မြို့ကို သိမ်းယူနိုင်သည့်အပြင် ရာနှင့်ချီသော ယူကရိန်းစစ်သားအများအပြားကို ရုရှားတပ်ဖွဲ့များ ဖမ်းဆီး
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၂၂
ရုရှားသည် ယူကရိန်းနိုင်ငံ အရှေ့ဘက်ပိုင်းရှိ အက်ဒစ်ကာ မြို့ကို ပြီးခဲ့သောရက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ရာနှင့်ချီသော ယူကရိန်းစစ်သားအများအပြားကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ယူကရိန်းစစ်သားအများအပြားသည် အဆိုပါမြို့တိုက်ပွဲများအတွင်းပိတ်မိနေခဲ့ပြီးနောက် ရုရှားတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းကို ရင်ဆိုင်ရဖွယ်ရှိနေသည်ဟု အနောက်အုပ်စုနိုင်ငံများ၏ တာဝန်ရှိသူများက ပြောသည်။
သို့သော်လည်း အက်ဒစ်ကာ မြို့တိုက်ပွဲများအတွင်းဖမ်းဆီးခံခြင်း၊ သို့မဟုတ်ပျောက်ဆုံးနေသည့် ယူကရိန်းစစ်သား မည်မျှ ဖမ်းဆီးခံနေရသလဲဆိုသောအချက်ကို အတိအကျသတင်းထုတ်ပြန်ခြင်းမျိုးမရှိကြောင်း သိရသည်။ သို့သော် လည်း ယူကရိန်းစစ်သားအရေအတွက် ၈၅၀ နှင့် ၁၀၀၀ ကြားဖမ်းဆီးခံရခြင်း (သို့မဟုတ်) ပျောက်ဆုံးခြင်းများ ရှိလာနိုင်ကြောင်း ခန့်မှန်းမှုများရှိနေသည်။
အနောက်အုပ်စုနိုင်ငံများ၏ တာဝန်ရှိသူများက ဖမ်းဆီးခံရသူ (သို့မဟုတ်) ပျောက်ဆုံးနေသူအရေအတွက်သည် အဆိုပါပမာဏာထက် ပိုမိုမြင့်တက်လာဖွယ်ရှိနေကြောင်း သုံးသပ်ထားသည်။ ယူကရိန်းတပ်ဖွဲ့များသည် ပြီးခဲ့သော ရက်ပိုင်းတွင် နိုင်ငံအရှေ့ပိုင်းမြို့ အက်ဒစ်ကာမြို့မှတဆင့် ရုရှားတပ်ဖွဲ့များကိုခုခံတိုက်ခိုက်ခဲ့သော်လည်း နောက်ပိုင်းတွင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ခြင်းမျိုးမရှိဘဲ မြို့ကို စွန့်ခွာထွက်ပြေးခဲ့ကြောင်း သိရသည်။
ရုရှားသည် အက်ဒစ်ကာမြို့ကိုအပြည့်အဝထိန်းချုပ်ထားနိုင်ပြီး ယူကရိန်းအတွက် မြို့ကျဆုံးခြင်းက များစွာ ထိုးနှက်ချက်ဖြစ်လာစေခဲ့ကြောင်း သိရသည်။ မြို့သိမ်းခံရမှုအပြင် စစ်သားများ ဖမ်းဆီးခံရခြင်းသည် ယူကရိန်း စစ်တပ်အတွက် ကြီးမားသောထိုးနှက်ချက်ဖြစ်လာစေခဲ့ကြောင်း သိရသည်။ ယူကရိန်းသည် သိမ်းပိုက်ခံထားရ သောမြို့များကို ပြန်လည်သိမ်းယူနိုင်ရန်အတွက် ပြီးခဲ့သောနှစ်တည်းက ရုရှားအပေါ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ သော်လည်း မျှော်လင့်သလောက် အောင်မြင်မှုမရဘဲရှိခဲ့ကြောင်း သိရသည်။
ယူကရိန်းသည် မြို့များ သိမ်းယူခံရသည့်အပြင် စစ်သားများ ဆုံးရှုံးနေသည့်အတွက် လက်ရှိအချိန်တွင် လူသစ် ထပ်မံစုဆောင်းရန် ရုန်းကန်ရဖွယ်ရှိနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်တွေမြို့မှ အခြားနေရာများသို့ တိမ်းရှောင်သူများပြားနေပြီး ငွေကြေးမပြည့်စုံသော ပြည်သူများသာ ကျန်ခဲ့သည့် အခြေအနေဖြစ်နေ
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