မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၈၀) ကျော်ကြာ ပျောက်ကွယ်သွားသည့် ရှားပါးနှံကောင်မျိုးစိတ်ကို ပြန်လည်တွေ့ရှိ
စော (NSS) ဖေဖော်ဝါရီလ ၂ဝ
မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၈၀)ကျော်ကြာ ပျောက်ကွယ်သွားသည့် ရှားပါးနှံကောင်မျိုးစိတ်ကို ပြန်လည်တွေ့ရှိသဖြင့် စာတမ်းပြုစု မှတ်တမ်း တင်ရေးသားနိုင်ခဲ့ကြောင်း Native Species Conservation & Identification မှ တာဝန်ရှိသူ တစ်ဦးက NP News ကို ပြောသည်။
အဆိုပါ ရှားပါးနှံကောင်ကို ၁၉၃၇ ခုနှစ်က ရေနံချောင်းမြို့၌ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းမျိုးစိတ်ကို ၁၉၆၄ ခုနှစ်တွင် Burmorthacris subaptera အဖြစ် ဇီဝနာမည်ပေးခဲ့ကြောင်း သိရ သည်။ ၎င်းနှံကောင်များကို ၁၉၃၇ ခုနှစ် နောက်ပိုင်းမှ စ၍ မှတ်တမ်းဓာတ်ပုံများ မရတော့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ရေနံချောင်းမြို့နှင့် ညောင်ဦးမြို့တို့၌ မှတ်တမ်းဓာတ်ပုံများ ပြန်လည်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ သူ့ကို ၁၉၃၀ ကျော်မှာ မှတ်တမ်းယူပြီး နောက်ပိုင်း မတွေ့တော့ဘူး။ ဒေသခံတွေက တွေ့ တာတော့ တွေ့မှာပေါ့။ ကျွန်တော်တို့ဆီမှာ မှတ်တမ်း ပုံမရဘူး။ အဓိက က ဒီဟာကို တွေ့တယ်ဆိုရင် တွေ့ ကြောင်း မှတ်တမ်းပုံလိုတယ်။ လေ့လာတဲ့သူတွေ လည်း ဒီအကောင်ကို ထပ်ပြီးရှာမတွေ့တော့ဘူး။ မှတ်တမ်း မရတော့လို့ သူကပျောက်ဆုံးမျိုးစိတ်ဖြစ်သွားတာ။ အကောင်ကို ပြန်တွေ့တာက ၂၀၂၂ ခုနှစ်၊ ကျွန်တော် တို့ စာတမ်းထုတ် တာက ၂၀၂၄ ခုနှစ်ပါ”ဟု ၎င်းက ပြောသည်။
အဆိုပါ နှံကောင်များ၏ ခန္ဓာကိုယ်အရွယ်အစား သည် အခြားနှံကောင်များနှင့်မတူဘဲ တိုတို တုတ်တုတ်ဖြစ် သည့်အပြင် အတောင်မှာလည်း တိုပြီး လည်ပင်းတွင်လည်း အဝါရောင်အစက်ငယ်များရှိ ကြောင်း သိရသည်။
“သူက မြန်မာနိုင်ငံ အလယ်ပိုင်းမှာပဲ ရှိတာပေါ့။ တခြားနေရာမှာ သူတို့ကို တွေ့ရမှာမဟုတ်ဘူး။ ကျွန်တော်တို့ လက်ရှိမှတ်တမ်းအရတော့ မြို့နှစ်မြို့မှာ ပဲ ရှိသေးတာပေါ့”ဟု ၎င်းက ဆက်လက်ပြောသည်။
NSCI အဖွဲ့အနေဖြင့် ပြီးခဲ့သည့်နှစ် အောက်တို ဘာလအတွင်းကလည်း တစ်ကမ္ဘာလုံးအတိုင်း အတာအရ ကရင်ပြည်နယ်တွင်သာ တွေ့ရနိုင်ပြီး မြန်မာ့မျိုးရင်း ကြွေပန်းမျိုးစိတ်သစ်တစ်မျိုးကို တွေ့ရှိ ကာ သုသေသန စာတမ်းထုတ်ဝေနိုင်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်သူ့စစ်မှုထမ်းဥပဒေ နှင့် နိုင်ငံရေးနယ်ပယ်က သူတို့စကား (အင်တာဗျူး)
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း