Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်လက်နက်ကုမ္ပဏီတွေ အကျိုးစီးပွားအတွက် ကမ္ဘာကြီးမတည်ငြိမ်အောင် အမေရိကန်အစိုးရ ဖန်တီးနေသလား (ဆောင်းပါး)

ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၂၆

ကမ္ဘာတစ်ဝန်းရှိပြည်သူတွေဟာ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးရရှိစေဖို့ တောင်းဆိုနေပေမယ့် လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်းမှာ စစ်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ စစ်ပွဲတွေဖြစ်ပွားလာတာနဲ့ တစ်ပြိုင်တည်း ပြိုင်ဘက်အုပ်စုတွေကို အနိုင်ရယူဖို့ ခေတ်မီလက်နက်တွေပိုင်ဆိုင်နိုင်အောင် အပြိုင်အဆိုင် ကြိုးပမ်းလာခဲ့ရာ ခေတ်မီလက်နက်တွေ ထုတ်လုပ် နိုင်တဲ့ လက်နက်ကုမ္ပဏီတွေဟာ အကျိုးအမြတ်များ စွာဖြစ်ထွန်းနေခဲ့ပါတယ်။ အထူးသဖြင့် အမေရိကန် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီတွေဟာ အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီပြီး အမြတ်စွန်းများ စွာရရှိခဲ့တယ်လို့ စစ်လက်နက်ပစ္စည်းရောင်းချရေး စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံ ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို လိုလားတောင်းဆိုနေပေမယ့် လက်တွေ့မှာတော့ စစ်လိုလားတဲ့ စရိုက်အတိုင်း နိုင်ငံတကာစည်းကမ်း၊ ဥပဒေတွေရှိနေပေမယ့် အကြောင်းအမျိုးမျိုးပြကာ တခြားနိုင်ငံတွေကို ဝင်ရောက် တိုက်ခိုက်တာမျိုးတွေ ရှိနေခဲ့တယ်ဆိုတာ သမိုင်းမှတ် တမ်းတွေက သက်သေအဖြစ်ရှိနေပါတယ်။ တရုတ် နိုင်ငံအခြေစိုက် ဂလိုဘယ်တိုင်းမ်သတင်းဌာနရဲ့ ဖော် ပြချက်တွေအရ ၁၉၄၅ ခုနှစ်နောက်ပိုင်းကတည်းက ကမ္ဘာတစ်ဝန်းမှာဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခ အားလုံးရဲ့ (၈၀)ရာခိုင်နှုန်းဟာ အမေရိကန်နိုင်ငံနဲ့ ဆက်နွှယ်ခဲ့ တယ်လို့ဖော်ပြထားပြီး အမေရိကန်နိုင်ငံ တည်ထောင်ပြီး နှစ်ပေါင်း ၂၄၀ ကျော်အတွင်းမှာ စစ်ပွဲနဲ့မဆက်နွှယ်တဲ့ နှစ်ပေါင်း (၁၆)နှစ်သာရှိခဲ့ တယ်လို့ ဆိုပါတယ်။ 

