ရုရှားသံရုံး၏ မှတ်ချက်စကားအတွက် ရုရှားသံအမတ်ကြီးကို ဂီနီစစ်အစိုးရ ခေါ်ယူသတိပေး
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၂၃
ဂီနီစစ်အစိုးရသည် ရုရှားသံအမတ်ကြီးကို ခေါ်ယူသတိပေးခဲ့ကြောင်း သိရသည်။ ရုရှားသံရုံးက ဂီနီနိုင်ငံ၏ မြို့တော် Conakry မြို့တို့တွင် မတည်ငြိမ်မှုများဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း မကြာသေးမီက သတိပေးခဲ့ပြီးနောက် ဂီနီစစ်အစိုးရက ရုရှားသံအမတ်ကြီးကို သတိပေးခဲ့ခြင်းဖြစ်သည်။
ဂီနီစစ်အာဏာသိမ်းခေါင်းဆောင်ဖြစ်သူ ဗိုလ်မှူးကြီး Mamady Doumbouya သည် ပြီးခဲ့သောရက်ပိုင်းတွင် အစိုးရအဖွဲ့ကို ဖျက်သိမ်းခဲ့ပြီး နယ်စပ်အားလုံးကို ပိတ်ပင်ခဲ့ကြောင်း သိရသည်။ ရုရှားသံအမတ်ကြီးသည် ဂီနီစစ်အာဏာသိမ်းအဖွဲ့နှင့်တွေ့ဆုံဆွေးနွေးချိန်အတွင်း နားလည်မှုလွှဲမှားခြင်းအတွက် တောင်းပန်ခဲ့ကြောင်း သိရသည်။
ဗိုလ်မှူးကြီး Mamady Doumbouya သည် ပြီးခဲ့သော ၂ဝ၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့ပြီး ပြီးခဲ့သောရက်ပိုင်းတွင် ၎င်း၏အစိုးရအဖွဲ့ကို ဖျက်သိမ်းကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ဂီနီစစ်ခေါင်းဆောင်သည် အစိုးရအဖွဲ့ကိုဖျက်သိမ်းရခြင်းနှင့်ပတ်သက်ပြီးအ တိအကျသတင်းထုတ်ပြန်ခြင်းမျိုး မရှိခဲ့ကြောင်း သိရသည်။ ဂီနီစစ်ခေါင်းဆောင်သည် ရာထူးမှထုတ်ပယ်ခံရသော ဝန်ကြီးများ၏ ပက်စပိုစ့်ကို သိမ်းယူရန် အမိန့်ပေးခဲ့သလို ဝန်ကြီးများ၏ဘဏ်အကောင့်များကို သိမ်းဆည်းရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဂီနီစစ်အစိုးရသည် တောင်းပန်မှုများကိုလက်ခံခဲ့ကြောင်း၊အဆိုပါနားလည်မှုလွှဲမှားခြင်းက နှစ်နိုင်ငံကြား ဆက်ဆံရေးကို ထိခိုက်စေမည်မဟုတ်ကြောင်း ဂီနီနိုင်ငံဆိုင်ရာရုရှားသံအမတ်ကြီး Alexey Popov က ပြောသည်။
ဂီနီစစ်အစိုးရသည် ၂ဝ၂၄ ခုနှစ်အကုန်တွင် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ပြန်လည်ကူးပြောင်းပေးနိုင်ရန် ရွေးကောက်ပွဲကျင်းပမည်ဟု ကတိပြုထားသည်။ အာဖရိကတိုက်တွင် ဂီနီနိုင်ငံအပြင် မာလီ၊ နိုင်ဂျာ၊ ဘာကီနာဖာဆိုနိုင်ငံတို့တွင်လည်း စစ်အာဏာသိမ်းခဲ့သောအစိုးရများ အုပ်ချုပ်နေကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှို့မီးကြောင့် ဇရပ်ကြီးမြို့မဈေးမီးလောင်ခဲ့ပြီး ဈေးတစ်ခုလုံးနှင့် လူနေအိမ်(၄)လုံး မီးလောင်ပျက်စီး
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း