Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေဇုန် မိုးသစ်တောမှာ ဧရာမ အန်နာကွန်ဒါ မြွေမျိုးစိတ်သစ် ရှာဖွေတွေ့ရှိ

ရောင်နီ(NSS) - ဖေဖော်ဝါရီ ၂၆

           အမေဇုန်မိုးသစ်တောမှာ အလုပ်လုပ်နေတဲ့ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးလို့ ကောလာဟလတွေ ထွက်ပေါ်နေတဲ့ မြွေမျိုးစိတ်သစ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ 


           University of Queensland မှ အဖွဲ့တစ်ဖွဲ့ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးလို့ ကောလာဟလတွေ ထွက်ပေါ်နေတဲ့ အထောက်အထားမဲ့ မြောက်ပိုင်း အစိမ်းရောင် အန်နာကွန်ဒါ (Eunectes akayima) ကို ရှာဖွေဖို့ Ecuadorian Amazon ကို သွားရောက်ခဲ့ပြီး လေ့လာခဲ့ပါတယ်။ အဖွဲ့ဟာ မုဆိုးတွေနဲ့အတူ မြွေမျိုးစိတ်တွေကို ရှာဖွေဖို့ အမေဇုန်တောထဲက ဘာမီနို ဒေသကို ၁၀ ရက်ကြာ လေ့လာရေး ခရီးထွက်ခဲ့ကြပါတယ်။ အဆိုပါ ခရီးစဉ်ကို ဇီဝဗေဒပညာရှင် ပရော်ဖက်ဆာ ဘရိုင်ယန်ဖယိုင်မှ ဦးဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။ အန်နာကွန်ဒါတွေဟာ တောင်အမေရိကရဲ့ ပူနွေးတဲ့ နေရာတွေမှာ သို့မဟုတ် ရေစပ်စပ်အနားတွမှာ တွေ့ရှိရတဲ့ ဧရာမ အဆိပ်ရှိတဲ့ မြွေများဖြစ်ပါတယ်။ 

"ဒီမြောက်ပိုင်း အစိမ်းရောင် သတ္တဝါတွေရဲ့ အရွယ်အစားက မယုံနိုင်စရာပါပဲ၊ ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတဲ့ မြွေဟာ အရှည် ၆ ဒသမ ၃ မီတာ (၂၀ ဒသမ ၇ ပေ) ရှိပါတယ်"လို့ ဖယိုင်က ဆိုပါတယ်။ အဆိုပါ ဧရိယာအတွင်း အရှည် ၇ ဒသမ ၅ မီတာ (၂၄ ဒသမ ၆ ပေ) နဲ့ ၅၀၀ ကီလိုဂရမ် (ပေါင် ၁၁၀၀) ရှိတဲ့ မြွေတွေကိုလည်း မြင်တွေ့ခဲ့ရတယ်လို့ အဆိုပါ အဖွဲ့က ဆိုခဲ့ပါတယ်။ 

      အန်နာကွန်ဒါတွေဟာ ကမ္ဘာပေါ်မှာ အလေးဆုံးမြွေတွေဖြစ်ပြီး ဗြိတိန် သဘာဝသမိုင်းပြတိုက်မှာ မှတ်တမ်းတင်ထားဖူးတဲ့ အန်နာကွန်ဒါမြွေဟာဆိုရင် အလေးချိန် ၂၂၇ ကီလိုဂရမ် (ပေါင် ၅၀၀) ၊  အရှည် ၈ ဒသမ ၄၃ မီတာ (၂၇ ဒသမ ၇ ပေ) ၊ အကျယ် ၁ ဒသမ ၁၁ မီတာ (၃ ဒသမ ၆ ပေ) ထိ ရှိခဲ့ပါတယ်။ ဒါပေမဲ့ မြောက်ပိုင်းအစိမ်းရောင် အန်နာကွန်ဒါမျိုးစိတ်သစ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀ သန်းခန့်က တောင်ပိုင်းအစိမ်းရောင် အန်နာကွန်ဒါနဲ့ မျိုးရိုးဗီဇ ၅ ဒသမ ၅ ရာခိုင်နှုန်း ကွဲပြားကြောင်း တွေ့ရှိခဲ့ပြီးနောက် အဖွဲ့ဟာ အစိမ်းရောင် အန်နာကွန်ဒါ မျိုးရိုးဗီဇကို အခြားနမူနာများ ဂေဟစနစ်များရဲ့ ကျန်းမာရေးကို ညွှန်ပြတဲ့ မျိုးစိတ်တစ်ခုအဖြစ် သတ်မှတ်ပြီး စတင်လေ့လာခဲ့တာ ဖြစ်ပါတယ်။

          နေရပ်ပျက်စီးခြင်း၊ တောမီးများ၊ မိုးခေါင်ခြင်းနဲ့ ရာသီဥတုဖောက်ပြန်ခြင်းတို့ဟာ ရှားပါးဂေဟစနစ်များဖြစ်တဲ့ ရှားပါး အန်နာကွန်ဒါလို မျိုးစိတ်တွေအတွက် ခြိမ်းခြောက်မှု ဖြစ်နေတယ်လို့ အဖွဲ့က ပြောကြားခဲ့ပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နောင်ချိုမြို့နယ်တွင် TOYOTA HIACE ကားပေါ်မှ ငွေကျပ်သိန်း(၇၀၀၀) ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved