Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရက်လည်အလှူမှ ပြန်လာသည့်ကားကို PDF များက ဝိုင်းဝန်းပစ်ခတ်သဖြင့် သံဃာတော်နှင့် လူ(၂)ဦးသေဆုံး၊ သတ်ဖြတ်ခံရသည့် သံဃာတော်အပါး (၁၀ဝ) ခန့် ရှိလာ

မြူနစ် (NSS) - ဖေဖော်ဝါရီလ ၂၄ 

  ရက်လည်ဆွမ်းကပ်အလှူမှ ပြန်လာသည့်ကားတစ်စီး ဝိုင်းဝန်းပစ်ခတ်ခံခဲ့ရ၍ သံဃာတော် တစ်ပါးနှင့် လူ(၂)ဦး သေဆုံးမှု မန္တလေးတိုင်းအတွင်း ဖြစ်ပွားခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူထံမှ သိရသည်။

ကျောက်ဆည်မြို့နယ် ကတဲကျေးရွာမှ သဲ မောင်းကန်ကျောင်းဆရာတော် ဦးအဂ္ဂဉာဏနှင့် ဒါယိကာမ (၄)ဦးသည် ယာဉ်မောင်းကိုအေးမင်းအောင် မောင်းနှင်သော Mark II ကားဖြင့် ဖေဖော်ဝါရီ လ ၂၀ ရက် နံနက်ပိုင်းတွင် ပခုက္ကူမြို့နယ် မြေနီပြင် ကျေးရွာသို့ ဒေါ်စန်းဝင်း၏ ခင်ပွန်းဖြစ်သူ ဦးမျိုး(ခ)မျက်ပြူး၏ (၁) လပြည့် ရက်လည် ဆွမ်းကပ်အလှူ သို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ရက်လည်ဆွမ်းကပ်အလှူအပြီး ဖေဖော်ဝါရီလ ၂၂ ရက် နံနက်ပိုင်းတွင် ဆရာတော် ဦးအဂ္ဂဉာဏ တို့၏ ကားသည် မြေနီပြင်ကျေးရွာမှ ပြန်လည်ထွက်ခွာလာခဲ့ပြီး နေ့လယ် ၂ နာရီဝန်းကျင် အချိန် တွင် နွားထိုးကြီးမြို့နယ်၊ မြင်းခြံ-ရေးဝန်း သွား ကားလမ်းဘေး၊ ရွာကြီးကျေးရွာအထွက်ရှိ ရေတွင်းပျက်အနီးအရောက်တွင် PDF အဖွဲ့ဝင် (၁၅)ဦးခန့်က တားဆီးခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့နှင့် နီးစပ်သူက ပြောသည်။ ယင်းကဲ့သို့ တားဆီးစဉ် ဆရာတော် ဦးအဂ္ဂဉာဏတို့၏ ကားသည် အရှိန်လွန်၍ ကျော်လွန်သွားခဲ့သည့်အတွက် PDF အဖွဲ့ဝင်များရှိရာထံ နောက်ပြန် ဆုတ်ပြီး မောင်းနှင်လာစဉ် ၎င်းအဖွဲ့ ဝင်များက သေနတ်အတို၊ အရှည်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထိုကဲ့သို့ PDF အဖွဲ့ဝင် (၁၅)ဦးခန့်က ဝိုင်းဝန်းပစ်ခတ်မှုကြောင့် သက်တော် (၇၆)နှစ်၊ ဝါတော် (၃၆) ဝါရှိ သဲမောင်း ကန် ကျောင်းဆရာတော် ဦးအဂ္ဂဉာဏသည် ကျည်ဖောက်ဝင်ဒဏ်ရာ (၃) ချက်ဖြင့် နေရာ တွင်ပင် ပျံလွန်တော်မူခဲ့ ကြောင်း သိရသည်။ ထို့ပြင် ဆရာတော်နှင့်အတူ လိုက်ပါလာသည့် ဒါယိကာမများ ဖြစ်သော ဒေါ်သန်းမီ(၇၀ နှစ်)၊ ဒေါ်ခိုင်ဌေး (၃၈ နှစ်) တို့သည်လည်း ဦးခေါင်းနှင့် ခန္ဓာကိုယ်တို့တွင် ကျည်ဖောက်ဝင် ဒဏ်ရာများရရှိကာ အခင်းဖြစ် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူ က ထပ်မံ ပြောသည်။

အလားတူ ဆရာတော်ဦးအဂ္ဂÓဏနှင့်အတူ လိုက်ပါလာသော ဒါယိကာမ ဒေါ်အိအိဖြိုး (၂၃ နှစ်)သည် ထိခိုက် ဒဏ်ရာသာရရှိခဲ့ပြီး ဒေါ်စန်းဝင်း (၆၅ နှစ်)နှင့် ယာဉ်မောင်း ကိုအေးမင်းအောင်တို့သည် ထိခိုက် ဒဏ်ရာမရရှိခဲ့ ကြောင်း သိရသည်။


လက်ရှိနစကအစိုးရလက်ထက် (၃)နှစ်ကျော် ကာလအတွင်း၌ အကြမ်းဖက်သမားများ၏ လုပ်ကြံ သတ်ဖြတ်မှုများ ကြောင့် ပျံလွန်တော်မူခဲ့ရသော သံဃာတော်အပါးရေသည် စုစုပေါင်း (၁၀ဝ)နီးပါး ခန့်ရှိနေပြီဖြစ်သည်။ ထိုသို့ သံဃာတော်များ အကြမ်းဖက်သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များသည် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် အများဆုံး ဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။

“ဒီဟာတွေကတော့ ဘယ်အဖွဲ့အစည်းကပဲ လုပ်လုပ် ဘုန်းဘုန်းကတော့ ဒါတွေကို ရှုတ်ချတယ်။ လက်လည်း မခံဘူးပေါ့နော်။ ဘာကြောင့်လဲ ဆို တော့ ဒီဘာသာရေးခေါင်းဆောင်ဆိုတာ ဘာလက်နက်မှလည်း ရှိတာ မဟုတ်ဘူး။ မေတ္တာတရားနဲ့ပဲ ပြောဟောဆုံးမကြတာ။ ဘယ်ဘာသာရေးခေါင်းဆောင်ပဲဖြစ်ဖြစ်ပေါ့။ ဗုဒ္ဓ ဘာသာမှ မဟုတ်ပါဘူး။ တခြားဘာသာတွေကိုလည်း ဘုန်းဘုန်းက ဒီလိုပဲ အသိအမှတ်ပြုပါတယ်။ အဲဒီတော့ ဗုဒ္ဓဘာသာ ရဟန်းတော်တွေက ကိုယ့်ဘာသာထဲက ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် ဒါတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေကြ တာတွေက ရပ်သင့်ပါပြီ။ မလုပ်သင့်ဘူးပေါ့နော်။ အဲဒီလို လုပ်ကြတဲ့သူတွေ ဒါတွေကို ရှောင်ကြဉ်ပေးကြဖို့ ဘုန်းဘုန်းက မေတ္တာရပ်ခံပါတယ်” ဟု  IBEC ဆရာတော်ဦးသောဘိတက မိန့်ကြားထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော လက်ရှိနစကအစိုးရလက်ထက်တွင် ရဟန်းသံဃာ တော်များ အပါအဝင် နိုင်ငံ့ဝန်ထမ်းများ၊ အရပ်သား ပြည်သူများ စုစုပေါင်း (၆၈၈၀)ဦးထက်မနည်း အကြမ်းဖက်သမားများ ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာပြည်တွင်းစစ်၏ ဘင်္ဂလားဒေ့ရှ်အပေါ် သက်ရောက်မှု (ဘာသာပြန်ဆောင်းပါး)

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved