ဗြိတိန်အစိုးရ၏ ပိတ်ဆို့အရေးယူမှုများအတွက် လက်တုံ့ပြန်သွားမည်ဟု တရုတ်အစိုးရ ကတိပြု
Pika (NSS) - ဖေဖော်ဝါရီ ၂၄
ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအသစ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်ကုမ္ပဏီများကို အမည်ပျက်စာရင်း သွင်းရန် ဆုံးဖြတ်ခဲ့သော ဗြိတိန်အစိုးရ၏ ဆုံးဖြတ်ချက်ကို လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း လန်ဒန်မြို့ရှိ တရုတ် သံရုံးက ပြောကြားခဲ့သည်။
ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားမှု (၂)နှစ်ပြည့်သည့်နေ့တွင် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများကို ထပ်မံချမှတ်ခဲ့ ကြောင်း ဗြိတိန်အစိုးရက ဖေဖော်ဝါရီလ(၂၂)ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ဗြိတိန်အစိုးရ၏ ပိတ်ဆို့အရေးယူမှုသည် အဖွဲ့အစည်း နှင့် လူပုဂ္ဂိုလ်(၅၀)ကို ပစ်မှတ်ထားခြင်းဖြစ်ပြီး အများစုမှာ ရုရှားနိုင်ငံမှ ဖြစ်သော်လည်း စာရင်းထဲတွင် တရုတ်ကုမ္ပဏီ(၃)ခုလည်း ပါဝင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဗြိတိန်အစိုးရ၏ တရုတ်ကုမ္ပဏီများအပေါ် ပိတ်ဆို့အရေးယူမှုသည် နိုင်ငံတကာဥပဒေအရ အခြေအမြစ် မရှိသော တစ်ဖက်သတ်လုပ်ရပ်ဖြစ်ပြီး တရုတ်ဖက်မှ ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ဗြိတိန်ရှိ တရုတ်သံရုံးက ပြောကြားခဲ့သည်။
တရုတ်သံရုံး က "တရုတ်အာဏာပိုင်တွေဟာ နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းတွေရဲ့ တရားဝင်အကျိုးစီးပွားကို ပြတ်ပြတ် သားသားကာကွယ်ဖို့အတွက် လိုအပ်တဲ့ခြေလှမ်းတွေကို လုပ်ဆောင်သွားမှာပါ။ တရုတ်နိုင်ငံရဲ့အကျိုးစီးပွားတွေ ကို ထိခိုက်စေတဲ့ လုပ်ရပ်မှန်သမျှကို ပြတ်ပြတ်သားသား လက်တုံ့ပြန်မှုတွေလုပ်ဆောင်သွားမှာဖြစ်ကြောင်း ဗြိတိန်အစိုးရကို အသိပေးလိုပါတယ်" ဟု သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် ယူကရိန်းပဋိပက္ခနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံက တရားမျှတသော ရပ်တည်ချက်ကို လိုက်နာခဲ့ပြီး ရုရှား နှင့် ယူကရိန်းကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်နိုင်ရန်အတွက် ကြိုးပမ်းသွားမည်ဟု ကတိပြုထား ကြောင်း တရုတ်သံရုံးက ထပ်မံပြောကြားခဲ့သည်။
ဗြိတိန်အစိုးရက ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သော တရုတ်ကုမ္ပဏီများမှာ Finder Technology LTD ကုမ္ပဏီ၊ JUHANG Aviation Technology ကုမ္ပဏီနှင့် ဒရုန်းများအတွက် အင်ဂျင်များထုတ်လုပ်သော Beijing Micropilot Flight Control Systems ကုမ္ပဏီတို့ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟေတီကို အမေရိကန်မှ တင်ပို့တဲ့ဆန်တွေဟာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အာဆင်းနစ် ပါဝင်နေတာ တွေ့ရတယ် လို့ လေ့လာမှုတစ်ခုက ဆို
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း