ကမ္ဘာတစ်ဝန်းမှာ စစ်ပွဲတွေဖြစ်ပွားလာချိန်မှာ အမေရိကန်ရဲ့စစ်လက်နက်ပစ္စည်းရောင်းချရေး ကုမ္ပဏီတွေရဲ့ တိုက်လေယာဉ်တွေအပါအဝင် ခေတ်မီလက်နက်တွေထုတ်လုပ်မှုတွေလည်း ယခင် ထက် တိုးမြင့်လာခဲ့ပြီး အမြတ်စွန်းများစွာ ရရှိခဲ့ပါတယ်။ အမေရိကန်ရဲ့နာမည်ကျော် စစ်လက်နက်ပစ္စည်းထုတ် လုပ်ရေးကုမ္ပဏီတွေဖြစ်တဲ့ လော့ဟီမာတင် ကုမ္ပဏီ အပြင်  General Dynamics ကုမ္ပဏီ နဲ့  Northrop Grumman ကုမ္ပဏီတို့ဟာ လာမယ့် (၁၂)လအတွင်း လက်နက်ရောင်းချရမှု (၅) ရာခိုင်နှုန်းကနေ (၇) ရာ ခိုင်နှုန်းအထိ တိုးမြင့်လာဖွယ်ရှိတယ်လို့ ခန့်မှန်းသုံးသပ်မှုတွေရှိလာခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားတဲ့စစ်ပွဲအပြင် ၂၀၂၃ ခုနှစ်အောက်တိုဘာလမှာ စတင်ခဲ့တဲ့ အစ္စရေးနဲ့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့တို့ရဲ့စစ်ပွဲ၊ အရှေ့အလယ် ပိုင်းဒေအတွင်း တင်းမာမှုအခြေအနေတွေကြောင့် အမေရိကန်လက်နက်ကုမ္ပဏီတွေဟာ လက်နက်ရောင်း ချရဖို့ အမှာစာများစွာရရှိထားတယ်လို့ ဆိုပါတယ်။ အမေရိကန်အခြေစိုက် Defence News သတင်း ဌာနရဲ့ဖော်ပြချက်တွေဟာ ၂၀၂၃ ခုနှစ်အတွက် စစ် လက်နက်ပစ္စည်းရောင်းချရမှုကနေ အများဆုံး ဝင်ငွေ ရရှိခဲ့တဲ့ လက်နက်ကုမ္ပဏီ ၅ ခုထဲမှာ အမေရိကန်အ ခြေစိုက် ကုမ္ပဏီလေးခုနဲ့ တရုတ်ကုမ္ပဏီတို့ ပါဝင်နေ ပါတယ်။ အမေရိကန်အခြေစိုက် လက်နက်ကုမ္ပဏီ ဖြစ်တဲ့ လောဟီမာတင်ဟာ အမေရိကန်ဒေါ်လာ ၆၃၃၃၄ သန်း ရောင်းချနိုင်ခဲ့သလို အမေရိ ကန်အခြေစိုက် RTX ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၃၉၆၀ဝ သန်း၊ အမေရိကန်အခြေစိုက် Northrop Grumman ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၃၂၄၃၅ သန်းရောင်း ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် တရုတ်စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Aviation Industry Corporation of China ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၃၀၉၇၁ သန်း၊ အမေရိကန်လက် နက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ ဘိုရင်းကုမ္ပဏီက အမေရိ ကန်ဒေါ်လာ ၃၀၈၄၃ သန်း ရောင်းချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ အမေရိကန်အခြေစိုက် Defence News သတင်းဌာနရဲ့အဆိုအရ ၂၀၂၃ ခုနှစ်အတွက်ထုတ်ပြန်တဲ့ စစ်လက်နက်ပစ္စည်းအများ ဆုံးရောင်းချရတဲ့ ကုမ္ပဏီ ၁၀ ခု စာရင်းထဲမှာ အမေရိကန်အခြေစိုက် လက်နက်ကုမ္ပဏီ ၆ ခု၊ တရုတ် အခြေစိုက်ကုမ္ပဏီ ၃ ခုနဲ့ ဗြိတိန်အခြေစိုက် ကုမ္ပဏီ တစ်ခု ပါဝင်နေခဲ့ပါ တယ်။ လက်နက်ကုမ္ပဏီတွေ အကျိုးအမြတ်များစွာရရှိ နေခဲ့တာဟာ ကမ္ဘာတစ်ဝန်းမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေ ကြောင့်ဖြစ်နေပြီး ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား စစ်ပွဲ ဖြစ်လာခဲ့ပြီးနောက်ပိုင်း စစ်လက်နက်ပစ္စည်းရောင်းချရမှု အရှိန်မြင့်တက်လာခဲ့တယ်လို့ဆိုပါတယ်။ အမေရိ ကန်အစိုးရဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်း တွေကူညီပေးနိုင်ဖို့ အမေရိကန်အခြေစိုက်လက်နက် ထုတ်လုပ်ရေးကုမ္ပဏီတွေထံကဝယ်ယူခဲ့သလို ဥရောပသမဂ္ဂနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကလည်း အမေရိကန်အခြေစိုက်စစ်လက်နက်ပစ္စည်းကုမ္ပဏီ တွေထံကနေ ဝယ်ယူခဲ့ပါတယ်။ အမေရိကန်လက်နက် ကုမ္ပဏီတွေ အကျိုးအမြတ် များစွာရရှိနေခြင်းဟာ အမေရိကန်နိုင်ငံအတွက်လည်း အကျိုးအမြတ်များ စွာရရှိနေပြီး စစ်လက်နက်ပစ္စည်း ရောင်းချရတဲ့ငွေ ကြေးတွေနဲ့ပတ်သက်ရင် ဝင်ငွေခွန်တွေကို အစိုးရထံ ပြန်လည်ပေးဆောင်ရတာမျိုးတွေ ရှိနေပါတယ်။ 

