Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှားသမ္မတပူတင် နှင့် အမေရိကန်သတင်းထောက် တက်ကာကာလ်ဆန်တို့၏တွေ့ဆုံမေးမြန်းခန်းမှ အဓိက ကောက်နုတ်ထားသော အချက် (၁ဝ) ချက်

  Pika  (NSS) ဖေဖော်ဝါရီလ ၂ဝ 

ကွန်ဆာဗေးတစ်ဝါဒီ အမေရိကန်သတင်းထောက် တက်ကာကာလ်ဆန်သည် ဖေဖော်ဝါရီလ (၆)ရက်တွင် ကရင်မလင်နန်းတော်၌ ရုရှားသမ္မတပူတင်နှင့် အင်တာဗျူးတစ်ခုလုပ်ဆောင်ခဲ့သည်။ အဆိုပါ အင်တာဗျူးသည် ရုရှားနှင့်ယူကရိန်းကြားပဋိပက္ခကို အဓိကရည်ရွယ်ကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။    

အနောက်အုပ်စုနိုင်ငံများ၏ မီဒီယာများ သည် ရုရှားကိုနှိမ့်ချကာ ယူကရိန်း၏အနေအထားများကို မြှင့်တင်ခြင်းဖြင့် ၎င်းတို့၏စာဖတ်သူများနှင့် ကြည့်ရှုသူများကို လိမ်ညာခဲ့ကြောင်း တက်ကာကာလ်ဆန်က ပြောကြားခဲ့သည်။ တက်ကာကာလ်ဆန်နှင့် ပူတင်တို့၏ နှစ်နာရီကျော်ကြာအင်တာဗျူးသည် တက်ကာ ကာလ်ဆန်၏ X (တွစ်တာ)အကောင့် တွင် ကြည့်ရှုမှုပေါင်း သန်း ၂၀ဝ ကျော်ထိရှိခဲ့ပြီး YouTube တွင် ထုတ်လွှင့်ခဲ့ပြီးနောက် ပထမဆုံး နာရီပိုင်းအတွင်း ကြည့်ရှုမှု(၁)သန်း အောက်ရှိခဲ့သည်။တက်ကာကာလ်ဆန်နှင့်  ပူတင်တို့၏ နှစ်နာရီ ကျော်ကြာ တွေ့ဆုံမေးမြန်းမှုအတွင်း အဓိကအချက်(၁၀)ချက်မှာ အောက်ပါ အတိုင်း ဖြစ်သည်။

- ယူကရိန်းက ၂၀၁၄ ခုနှစ်မှာ စစ်ပွဲကိုစတင်ခဲ့ တာပါ၊ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ဒီစစ်ပွဲကို ရပ်တန့်ဖို့ ပဲဖြစ်ပါတယ်။

 ရုရှားသည် ၂၀၂၂ ခုနှစ်တွင် စစ်ပွဲကို စတင်ခဲ့ခြင်းမျိုးမဟုတ်ဘဲ ၂၀၁၄ ခုနှစ်တွင် ယူကရိန်းက စတင်ခဲ့သော စစ်ပွဲကို ရပ်တန့်ရန် ကြိုးစားနေခြင်းသာ ဖြစ်ကြောင်း ရုရှားသမ္မတပူတင်ကပြောကြားခဲ့သည်။ယူကရိန်း အစိုးရသည် ဒွန်းဘက်စ်ဒေသတွင် စစ်ဆင် ရေးများကို (၈)နှစ်ကြာလုပ်ဆောင်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်တွင် ယူကရိန်းအပေါ် ရုရှားဘက်ကလည်း စစ်ဘက်ဆိုင်ရာစစ်ဆင်ရေးများ စတင် လုပ်ဆောင်ခဲ့ကြောင်း ပူတင်က ထုတ်ပြန်ကြေညာခဲ့ သည်။ ထို့ပြင် ဒွန်းဘက်စ်ဒေသတွင်ဖြစ်ပွားနေသော ရန်လိုမှုများကို အဆုံးသတ်ရန်ကြိုးပမ်းမှုအဖြစ် လုပ်ဆောင်ခဲ့သော 2014-2015 Minsk သဘောတူညီ ချက်ကို ပူတင်က မှတ်ချက်ပြုပြောဆိုခဲ့သည်။ ပူတင် က “ဒေသခံပြည်သူလူထုဟာ ယူကရိန်းကို ပြန်သွား ဖို့ ယုံကြည်ချက်ရှိခဲ့မယ်ဆိုရင် ပြီးတော့ ယူကရိန်းက လူမှုဖူလုံရေးကတိကဝတ်တွေကို သဘောတူညီခဲ့မယ်ဆို ရင် ဒေသတွင်းအကျပ်အတည်းကို ဖြေရှင်းနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”ဟုပြောဆိုခဲ့သည်။သို့သော်လည်း ယူကရိန်းရှိ မူဝါဒချမှတ်သူများသည် ဆူပူအုံကြွမှုများကို အင်အားသုံးဖြေရှင်းရန် ဆန္ဒရှိနေ ကြောင်း ပူတင်ကပြောဆိုခဲ့သည်။ ရုရှားနှင့် ယူကရိန်း တို့သည် ပဋိပက္ခ၏ အစောပိုင်းကာလများတွင် ရန်လို မှုများကို အဆုံးသတ်ရန် နီးကပ်ခဲ့ကြောင်းလည်း ပူတင်က ပြောဆိုခဲ့သည်။ ၂၀၂၂ ခုနှစ် နွေဦးကာလ အစောပိုင်းတွင် ယူကရိန်းမြို့တော် ကိယက်ဗ်အနီးရှိ ရုရှားတပ်ဖွဲ့များကို ပြန်လည်ရုပ်သိမ်းခဲ့သော်လည်း ယူကရိန်းသည် ရုရှားကို အဆုံးထိအောင်တိုက်ခိုက်ရမည်ဆိုသည့် အနောက်အုပ်စုနိုင်ငံများ၏ ဖိအားများအောက်တွင် ကျရှုံးသွားခဲ့ကြောင်း ပူတင်က ပြော ဆိုခဲ့သည်။


- ရုရှားက နေတိုးအဖွဲ့ကို တိုက်ခိုက်ဖို့ ဆန္ဒရှိနေ တယ်ဆိုတဲ့ ပြောဆိုချက်တွေက ခြိမ်းခြောက်ပြော ဆိုနေတာမျိုးတွေပါပဲ။

   ရုရှားနိုင်ငံက ပထမဆုံးတိုက်ခိုက်ခံရမည်ဆိုလျှင် ပိုလန်နှင့်လတ်ဗီးယားတို့ကဲ့သို့သော နေတိုး အဖွဲ့ဝင်နိုင်ငံများနှင့် စစ်ရေးပဋိပက္ခများတွင်သာ ပါဝင်ပတ်သက်မည်ဖြစ်ကြောင်း ပူတင်က ပြောဆိုခဲ့ သည်။ ပူတင်က “အနောက်အုပ်စုနိုင်ငံတွေရဲ့ ပြော ဆိုချက်တွေအားလုံးဟာ ခြိမ်းခြောက်ပြောဆိုနေတဲ့ စကားမျိုးတွေပဲဖြစ်ပါတယ်။ ပြီးတော့ ယူကရိန်းကို နျူကလီးယားလက်နက် အသုံးပြုတိုက်ခိုက်မယ်ဆိုတဲ့ ထင်မြင်ချက်တွေ ဒါမှမဟုတ် ပဋိပက္ခကို ပိုမိုမြင့်တက် လာစေမယ့် ထင်မြင်ချက်တွေဟာလည်း ရုရှားကို ထိပ်တိုက်ရင်ဆိုင်ရာမှာ အမေရိကန်အခွန်ထမ်းတွေနဲ့ ဥရောပအခွန်ထမ်းတွေဆီကနေ နောက်ထပ်ငွေ တွေ ကို ညှစ်ထုတ်နိုင်ဖို့အတွက် ပြောဆိုနေကြတဲ့ ထိတ်လန့်စရာဇာတ်လမ်းတွေပဲဖြစ်ပါတယ်”ဟု ပြောဆိုခဲ့ သည်။

-အမေရိကန်နဲ့မတူတာကတော့ ရုရှားက တရုတ်ကို မကြောက်ပါဘူး။

   အမေရိကန်နိုင်ငံနှင့်မတူသည့်အချက်မှာ ရုရှားနိုင်ငံက တရုတ်နိုင်ငံ၏ ကြီးထွားလာမှုကို မကြောက်ရွံ့ကြောင်း ပူတင်ကပြောဆိုခဲ့သည်။ BRICS အဖွဲ့ဝင်နိုင်ငံများသည် တရုတ်နိုင်ငံ၏ စီးပွားရေးအရ လုံးဝလွှမ်းမိုး ခြင်းခံရနိုင်သည့် အန္တရာယ်များ နှင့်ကြုံတွေ့ရနိုင်သည်ဆိုသော တက်ကာကာလ်ဆန် ၏ အကြုံပြုချက်ကို ပူတင်ကယခုကဲ့သို့ တုံ့ပြန်ပြောဆို ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒသည် ရန်လိုခြင်းမျိုးမဟုတ်ဘဲ အပေးအယူ လုပ်ရန် ရည်ရွယ်ထားခြင်းမျိုးဖြစ်ပြီး ရုရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့် မျှတသောကုန်သွယ်မှုကို ဖန်တီးနိုင် ခဲ့ကြောင်း ပူတင်ကပြောဆိုခဲ့သည်။

-လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခကို အဆုံးသတ်ချင် တယ်ဆိုရင် ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ပေးပို့တာရပ်လိုက်ပါ။

   အမေရိကန်နိုင်ငံအနေဖြင့် လက်ရှိဖြစ်ပွား နေသောပဋိပက္ခကို အဆုံးသတ်လိုပါက ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းပေးပို့နေခြင်းကို ရပ်တန့်သင့် ကြောင်း ပူတင်ကပြောဆိုခဲ့သည်။ စစ်လက်နက် ပစ္စည်းများ ပေးပို့နေခြင်းကို အမေရိကန်က ရပ်တန့် လိုက်မည်ဆိုပါက ယူကရိန်းပဋိပက္ခက သီတင်းပတ်များ အတွင်း အဆုံးသတ်သွားနိုင်ကြောင်း ပူတင်က ထပ်မံပြောဆိုခဲ့သည်။ ပူတင်က “ယူကရိန်းဟာ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်ရဲ့ စကားကို နားထောင်ခဲ့ပြီး ၂၀၂၂ ခုနှစ်က လုပ်ဆောင် ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်းမှာ သဘောတူ ထားတဲ့ ရုရှားနဲ့အပစ်အခတ်ရပ်စဲရေး မူကြမ်းကို လက်မှတ်ရေးထိုးဖို့ငြင်းဆိုခဲ့တဲ့အတွက် တကယ်ကို ဝမ်းနည်းမိပါတယ်။ ဒါပေမဲ့လည်း လက်ရှိအချိန် မှာတော့ ဘောရစ်ဂျွန်ဆင်က ဝန်ကြီးချုပ်ရာထူးက နေထွက်သွားပေမယ့် စစ်ပွဲကတော့ ဆက်လက်ဖြစ် ပွားနေတုန်းပါပဲ”ဟုမှတ်ချက်ပြုပြောဆိုခဲ့သည်။

- အနောက်အုပ်စုနိုင်ငံတွေနဲ့ ဆက်ဆံရေး။

ရုရှားနိုင်ငံသည် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲမှုကိုလက်ခံပြီး အယူဝါဒကွဲပြားမှုအားလုံးကို ဖယ်ရှားပြီးသည်နှင့်တစ်ပြိုင်နက် အနောက်အုပ်စု နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင် နိုင်လိမ့်မည်ဟု မျှော်လင့်မိကြောင်း ပူတင်က ပြောဆို ခဲ့သည်။ ပူတင်က “ဒါပေမဲ့ ဒါက ဘယ်တော့မှဖြစ်လာ မှာ မဟုတ်ပါဘူး။ ၁၉၉၀ ပြည့်နှစ်တုန်းက အမေရိကန်နဲ့ သူတို့ရဲ့ဂြိုဟ်တုတွေဟာ ကော့ကေးဆပ်ဒေသ မြောက်ပိုင်းမှာရှိတဲ့ ခွဲထွက်ရေးသမားတွေနဲ့ အကြမ်းဖက်သမားတွေကို နိုင်ငံရေး၊ သတင်းအချက် အလက်၊ ငွေကြေးနဲ့ စစ်ရေးပံ့ပိုးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ပြီးတော့ ၂၀၁၄ ခုနှစ်တုန်းက ယူကရိန်း နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုမှာလည်း အနောက်အုပ်စုနိုင်ငံတွေက ပါဝင်ပတ်သက်ခဲ့ပါတယ်”ဟု ပြောဆိုခဲ့သည်။

-နေတိုးအဖွဲ့ရဲ့ နယ်မြေချဲ့ထွင်မှု

  နေတိုးအဖွဲ့သည် ၎င်း၏အရှေ့ဘက်ခြမ်းသို့ နယ်မြေချဲ့ထွင်ခြင်းများ လုပ်ဆောင်မည်မဟုတ်ဟု ကတိပေးခဲ့ သော်လည်း နောက်ပိုင်းတွင် ဥရောပ အရှေ့ပိုင်းနဲ့ ဘော်လ်တစ်နိုင်ငံများဆီသို့ နယ်မြေ ချဲ့ထွင်ခြင်းဖြင့် ၎င်းတို့၏ကတိကဝတ်များကို ချိုးဖောက်ခဲ့ကြောင်း ပူတင်ကပြောကြားခဲ့သည်။ ထို့ပြင် အမေရိ ကန်နိုင်ငံ ဦးဆောင်သော နေတိုးအဖွဲ့သည် ယူကရိန်း နိုင်ငံကို ၎င်းတို့အဖွဲ့ထဲသို့ ဆွဲသွင်းရန် ရည်ရွယ်ချက်ရှိ နေကြောင်း ပူတင်ကပြောဆိုခဲ့သည်။ အနောက်အုပ်စု နိုင်ငံများ၏ ယူကရိန်းအပေါ်ချဉ်းကပ်မှုသည် ကြီးမားသော နိုင်ငံရေးအမှားတစ်ခုဖြစ်ကြောင်း ပူတင်က ပြောဆိုခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ယူကရိန်းနိုင်ငံတွင်းဖြစ်ပွားခဲ့သော အနောက်အုပ်စုထောက်ခံသည့် အာဏာသိမ်းမှုအပြင် ယူကရိန်းကို အဖွဲ့ဝင်နိုင်ငံ အဖြစ် လက်ခံမည်ဆိုသည့် နေတိုးအဖွဲ့၏၂၀ဝ၈ ခုနှစ် ဆုံးဖြတ်ချက်တို့ကို ပူတင်ကထောက်ပြ ပြောဆိုခဲ့ကြောင်းလည်းသိရသည်။ အဆိုပါ အာဏာ သိမ်းမှုကို ဆန့်ကျင်သူများကို ညှဉ်းပန်းနှိပ်စက်ရန် ဆုံးဖြတ်ခဲ့သော ယူကရိန်းအစိုးရသစ်၏ လုပ်ရပ်သည် ခရိုင်းမီးယားကျွန်းဆွယ်အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာခဲ့ကြောင်း ပူတင်ကပြောဆိုခဲ့သည်။ အဆိုပါ ခြိမ်းခြောက်မှုများက ခရိုင်းမီးယားကျွန်းဆွယ်ကို ၎င်း၏ကာကွယ်မှုအောက်တွင် ထားရှိရန်အတွက် သိမ်းယူခြင်းများလုပ်ဆောင်ရန် ရုရှားနိုင်ငံကို တွန်းအားပေးခဲ့ကြောင်း ပူတင်ကထပ်မံပြောဆိုခဲ့ သည်။ ထို့ပြင် ရုရှားနိုင်ငံအနေဖြင့် နေတိုးအဖွဲ့တွင်းသို့ ဝင်ရောက်ခွင့်ရနိုင်မလားဆိုသည့်အချက်ကို အမေရိ ကန် သမ္မတဟောင်း ဘီလ်ကလင်တန်အား မေးခဲ့ဖူးကြောင်းလည်း ပူတင်ကပြောဆိုခဲ့သည်။ ပူတင်က “နေတိုးအဖွဲ့ကို ရုရှားနိုင်ငံဝင်ရောက်ဖို့က မဖြစ်နိုင်ပါဘူးလို့ ဘီလ်ကလင်တန်က ကျွန်တော့်ကို ပြောကြားခဲ့ပါတယ်။ အကယ်၍ ဘီလ်ကလင်တန် ကသာ နေတိုးအဖွဲ့တွင်းကို ဝင်ရောက်နိုင်တယ်လို့ ပြောကြားခဲ့မယ်ဆိုရင် ရုရှားနဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေကြား အပြန်အလှန်ဆက်ဆံရေးကို ကာလ တစ်ခုအတွင်း အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်”ဟုပြောဆိုခဲ့သည်။

-Nord Stream ဓာတ်ငွေ့ပိုက်လိုင်းကို ဘယ်သူ ဖောက်ခွဲခဲ့တာလဲ။

  ဘောလ်တစ်ပင်လယ်ကို ဖြတ်ကာ ရုရှားနှင့် ဂျာမနီနိုင်ငံတို့ကို ဆက်သွယ်ထားသည့် Nord Stream သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကို မည်သည့်နိုင်ငံက ဖောက်ခွဲခဲ့သည်ဟု ယုံကြည်သလဲဆိုသည့် တက် ကာကာလ်ဆန်၏ မေးခွန်းကို ပူတင်ကပြန်လည်တုံ့ ပြန်ဖြေကြားခဲ့သည်။ ပူတင်က “ အမေရိကန်နဲ့ သူ့ရဲ့ မိတ်ဖက်နိုင်ငံတွေက ဒီဖောက်ခွဲမှုကို လုပ်ဆောင်ခဲ့ တာပါ”ဟုပြောဆိုခဲ့သည်။ အဆိုပါဖောက်ခွဲမှုတွင် စီအိုင်အေ သို့မဟုတ် နေတိုးအဖွဲ့ ပါဝင်သည်ဆိုသည့် သက်သေများရှိသလားဆိုသော မေးခွန်းကို ပူတင်ကထပ်မံဖြေကြားခဲ့ကြောင်းလည်း သိရ သည်။ ပူတင်က”ဒီလိုတိုက်ခိုက်မှုကြောင့် ဘယ်သူကအကျိုးအမြတ်ရရှိမှာလဲဆိုတာကို ပထမဆုံးစဉ်းစား သင့်ပါတယ်။ပြီးတော့ ဒီလိုတိုက်ခိုက်မှုမျိုးကို ဘယ်သူကလုပ် ဆောင်နိုင်လဲဆိုတာကိုလည်း ထည့်သွင်းစဉ်းစား ရပါမယ်”ဟု ပြောဆိုခဲ့သည်။

-ကမ္ဘာကျော် ဘီလျံနာ အီလွန်မတ်က ရပ်တန့်လို့ မရတော့ပါဘူး။

  လူသားဦးနှောက်ထဲသို့ ချပ်စ်ပြားထည့်သွင်းခြင်းအပါအဝင် နည်းပညာဆိုင်ရာတိုးတက်မှုများကို ရှေ့သို့ပိုမို ရောက်ရှိအောင် လုပ်ဆောင်နေသည့် ကမ္ဘာကျော် ဘီလျံနာအီလွန်မတ်က ရပ်တန့်၍ရတော့မည် မဟုတ်ကြောင်း ပူတင်ကပြောဆိုခဲ့သည်။ ထို့ပြင် နည်းပညာဆိုင်ရာ သဘောတူညီချက်များနှင့် စည်းမျဉ်း စည်းကမ်းများကို လိုက်နာဆောင်ရွက်သင့်ကြောင်း ပူတင်ကထပ်မံပြောဆိုခဲ့သည်။၂၀ ရာစုနှစ်အတွင်း နျူကလီးယားလက်နက်များ ဖွံ့ဖြိုး တိုးတက်လာမှုနှင့် မကြာသေးမီအချိန်အတွင်း AI နည်းပညာနှင့်မျိုးရိုးဗီဇ ဆိုင်ရာ အောင်မြင်မှုများကို ပူတင်က နှိုင်းယှဉ်ပြောဆိုခဲ့ကြောင်းလည်းသိရသည်။ပူတင်က “ကမ္ဘာတစ်ဝန်းမှာရှိတဲ့ နိုင်ငံတွေဟာ AI နည်းပညာက အန္တရာယ်ရှိနိုင်တာကို စတင်သိရှိလာ ချိန်မှာတော့ အဲ့ဒီနည်းပညာသစ်ကို ထိန်းညှိဖို့အတွက် သဘောတူညီချက် အတုတွေကို ပြုလုပ်ခဲ့ကြပါတယ်” ဟုပြောဆိုခဲ့သည်။

-အမေရိကန်သတင်းထောက် ဂါ့ရှ်ကိုဗစ်ရှ်ကို လွှတ်မပေးဖို့အတွက် အမိန့်ထုတ်ထားတာမျိုး မရှိပါဘူး။

    ရုရှားနိုင်ငံတွင် သူလျှိူလုပ်မှု စွဲချက်ဖြင့်  ပြီးခဲ့သည့်နှစ်က ဖမ်းဆီးခံခဲ့ရသော အမေရိကန်သတင်းထောက် အီဗန်ဂါ့ရှ်ကိုဗစ်ရှ်ကို ချစ်ကြည်ရေးအရ လွှတ်ပေးရန် ရုရှားအစိုးရက ပြင်ဆင်ထားခဲ့သလားဆိုသည့်မေးခွန်းကို ပူတင်က ပြန်လည်တုံ့ပြန်ဖြေဆိုခဲ့ သည်။ ပူတင်က “အနောက်အုပ်စုနိုင်ငံနဲ့ လက်တွဲ လုပ်ဆောင်ဖို့ ရုရှားနိုင်ငံက ပြင်ဆင်ထားပေမယ့်လည်း အပြန်အလှန် တုံ့ပြန်မှုတွေ မရှိသေးပါဘူး။ အမေရိကန်သတင်းထောက် ဂါ့ရှ်ကိုဗစ်ရှ် ကို လွှတ်မပေးဖို့ အတွက် အမိန့်ထုတ်ထားတာမျိုးမရှိပါဘူး။ ဒါပေမဲ့ လွှတ်ပေးမှုလုပ်ဆောင်ဖို့အတွက် အနောက် အုပ်စု နိုင်ငံတွေရဲ့ ထောက်လှမ်းရေးဝန်ဆောင်မှုတွေဆီ ကနေ အပေးအယူလုပ်တာမျိုးတွေတော့ လိုအပ်ပါ တယ်”ဟုပြောဆိုခဲ့သည်။

-ရုရှားကို ရန်လိုနေတဲ့နိုင်ငံတွေကို အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေက အမြဲတမ်း ထောက်ခံနေပါလိမ့်မယ်။

  ဇီလန်စကီးသည် ငြိမ်းချမ်းရေးစင်မြင့်ပေါ်တွင် သမ္မတအဖြစ်ရွေးချယ်ခံခဲ့ရသော်လည်း သမ္မတ အဖြစ်တာဝန် ယူခဲ့ပြီးနောက် နာဇီလက်သစ်များ၊ အမျိုးသားရေးဝါဒီများနှင့် မိတ်ဖွဲ့ခဲ့ကြောင်း ပူတင်က ပြောဆိုခဲ့သည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရုရှား သမ္မတပူတင်သည် အကြောင်းပြချက်နှစ်ခုကို ထုတ်ဖော်ပြောဆိုခဲ့သည်။ ပူတင်က “ ပထမတစ်ချက် ကတော့ ဒီလိုလူမျိုးတွေဟာ အမြဲရန်လိုနေတာဖြစ်ပြီး ဒုတိယအချက်ကတော့ ရုရှားကို ရန်လိုနေတဲ့ နိုင်ငံတွေကို အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံ တွေက အမြဲတမ်းထောက်ခံနေပါလိမ့်မယ်။ ဒါက ဇီလန်စကီးအတွက် ဘေးကင်းပြီးအကျိုးရှိပေမယ့် လည်း မဲဆန္ဒရှင်တွေအပေါ် သူပေးခဲ့တဲ့ကတိတွေကို သိသိသာသာ ချိုးဖောက်ခဲ့တာပါ။ ဆိုဗီယက်ပြည် ထောင်စုပြိုကွဲပြီးတော့ ယူကရိန်းနိုင်ငံဟာ သူတို့ရဲ့ အမျိုးသားရေးလက္ခဏာတွေကို ရှာဖွေခဲ့ပေမယ့် လည်း ဒုတိယကမ္ဘာစစ်အတွင်းက နာဇီတွေနဲ့ ပူးပေါင်းခဲ့တဲ့ အတုအယောင်သူရဲကောင်းတွေကိုပဲ ရရှိခဲ့ပြီး တခြားရွေးချယ်စရာတွေမရှိခဲ့ပါဘူး”ဟု ပြောဆိုခဲ့သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လူကိုယ်တိုင်တန်းစီ၍ ဗီဇာရက်ချိန်းရယူခြင်းကို ဖျက်သိမ်းကာ အွန်လိုင်းဖြင့်သာ ရက်ချိန်းရယူခြင်းကို ဆောင်ရွက်မည်ဟု ထိုင်းသံရုံး ကြေညာ

RELATED POSTS
RECENT POSTS
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved