နောင်ချိုမြို့နယ်တွင် TOYOTA HIACE ကားပေါ်မှ ငွေကျပ်သိန်း(၇၀၀၀) ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် TOYOTA HIACE ကားပေါ်မှ ငွေကျပ်သိန်း(၇၀၀၀)ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်၊ မွန်းလွဲ ၂နာရီခွဲအချိန်တွင် နောင်ချိုမြို့နယ်၊ မကျီးရေကျေးရွာအနီး၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောာင်း သိရသည်။
အဆိုပါကျေးရွာအနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ရပ်စောက်မှ နောင်ချိုဘက်သို့ စိုင်းယီလှိုင်း မောင်းနှင်လာသည့် TOYOTA HIACE ကားကို ရှာဖွေစစ်ဆေးခဲ့ရာ ကားပေါ်မှ ငွေကျပ်သိန်း(၇၁၅၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား(၁၄ ဒသမ ၃)သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ဆက်လက်စစ်ဆေးချက်များအရ အဆိုပါဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်မှ မန္တလေးတိုင်းသို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် စိုင်းယီလှိုင်းကို သက်ဆိုင်ရာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားက ထိုးစစ်ဆင်မှုအသစ် လုပ်ဆောင်သွားနိုင်ဖွယ်ရှိနေဟု ယူကရိန်းသမ္မတ ခန့်မှန်းပြောဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း