အမေရိကန်စစ်ဗိုလ်ချုပ်ကြီးဟောင်းတွေဟာ လည်း အမေရိကန်လက်နက်ကုမ္ပဏီတွေထံမှာ အကြံပေးအဖြစ်တာဝန်ယူတာ၊ ဒါရိုက်တာအဖွဲ့ဝင် အဖြစ် ပါဝင်ဆောင်ရွက်နေတာမျိုးတွေရှိနေပါတယ်။ ကမ္ဘာတစ်ဝန်းမှာ စစ်လက်နက်ပစ္စည်းတွေကို အပြိုင် အဆိုင် စမ်းသပ်ထုတ်လုပ်နေခြင်းတွေ အရှိန်မြင့် တက်လာချိန်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် မေးခွန်း ထုတ်စရာ ဖြစ်လာနေပါတယ်။ လက်နက်ကုမ္ပဏီတွေ ဟာ သူတို့ထုတ်လုပ်ထားတဲ့ စစ်လက်နက်ပစ္စည်း တွေရဲ့ စွမ်းဆောင်ရည်တွေကို ကြော်ငြာနိုင်ဖို့နဲ့ ရောင်းချနိုင်ဖို့ လက်တွေ့စစ်ပွဲတွေမှာ စမ်းသပ်တာ တွေရှိလာခဲ့ပါတယ်။ အမေရိကန်လက်နက်ကုမ္ပဏီ တွေဟာ သူတို့ထုတ်လုပ်ထားတဲ့လက်နက်အသစ် အဆန်းတွေကို အာဖဂန်နစ္စတန်၊ အီရတ်စစ်ပွဲတွေ အပါအဝင် ကမ္ဘာတစ်ဝန်းမှာဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေမှာ လက်တွေ့အသုံးချစမ်းသပ်တာတွေရှိလာခဲ့ပါတယ်။ စစ်ပွဲတွေဟာ ကမ္ဘာကျော်လက်နက်ကုမ္ပဏီကြီးတွေရဲ့ လက်နက်စမ်းသပ်ရာ ကွင်းတစ်ခုဖြစ်နေသလားဆိုပြီး မေးခွန်းထုတ်တာမျိုးတွေလည်းရှိလာခဲ့ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့ ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲမှာ အစ္စရေးစစ်တပ်ဟာ သူတို့လက်နက်ကုမ္ပဏီတွေက တီထွင်ဖန်တီးထားတဲ့ ခေတ်မီလက်နက်ဆန်းတွေကိုအသုံးပြုလာခဲ့ရာ ကမ္ဘာ့နိုင်ငံတွေကြား လူကြိုက်များလာခဲ့ကာ ဝယ်ယူဖို့ စိတ်ဝင်စားမှုမြင့်တက်လာနေပါတယ်။

လက်နက်ကုမ္ပဏီတွေ အကျိုးစီးပွားများစွာဖြစ် ထွန်းနေတဲ့ကာလပတ်လုံး ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေး ရဖို့ အလားအလာနည်းနေပါတယ်။ ကုလသမဂ္ဂအဖွဲ့ ရဲ့စည်းကမ်းတွေထဲမှာလည်း နိုင်ငံတစ်နိုင်ငံရဲ့ ပြည် တွင်းရေးကို ကြားဝင်စွက်ဖက်တာမျိုးမလုပ်ဖို့ သတ် မှတ်ထားပေမယ့် အမေရိကန်နဲ့ အနောက်အုပ်စု နိုင်ငံတွေဟာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးချိုး ဖောက်မှုတွေ ရှိတယ်ဆိုတဲ့အကြောင်းပြချက်တွေနဲ့ နိုင်ငံတွေရဲ့ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်ခြင်း၊ ဆန့်ကျင်ဘက်အုပ်စုတွေကို ပံ့ပိုးကူညီခြင်း၊ အားပေး အားမြှောက်ပြုလုပ်ခြင်းတွေကြောင့် ထိပ်တိုက်တွေ့ ဆုံမှုတွေ၊ ပဋိပက္ခဖြစ်ပွားမှုအရှိန် မြင့်တက်လာကာ စစ်ပွဲတွေအထိ ဦးတည်လာစေခဲ့ပါတယ်။ အနီးစပ်ဆုံး ဥပမာပြရမယ်ဆိုရင် ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား ဖြစ်ပွားခဲ့တဲ့စစ်ပွဲဟာ အမေရိကန်ရဲ့သွေးထိုးမြှောက် ပင့်ပေးမှုတွေကြောင့် ဖြစ်ပွားလာခဲ့တယ်လို့ ကမ္ဘာ့နိုင် ငံရေးသုတေသီတွေက သုံးသပ်ပြောဆိုထားပါတယ်။ ရုရှားဘက်က သတိပေးတားဆီးနေတဲ့ကြားကနေ အမေရိကန်ဟာ ယူကရိန်းကို နေတိုးအုပ်စုထဲ ဝင် ရာက်ခွင့်ပေးမယ်ဆိုတဲ့ မက်လုံးမျိုးပေးကာ ရုရှားနဲ့ ထိပ်တိုက်တွေ့ဆုံလာအောင် ဖန်တီးခဲ့တယ်လို့ စွပ်စွဲ ချက်တွေလည်းရှိနေပါတယ်။ အမေရိကန်ရဲ့သွေးထိုး မြှောက်ပင့်ပေးမှုတွေကြောင့် ရုရှားနဲ့ ယူကရိန်းစစ်ပွဲ ဖြစ်လာချိန်မှာ ယူကရိန်းနဲ့ အနောက်အုပ်စုနိုင်ငံ တွေဟာ ခေတ်မီလက်နက်တွေကို ရယူနိုင်ဖို့ အမေရိ ကန် လက်နက်ကုမ္ပဏီတွေကို အားကိုးအားထားပြုလာ ခဲ့ရာ အမေရိကန်လက်နက်ကုမ္ပဏီတွေအတွက် အကျိုးစီးပွားများစွာဖြစ်လာစေခဲ့တယ်လို့ သုံးသပ် တင်ပြလိုက်ပါတယ်။   

                                              


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်တွင်း အခေါက်ရွှေဈေး နှင့် ဒေါ်လာဈေး စံချိန်တင်မြင့်တက်နေ

RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved