ်က္စီးၿပီး ရာနဲ႔ခ်ီတဲ့ ဆစ္ခ္ဘာသာဝင္ ဘုရားဖူးအမ်ားအျပား ေသဆုံးဒဏ္ရာ ရရွိခဲ့ ျခင္းေၾကာင့္ ျပည္တြင္းျပည္ပမွာ ေဝဖန္စရာ ျဖစ္သြားပါတယ္။ 

ေနာက္ဆက္တြဲအျဖစ္ အိႏၵိယႏိုင္ငံမွာ ေန႐ူးၿပီးလွ်င္ ဒုတိယေျမာက္သက္တမ္းအရွည္ဆုံး ၁၅ ႏွစ္ေက်ာ္ၾကာ ဝန္ႀကီးခ်ဳပ္ျဖစ္ခဲ့သူ အင္ဒီရာဂႏၶီလည္း သူ႔ရဲ႕ကိုယ္ရံေတာ္တို႔ရဲ႕လုပ္ႀကံခံရၿပီး ေသဆုံးခဲ့ရပါတယ္။ အင္ဒီရာဂႏၶီကို သတ္ျဖတ္သူတို႔ဟာ ေ႐ႊေက်ာင္းေတာ္ျဖစ္ရပ္မ်ားအတြက္ လက္စားေခ်ဖို႔ ႀကိဳးပမ္းေနသူ ဆစ္ခ္အမ်ိဳးသားေရးဝါဒီ မ်ား ျဖစ္ပါတယ္။

#ဗန္ကူးဗားအိႏၵိယသံ႐ုံး #ကေနဒါသံအမတ္ႀကီးကိုဆင့္ေခၚ #လန္ဒန္အိႏၵိယသံ႐ုံး #အင္ဒီရာဂႏၶီလုပ္ႀကံခံရမႈ #ခါလစ္စတန္ႏိုင္ငံသီးျခားခြဲထြက္ေရး #ၿဗိတိသွ်သံအမတ္ႀကီးကိုဆင့္ေခၚ #အမ္မရစ္ပယ္_ဆင္း #ပန္ဂ်ပ္ျပည္နယ္_အမ္မရစ္ဆာ_ေ႐ႊေက်ာင္းေတာ္

(Reuters., 26 March 2023, “India summons Canada High Commissioner, concerned over Sikh protesters” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကျောက်တော်မြို့နယ်တွင် ခရီးသည်တင်ယာဉ်နှင့်အိမ်ယာဥ်တို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ယာဥ်မောင်းတစ်ဦးသေဆုံး

RELATED POSTS
RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved