Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာပြည်တွင်းစစ်၏ ဘင်္ဂလားဒေ့ရှ်အပေါ် သက်ရောက်မှု (ဘာသာပြန်ဆောင်းပါး)

Htay Oung (NSS) - ဖေဖော်ဝါရီ ၂၅

ရခိုင်ပြည်နယ်အတွင်း မြန်မာအစိုးတပ်များနဲ့ သူပုန်အုပ်စုတို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာပါတယ်။ အိမ်နီးချင်းတိုင်းပြည်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ လုံခြုံရေး-ဒုက္ခသည်ဆိုင်ရာအရေးကိစ္စများအတွက် အနှေး နဲ့အမြန်ဆိုသလို သူပုန်များထံ မကြာမီ ဆက်သွယ်ရန် လိုအပ်လာနိုင်တယ်လို့ ကော့ခ်ဘဇားဒေသခံ စစ်ရေး-နိုင်ငံ ရေး-စီးပွားရေးလေ့လာအကြံပေးသူ အာရာဖာတူ_အီစလံရဲ့အမြင်ကို ဂျာမန်အစိုးရပိုင် “ဒွိုက်ခ်ျ-၀ယ်လီ” DW သတင်းအေဂျင်စီက ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်က ဖော်ပြခဲ့ပါတယ်။ 

မြန်မာနစကအစိုးရနဲ့ ရက္ခိုင့်တပ် (AA) တို့အကြားတိုက်ပွဲများဟာ ရခိုင်ပြည်နယ် အနောက်ဘက်ခြမ်းမှာ ပြင်းထန် နေပါတယ်။ ယခုလအတွင်း လက်နက်ကြီးကျည် နေရာလွဲကျရောက်ပေါက်ကွဲမှုကြောင့် လူနှစ်ဦးသေဆုံးပြီး နယ်စပ်ဖြတ်ကျော်လာတဲ့ သေနတ်ကျည်ဆန်များကြောင့် အများအပြား ဒဏ်ရာရရှိခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ်က သူတို့ရဲ့ထိခိုက်သေပျောက်မှုကို မှတ်တမ်းတင်ထားပါတယ်။ မကြာသေးမီက သူပုန်တိုက်ခိုက်ရေးသမားတွေဟာ မြန်မာနယ်စပ်ဒေသကိုသိမ်းပိုက်ခဲ့ပြီး ပြည်နယ်တွင်းရှိ အခြားနေရာများမှ အစိုးရတပ်များကို ဖယ်ရှားရန် အား ထုတ်နေပါတယ်။

ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ဖယ်ရှား အာဏာရယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း မြန်မာအာဏာရ နစကအတွက် ပြည်တွင်းစစ် ကျယ်ပြန့်လာခြင်းနဲ့အတူ အကြီးအကျယ် အကြပ်ရိုက်မှုနဲ့ ရင်ဆိုင် နေရပါတယ်။ ရက္ခိုင့်တပ်ဟာ မြန်မာနိုင်ငံဗဟိုအစိုးရထံမှ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ကို ရယူလိုတဲ့ ရခိုင်တိုင်းရင်းသား များရဲ့စစ်အုပ်စုဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း အစိုးရကင်းစခန်းများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ စတင် တိုက်ခိုက်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ ဗုဒ္ဓဘာသာလွှမ်းမိုးတဲ့ မြန်မာနိုင်ငံနဲ့ ၁၆၈ မိုင်မျှ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မူဆလင်အများစု နေထိုင်ရာတိုင်းပြည်ဖြစ်ပါတယ်။ ဒါတင်မက ဆယ်စုနှစ်များစွာအတွင်း မြန်မာဘက်မှ ထွက်ပြေးလာခဲ့တဲ့ ရိုဟင်ဂျာဆိုသူ ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်အများစုတို့ ခိုလှုံရာဖြစ်နေပါတယ်။ အထူးသဖြင့် ၂၀၁၇- ခုနှစ် ရခိုင် ပြည်နယ်အတွင်း မြန်မာစစ်တပ်က သူတို့အပေါ် ရက်စက်ကြမ်းတမ်းစွာ ရှင်းလင်းမှုစစ်ဆင်ရေး စတင်ချိန် နောက်ပိုင်းဖြစ်ပါတယ်။


နေရပ်ပြန်ရေး_ဘင်္ဂါလီတို့_ယုံကြည်ခြင်း_မရှိ 

DW နဲ့ တွေ့ဆုံခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်း ကော့ခ်ဘဇားရောက် ဘင်္ဂါလီဒုက္ခသည် အတော်များများတို့ ကတော့ AA သူပုန်တို့ရဲ့အောင်မြင်မှုအပေါ် သံသယအမြင်နဲ့ မှတ်ချက်ပေးခဲ့ကြပါတယ်။ သူပုန်များက စစ်အစိုးရကို ဖြုတ်ချနိုင်သည့်တိုင် ဗုဒ္ဓဘာသာအများစု လက်နက်ကိုင် အင်အားစုအနေနဲ့ ဘင်္ဂါလီတို့ရဲ့ဘဝရှေ့ရေး တိုးတက် အောင် လုပ်ဆောင်လိုစိတ် သိပ်ပြီးရှိလိမ့်မယ်လို့ သူတို့မယုံကြည်ကြပါဘူး။ ရခိုင်ပြည်နယ်မှာ ဗုဒ္ဓဘာသာ၀င်တွေက မြန်မာအစိုးရအပေါ် ဆန့်ကျင်တိုက်ခိုက်နေတာ အမှန်ဖြစ်ပေမယ့် ဘင်္ဂါလီတို့ လိုချင်နေတာ နိုင်ငံသားဖြစ်ခွင့် ဖြစ်ကြောင်း၊ သူတို့ရဲ့အဲဒီအိပ်မက်ဟာ ဂျီနိုဆိုက်အပြီး ၆ နှစ်ကြာခဲ့ပြီကြောင်း၊ သူတို့ကိုပြန်ခေါ်ပြီး နိုင်ငံသားဖြစ် အောင်လုပ်ပေးမယ်လို့ AA တွေပြောတာ တစ်ခါမှ မကြားဖူးဘူးကြောင်း ဒုက္ခသည်စခန်းနေ ဘင်္ဂါလီခေါင်းဆောင် တစ်ဦးက ပြောပါတယ်။


ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့်_သူပုန်များကို_လက်ကမ်း သင့်_မသင့် 

ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်လုံခြုံရေးကျွမ်းကျင်သူ အငြိမ်းစားဗိုလ်ချုပ်ကြီး အမ်_ဆဂာ၀ပ်_ဟိုစိန်ကတော့ အတော် များများ အကောင်းမြင်ပါတယ်။ ဘင်္ဂလားဒေ့ရ်ှရောက် ဒုက္ခသည်ဘင်္ဂါလီများအတွက် ဘေးကင်းလုံခြုံ၊ ဆန္ဒ အလျောက် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးနဲ့ပတ်သက်ပြီး NUG ခေါ် မြန်မာ “အမျိုးသားညီညွတ်ရေးအစိုးရ” ရဲ့ ကတိကဝတ်များကို ထောက်ပြပါတယ်။


NUG ဟာ စစ်အာဏာသိမ်းမှုနဲ့ဖြုတ်ချခံခဲ့ရတဲ့ ရွေးကောက်ခံဝန်ကြီးများ တက်ကြွလှုပ်ရှားသူများနဲ့ ပေါင်းစုဖွဲ့စည်း ထားတဲ့ “ရှဲဒိုးအစိုးရ” ဖြစ်ပြီး နိုင်ငံတကာရဲ့ပံ့ပိုးကူညီမှု အများအပြားကို ရရှိထားပါတယ်။ နစကကို အနိုင်ယူပြီး နေပြည်တော်မှာ အာဏာရယူဖို့ ကြိုးစားနေသူများလည်း ဖြစ်ပါတယ်။ သူပုန်များနဲ့စစ်ပွဲမှာ နစက ရှုံးနိမ့်သွားခဲ့ရင် AA ရဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ “ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်” (ULA) က ရခိုင်ပြည်ကို အုပ်ချုပ်ပါလိမ့်မယ်။ NUG ဟာ ULA ကို ထောက်ခံပါတယ်၊ NUG နဲ့ULA တို့လက်အောက် ရိုဟင်ဂျာဆိုသူများအနေနဲ့ နိုင်ငံသားဖြစ်ဖို့ ပိုမိုကောင်းမွန်တဲ့အခွင့်အရေးရှိနေလိမ့်မယ်လို့ ဟိုစိန်က ပြောပါတယ်။ 


ဘင်္ဂလားဒေ့ရှ်အနေနဲ့ အနာဂတ် ရခိုင်ပြည်နယ်ရဲ့အရေးကို အဓိက ဆုံးဖြတ်မယ့်သူများနဲ့ အလွတ်သဘော ဆက်သွယ်မှု ချဲ့ထွင်ရန် လိုအပ်တယ်လို့ ဟိုစိန်က ယူဆပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ မိမိအကျိုးစီးပွားအတွက် AA ကို ထောက်ပံ့ဖို့ လိုအပ်တယ်လို့ နှစ်ပေါင်းများစွာကတည်းက သူပြောနေခဲ့ကြောင်း၊ ဒီထောက်ပံ့မှုဟာ တခြားနိုင်ငံ တွေလုပ်နေသလို အလွတ်သဘောဖြစ်နိုင်ကြောင်း၊ မြန်မာတနိုင်ငံလုံးမှာ ဖြစ်ပျက်နေတာတွေက ဘင်္ဂလားဒေ့ရှ် အတွက် အရေးမကြီးကြောင်း၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေဟာ ဘင်္ဂလားဒေ့ရှ်ရဲ့အမျိုးသားလုံခြုံရေးနဲ့ ဒုက္ခသည်ဆိုင်ရာကိစ္စရပ်တွေအတွက် အင်မတန် အရေးကြီးတယ်လို့ ဆိုပါတယ်။


ဒုက္ခသည်များ_နေရပ်ပြန်ရေး_ရလဒ်ပြောင်းပြန်_ထွက်ပေါ်နိုင် 

ဟိုစိန်က အဲဒီလိုမြင်ပေမယ့် သူပုန်များကို တစ်နည်းနည်း လက်ကမ်းတဲ့ကိစ္စဟာ ဘင်္ဂလားဒေ့ရှ်အနေနဲ့ သတိထား သင့်တယ်လို့ ဝါရှင်တန်အခြေစိုက် “ဝီလ်ဆင်စင်တာ” ရဲ့ တောင်အာရှဆိုင်ရာ ဒါရိုက်တာ မိုက်ကယ်_ ကူ ဂယ်မန်က ကွဲလွဲသုံးသပ်ပါတယ်။


ဘင်္ဂလားဒေ့ရှ်အနေနဲ့ နယ်စပ်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဒုက္ခသည်အရေးစေ့စပ်ညှိနှိုင်းမှုတွေ အလုပ်ဖြစ်ဖို့ အတွက် မြန်မာနစက အစိုးရနဲ့ အဆင်ပြေတဲ့ဆက်ဆံရေးရှိဖို့ လိုအပ်နေကြောင်း၊ ရှိတ်ဟာစီနာအစိုးရကသာ သူပုန်တွေနဲ့လမ်းကြောင်းဖွင့်နေကြောင်း နစကအစိုးရ သိရှိသွားတယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်ရဲ့အကျိုးစီးပွားအတွက် ဆိုးဆိုးရွားရွားသက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ကူဂယ်မန်က ပြောပါတယ်။


သူပုန်တွေဟာ နစကအပေါ် အချိန်တိုအတွင်း အသာစီးရရှိနေကြောင်း ဝန်ခံပါတယ်။ ဒါပေမယ့် အဲဒီလို အရေးနိမ့် မှုဟာ နစကအနေနဲ့ ပိုမိုရက်စက်ကြမ်းကြုတ်တဲ့ နည်းပရိယာယ်များကို အသုံးပြုဖို့ တွန်းအားဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ပဋိပက္ခကို ပြင်းထန်လာစေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းထိ ကူးစက်လာနိုင်ပါတယ်။


ရခိုင်ပြည်နယ်မှာ AA က အောင်မြင်ခြင်း (သို့မဟုတ်) ထိန်းချုပ်နိုင်ရင် ရိုဟင်ဂျာဆိုသူများအတွက် ပိုကောင်းလာနိုင် ပေမယ့် တစ်ချိန်တည်းမှာပဲ အခြေအနေတွေဟာ ပိုပြီး ခက်ခဲလာနိုင်ကြောင်း၊ ဘင်္ဂါလီများ ရခိုင်ပြည် ပြန်လာရေး ခြေလှမ်းတွေဟာ မွတ်စလင်အုပ်စုနဲ့ ဗုဒ္ဓဘာသာသူပုန်တွေအကြား ပူးပေါင်းဆောင်ရွက်နေကြောင်း နိမိတ် လက္ခဏာဖြစ်လာပြီး သူတို့အသိုင်းအဝန်းအပေါ်ခြိမ်းခြောက်မှုအသစ်တွေ ဖြစ်လာစေနိုင်တယ်လို့လည်း ကူဂယ်မန် က မှတ်ယူပါတယ်။


ဘင်္ဂလားဒေ့ရှ်_နောက်ထပ်ဒုက္ခသည်_မလိုချင် 

လောလောဆယ်မှာတော့ ရခိုင်ပြည်နယ် မောင်တောဒေသ အစိုးရတပ်နဲ့ AA သူပုန်တို့အကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေတာကြောင့် ဘင်္ဂါလီများ ပိတ်မိနေကြဆဲ ဖြစ်တယ်လို့ “လွတ်လပ်သော ရိုဟင်ဂျာဆိုသူများ ညွန့်ပေါင်းအဖွဲ့” ပူးတွဲတည်ထောင်သူ နေဆန်းလွင်က ပြောပါတယ်။


စစ်မြေပြင်မှာ နစကတပ်တွေ အရေးနိမ့်နေပြီး ရက္ခိုင့်တပ်က ဒေသတွင်းကို အပြည့်အဝ ထိန်းချုပ်ဖို့ ကြိုးစားနေချိန် ဘင်္ဂါလီတွေခဗျာ အသက်လုပြီး ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ဘင်္ဂါလီ ၂၇၀,၀၀၀ ခန့် ကျန်နေပါသေးကြောင်း ရခိုင်ပြည်နယ်တစ်ခုလုံး သွားလာမှုကန့်သတ်ခံထားရသူ ၁၃၀,၀၀၀ ခန့် အပါအဝင် ရိုဟင်ဂျာဆိုသူ ၆၀၀,၀၀၀ ခန့် ရှိတယ်လို့ နေဆန်းလွင်က ဆိုပါတယ်။


ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့ရောက် နေဆန်းလွင်ဟာ ရိုဟင်ဂျာဆိုသူများ သတင်းစင်တာတွေအနက် အကြီးဆုံးတစ်ခု ကို မောင်းနှင်နေပါတယ်။ မြန်မာနိုင်ငံမှာ ကျန်ရှိနေတဲ့ ရိုဟင်ဂျာဆိုသူတွေဟာ ပြည်တွင်းစစ်မှ ထွက်ပြေးရန် ကြိုးပမ်းနေပေမယ့် ဘင်္ဂလားဒေ့ရှ်ကို ရှောင်ကွင်းကြလိမ့်မယ်လို့ သူ့အနေနဲ့ ယုံကြည်ပါတယ်။


ရခိုင်မြောက်ပိုင်းရှိ ဘင်္ဂါလီတွေဟာ ဘင်္ဂလားဒေ့ရှဘက်ကို ထွက်ပြေးဖို့ အရမ်းသတိထားနေကြကြောင်း၊ သူတို့ ရဲ့ အပေါင်းအဖော် ဘင်္ဂါလီတော်တော်များများဟာ ဘင်္ဂလားဒေ့ရှ် စခန်းတွေမှာ နှစ်အတော်ကြာ ပိတ်မိနေခဲ့ပြီး နေရပ်ပြန်ရေးအလားအလာက မသေချာကြောင်း မောင်တောဆေးရုံမှာ ကျန်းမာရေးဝန်ထမ်း မလုံလောက်တာ ကြောင့် ဆေးကုသမှုခံယူဖို့ လိုအပ်နေသူတွေလောက်သာ ဘင်္ဂလားဒေ့ရ်ှဘက်ကို ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးစား နေကြတယ်လို့ ဒေသခံတွေအဆိုအရ သိရှိရကြောင်း ပြောပါတယ်။


မြန်မာပဋိပက္ခ_ပြန့်ပွားလာမည်ကို_ဘင်္ဂလားဒေ့ရှ်ရွာသားတို့_စိုးရိမ်နေ 

ဒုက္ခသည်များ အဆက်မပြတ် လှိမ့်ဝင်ခံနေရတဲ့ ဘင်္ဂလားဒေ့ရှ်ဟာ လောလောဆယ် မြန်မာနိုင်ငံဘက်က တစ်ကောင်တစ်မြီးကိုမျှ လက်ခံရန် စိတ်မ၀င်စားပါဘူး၊ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) နဲ့ ကမ်းရိုးတန်း စောင့်တပ်တွေဟာ မြန်မာဘက်ခြမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဘယ်သူမှ ထိုးဖောက်စိမ့်ဝင်နိုင်ခြင်း မရှိအောင် နယ်စပ်တစ်လျှောက် ကင်းလှည့်မှုတွေကို အရှိန်အဟုန်မြှင့်တင်ထားတယ်လို့ ကော့ခ်ဘဇားခရိုင် လက်ထောက် ကော်မရှင်နာမင်းကြီး မိုဟာမက်_ရှာဟင်း_အင်မရန်ထံမှ သိရှိရပါတယ်။


(လူဦးရေ ၃.၁ သန်းနေထိုင်ရာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဆိုပေမယ့် ရခိုင်လူမျိုးချည့် မဟုတ်ဘဲ ဗမာ၊ ချင်း၊ ဘင်္ဂါလီ၊ ကမန်၊ မြို၊ ခမီ၊ သက်၊ မရမာကြီးနဲ့ အခြားလူမျိုးစုများ ရောနှောနေပါတယ်။ မြန်မာနိုင်ငံလူဦးရေရဲ့ ၅.၅၃ ရာခိုင်နှုန်းထက်မနည်း (စုစုပေါင်း ၄ သန်းခန့်) တို့ဟာ ရခိုင်လူမျိုးများဖြစ်ကြပြီး ရန်ကုန်၊ ဧရာ၀တီတိုင်း ဒေသကြီးတို့မှာ အများဆုံးနဲ့ နိုင်ငံအတွင်းမှာလည်း ပျံံ့နှံ့နေထိုင်ကြပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ကမ်းရိုးတန်းဒေသများအနီးနေထိုင်သူ ၈၀-၉၆ ရာခိုင်နှုန်း ကတော့ ဘင်္ဂါလီအများစု မွတ်စလင်များဖြစ်ပါတယ်။ 


နေဆန်းလွင် ပြောတဲ့အချက်အလက်တွေဟာ မှားယွင်းတာတွေ ပါ၀င်နေတယ်လို့ မွတ်စလင်အာဘော် အယ်လ်ဂျားဇီးယားက ပြောဆိုသည့်တိုင် ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာဆိုသူ ၆ သိန်းကျော်ခန့် ရှိပါလိမ့်မယ်။ ၂၀၁၇ ခုနှစ် ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကို ထွက်ပြေးသွားသူ ၇၄၀,၀၀၀ ခန့်နဲ့ ပေါင်းလျှင် ၁.၄ သန်းခန့်ရှိနေပါတယ်။ အချို့ကလည်း မလေးရှားအများစု ကမ္ဘာအရပ်ရပ်မှာ ရောက်ရှိနေပါတယ်။ ရခိုင်ပြည်နယ်အတွင်း နေထိုင်သူ အားလုံးရဲ့ ၃ ပုံ ၁ ပုံဟာ ဘင်္ဂါလီများဖြစ်ပါတယ်။ အထူးသဖြင့် ရခိုင်မြောက်ပိုင်းရဲ့ လူဦးရေ ၉၆ ရာခိုင်နှုန်း ထက်မနည်းဟာ ဘင်္ဂါလီများဖြစ်ကြပြီး ကျန် ရခိုင်၊ ချင်း အပါအ၀င် လူမျိုးစုများဟာ လူနည်းစုများသဖွယ် ရှိနေပါတယ်။ ။ သတင်းဘာသာပြန်သူ) 


#မြန်မာနိုင်ငံပြည်တွင်းစစ် #ရခိုင်ပြည်နယ်တိုက်ပွဲများ #နစက #ရက္ခိုက့်တပ် #ဘင်္ဂါလီ #ကော့ခ်ဘဇား

(Deutsche Welle., 20 February 2024,” How is Myanmar's civil war impacting Bangladesh?” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်ဒေါ်လာ(၅၆၈)သန်းတန်ဖိုးရှိ ကိုကင်း(၅ ဒသမ ၇) တန်ကို ဗြိတိန်ရဲတပ်ဖွဲ့ ဖမ်းဆီးရမိ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved