Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရန်ကုန်စတော့အိပ်ချိန်းတွင် MSME လုပ်ငန်းများ ဝင်ရောက် ရောင်းဝယ်နိုင်မည်

ယွန်း (NP News) - မတ် ၂၇


ရန်ကုန်စတော့အိပ်ချိန်းတွင် MSME လုပ်ငန်းများပါ ဝင်ရောက် ရောင်းဝယ်နိုင်ပြီဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက မတ်လ(၂၅)ရက်တွင် ရန်ကုန်မြို့ရှိ Park Royal Hotel ၌ ကျင်းပခဲ့သည့် ရန်ကုန်စတော့အိပ်ချိန်း၏ (၇)နှစ်ပြည့် အခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။


မြန်မာနိုင်ငံအရင်းအနှီးဈေးကွက် တိုးတက်လာစေရန်အတွက် ရန်ကုန်စတော့အိပ်ချိန်း(YSX)ကို ၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး စတော့ရှယ်ယာများ ရောင်းဝယ်ခြင်းကို ၂ဝ၁၆ ခုနှစ်၊ မတ်လ(၂၅)ရက်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


လက်ရှိတွင် စတော့ရှယ်ယာများကို အွန်လိုင်းဖြင့် ရောင်းဝယ်နိုင်ပြီး နိုင်ငံခြားသားများ ပါဝင်ရောင်းချခွင့်ကိုလည်း ခွင့်ပြုထားကာ နှစ်သက်ရာ စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို ဝယ်ယူနိုင်ကြောင်း ဥက္ကဋ္ဌ ဦးမောင်‌မောင်ဝင်းက ဆိုသည်။


ထို့ပြင် Main Board ထက်အရွယ်အစားသေးငယ်သော အများပိုင်ကုမ္ပဏီများ အထူးသဖြင့် SME ၊ MSME လုပ်ငန်းများကိုလည်း စာရင်းဝင်ကုမ္ပဏီသို့ ရောက်ရှိလာအောင် Pre - Listing Board များတည်ထောင်ပြီးဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။


ထို့ကြောင့် MSME လုပ်ငန်းများပါ ရန်ကုန်စတော့အိပ်ချိန်းတွင် ဝင်ရောက် ရောင်းဝယ်နိုင်ပြီဖြစ်ကြောင်း သိရသည်။


ရန်ကုန်စတော့အိပ်ချိန်းတွင် Main Board အပြင် Pre-Listing Board ထူ‌ထောင်မှုနှင့် ပတ်သက်ပြီး “ရန်ကုန်စတော့အိပ်ချိန်းမှာ လက်ရှိ Main Board အပြင် Pre-Listing Board ထူ‌ထောင်မယ်ဆိုတာသိရပြီး စာရင်းဝင်စံနှုန်းများ လျှော့ချထားကြောင်း သိရတဲ့အ တွက် အလယ်အလတ်အရွယ်အစားရှိ အလားအလာကောင်းတဲ့ကုမ္ပဏီတွေအတွက် အခွင့်အလမ်းကောင်းတွေဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ ကွန်ယက်အတွင်းမှာရှိတဲ့ ကုမ္ပဏီများကို ပါဝင်ဆောင်ရွက်သွားဖို့ တိုက်တွန်းသွားမှာဖြစ်ကြောင်း အသိပေးလိုပါတယ်'' ဟု ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောကြားခဲ့သည်။


အလားတူ စာရင်းဝင်ကုမ္ပဏီများကို နိုင်ငံတော်က Corporate Income Tax လျော့ပေးထားပြီး ငွေချေးစာချုပ် ဈေးကွက် (Corporate Bond Market) ကိုလည်း ထပ်မံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက အသိပေးပြောဆိုထားသည်။


လက်ရှိတွင် ရန်ကုန်စတော့အိပ်ချိန်း စာရင်းဝင်ကုမ္ပဏီများသည် First Myanmar Investment (FMI), Myanmar Thilawa SEZ, Myanmar Citizens Bank(MCB)၊ First Private Bank , TMH Telecom Co.,Ltd, Ever Flow River Co.,Ltd, Amata Holding Co.,Ltd တို့ဖြစ်ကြောင်း သိရသည်။

zawgyi version


ယွန်း (NP News) - မတ် ၂၇



















Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဗန်ကူးဗားအိန္ဒိယသံရုံးကို ဆစ်ခ်ဘာသာဝင်များ ဝိုင်းဝန်းဆန္ဒပြပြီးနောက် ကနေဒါသံအမတ်ကြီးကို နယူးဒေလီ ဆင့်ခေါ်

RELATED POSTS
RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved