Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ်ကို တန်ပြန်ရန် အာဆီယံ ၄ နိုင်ငံကို ဂျပန် ကူညီမည်

Htay Oung (NSS) - ဖေဖော်ဝါရီ ၁၈

တောင်တရုတ်ပင်လယ်လုံခြုံရေးကို မြှင့်တင်ဖို့အတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက အာဆီယံနိုင်ငံလေးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့ကို ၁၀ နှစ်ကြာရေကြောင်းလုံခြုံမှု အကူအညီပေးရန် ပြင်ဆင်နေကြောင်း မီဒီယာများက ဖော်ပြနေကြတယ်လို့ အာရ်အက်ဖ်အေက ဖေဖော်ဝါရီလ ၁၅ ရက်မှာ ရေးသားပါတယ်။

အဲဒီ ၄ နိုင်ငံတို့ဟာ လုံခြုံရေးအရ ဂျပန်အစိုးရရဲ့ ထိပ်တန်းဦးစားပေးများအဖြစ် သတ်မှတ်ခံထားရကြောင်း တိုကျို NHK ရုပ်သံလွှင့်ဌာနက ပြောပါတယ်။ ဂျက်ကာ JICA လို့ လူသိများတဲ့ ဂျပန်အကူအညီပေးရေး အေဂျင်စီရဲ့ အသေးစိတ်အစဉ်များဟာ ၂၀၂၅ခုနှစ် မတ်လအရောက် အကောင်အထည်ပေါ်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ထောက်ပံ့ရေးအစီအစဉ်မှာ ဂျပန်နိုင်ငံက ဒရုန်းများ၊ ရေဒါစနစ်များနဲ့ ကင်းလှည့်သင်္ဘောများအပြင် လေးနိုင်ငံ တစ်ခုချင်းစီအတွက် အခြားစွမ်းရည်မြှင့်တင်ရေး အစီအမံများကို ပံ့ပိုးပေးဖို့ ရှိနေကြောင်း NHK က ဆိုပါတယ်။

ပြီးခဲ့တဲ့လ ဂျပန်အရာရှိများနဲ့ အထူးကျွမ်းကျင်သူတွေဟာ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားတို့မှာ လေ့လာမှုများနဲ့ မျက်မြင်ကွင်းဆင်း စစ်ဆေးမှုများကို ပြုလုပ်ခဲ့တယ်လို့ ယုံကြည်ရပြီး မလေးရှားနဲ့ ဗီယက်နမ်တို့မှာတော့ ဧပြီလမှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ဂျက်ကာ ကိုယ်စားလှယ်အဖွဲ့ကို ညွှန်ကြားရေးမှူးချုပ် ဟီရိုးတာနာကာက ဦးဆောင်ပြီး နိုင်ငံတွင်း ရေကြောင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ပရောဂျက်များအခြေအနေကို သိရှိနိုင်ဖို့အတွက် ဇန်နဝါရီလမှာ မနီလာကို သွားရောက်ခဲ့ပါတယ်။ ယမန်နှစ် နိုဝင်ဘာလ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှိဒါရဲ့ ဖိလစ်ပိုင်နိုင်ငံ ခရီးစဉ်အတွင်း မနီလာအတွက် ယန်းသန်း ၆၀၀ (အမေရိကန်ဒေါ်လာ ၄ သန်း) တန်ဖိုးရှိ ကမ်းရိုးတန်းစောင့်ကြည့်ရေဒါများ ထောက်ပံ့ရန် သဘောတူစာချုပ်ကို နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဂျပန်နိုင်ငံရဲ့ အမျိုးသားကာကွယ်ရေးကို ဦးတည်ပြီး မိမိကိုယ်မိမိ ကာကွယ်ရေး ချဉ်းကပ်မှုနဲ့ အမေရိကန်-ဂျပန်မဟာမိတ်ဖြစ်တည်မှုကို အာရုံစိုက်လျှက်ရှိကြောင်း၊ အနာဂတ် တောင်တရုတ်ပင်လယ်မှာ ပိုမိုခိုင်မာစွာ ရပ် တည်နိုင်ရေးအတွက် အရှေ့တောင်အာရှ နိုင်ငံတိုင်းရဲ့ စွမ်းရည်တွေကို မြှင့်တင်ခြင်းသည်သာ အကောင်းဆုံး ဖြစ်တယ်လို့ တိုကျိုက ယူဆထားကြောင်း ယိုကိုဆူကာကောင်စီ အာရှပစိတ်ဆိုင်ရာ မူဝါဒလေ့လာရေး ဒါရိုက်တာဖြစ်သူ နာဂီက သုံးသပ်ပါတယ်။ သင်္ဘောများ၊ ကာကွယ်စွမ်းရည်နဲ့ လေ့ကျင့်ရေးများကို ပံ့ပိုးပေးခြင်းဖြင့် အရှေ့တောင်အာရှနိုင်ငံများအတွင်း စွမ်းရည်အရပ်ရပ်ကို တည်ဆောက်ရာမှာ ဂျပန်နိုင်ငံက ဆက်လက်ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း တိုကျိုမြို့ အင်တာနေရှင်နယ် ခရစ်ယာန်တက္ကသိုလ်(ICU) မှ ပါမောက္ခလည်းဖြစ်သူက ပြောပြပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ အာဆီယံနဲ့ ဂျပန်နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်မှု နှစ် ၅၀ ပြည့် အထိမ်းအမှတ် အထူးထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့ပြီးပါပြီ။ အစည်းအဝေးပြုလုပ်ရခြင်းရဲ့ အဓိက အချက်တစ်ခုကတော့ ရေကြောင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအတွက်ပဲ ဖြစ်ပါတယ်။ ထိပ်သီးစည်းဝေးကျင်းပစဉ် ပြင်ပမှာ ဂျပန်နဲ့ မလေးရှားနိုင်ငံဝန်ကြီးချုပ် နှစ်ဦးတို့တွေ့ဆုံပြီး ကွာလာလမ်ပူကို ယန်းသန်း ၄၀၀ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ သန်း) တန်ဖိုးရှိ လုံခြုံရေးအကူအညီပေးရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ မလေးရှား-ဂျပန် နှစ်နိုင်ငံ အကျိုးတူ ဆက်ဆံရေးကိုလည်း ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုအဖြစ် အဆင့်အမြင့်ဆုံး အဆင့်မြှင့်တင်ခဲ့ပါတယ်။

ဒ့ါပြင် တိုကျိုနဲ့ ဂျာကာတာတို့ဟာ အင်ဒိုနီးရှား ကမ်းခြေစောင့်တပ်အတွက် ယန်း ၉.၀၅ ဘီလီယံ (ဒေါ်လာ ၆၀.၂ သန်း) အထိ တန်ဘိုးရှိတဲ့ ဂျပန်ကင်းလှည့်သင်္ဘောပေးအပ်ရေး သတ်မှတ်ချက်များအတွက် လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ အလားတူ ဂျပန်နဲ့ ဗီယက်နမ်တို့အကြား နှစ်နိုင်ငံဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင် ရွက်မှုအဖြစ် ယမန်နှစ်မှာ မြှင့်တင်ခဲ့ပါတယ်။။ အဲဒီမတိုင်ခင် ၂၀၂၀ ပြည့်နှစ်တည်းက တိုကျိုဟာ ဗီယက်နမ်ကို ရေကြောင်း ကင်းလှည့် သင်္ဘော ၆ စင်းတည်ဆောက်ဖို့အတွက် အမေရိကန်ဒေါ်လာ ၃၄၈ သန်း ချေးငှားရန် သဘောတူညီခဲ့ပြီးဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံအများအပြားရဲ့ ယုံကြည်စိတ်ချရဆုံး မိတ်ဖက်ဖြစ်သူ ဂျပန်နိုင်ငံဟာ ဒေသတွင်းလုံခြုံရေးကဏ္ဍမှာ အရှိန်အဟုန်မြှင့်လုပ်ဆောင်နေတယ်လို့ နိုင်ငံတကာ ပဋိပက္ခများဆိုင်ရာ လေ့လာရေး နာမည်ကျော် လူသိများတဲ့ ICG အုပ်စု အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူးက မှတ်ချက်ပေးပါတယ်။ 

တောင်တရုတ်ပင်လယ်ရဲ့ အစိတ်အပိုင်းများနဲ့ ပတ်သက်ပြီး ပိုင်ဆိုင်ကြောင်းကို တရုတ်နဲ့ အာဆီယံ လေးနိုင်ငံဖြစ်တဲ့ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့က တောင်းဆိုနေကြပေမယ့် ပေကျင်းရဲ့ တစ်ဖက်သပ် ကြေညာချက်ဟာ နယ်မြေ အကျယ်ပြန့်ဆုံး အကြီးမားဆုံး ဖြစ်နေပါတယ်။ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့ တောင်းဆိုချက်အများစုကို ၂၀၁၆-ခုနှစ်မှာ ကုလသမဂ္ဂ ICJ တရားရုံးက ကြားနာဆုံးဖြတ်ခဲ့ပေမယ့် ပေကျင်းက အဲဒီ စီရင်ချက်ကို လက်မခံနိုင်ဘူးလို့ ငြင်းဆိုနေပါတယ်။ တောင်တရုတ်ပင်လယ်အရေး ပေကျင်းကို ဆန့်ကျင်ရင်းနဲ့ ဖိလစ်ပိုင်ဟာ အမေရိကန်နဲ့ ကိုယ်စားပြု ပရောက်ဆီ ဖြစ်လာနေကြောင်း ယနေ့ ဆောက်သ်ချိုင်းနားမောနင်းပို့စ်က ရေးသားပါတယ်။

တရုတ်ရဲ့ ရေလမ်းကြောင်း လက်ဝါးကြီးဝါဒကို ဆန့်ကျင်ကန့်ကွက်ရာမှာ ယခင် သမ္မတဟောင်း ဒူတာတေးရဲ့ အပျော့ဆွဲချဉ်းကပ်မှုဟာ ဘေးရောက်သွားပြီး မနီလာနှင့် ဝါရှင်တန်တို့အကြား ပေါင်းစည်းချဉ်းကပ်မှု သဏ္ဍာန်သစ်အဖြစ် ပြောင်းလဲလာတယ်လို့ လေ့လာသူများက သုံးသပ်ပါတယ်။ ဒါပေမယ့် အငြင်းပွားရေပြင်ကိစ္စမှာ အမေရိကန်နဲ့ တရုတ်တို့ ထိပ်တိုက် တွေ့နိုင်ပြီး ဖိလစ်ပိုင်အနေနဲ့ ကျွဲနှစ်ကောင်ကြား မြေစာပင်ဖြစ်ရမယ့် အလားအလာများကြောင့် အချို့က စိုးရိမ်နေကြပါတယ်။ သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာလက်ထက် ၂၀၂၂-ခုနှစ်နောက်ပိုင်း ဖိလစ်ပိုင်ဟာ အမေရိကန်နဲ့ အကြီးစားစစ်ရေးလေ့ကျင့်မှုများ၊ ပူးတွဲရေကြောင်း ကင်းလှည့်မှုများ၊ စစ်ရေးလေ့ကျင့်မှုများ၊ စစ်လက်နက်ဝယ်ယူခြင်းများအပြင် နိုင်ငံတွင်း စစ်အခြေစိုက်စခန်းများကို တိုးမြှင့်ဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ပထမဆုံး လက်မှတ်ရေးထိုးခဲ့တဲ့ တိုးချဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် EDCA အပြင် အမေရိကန်တပ်များဟာ ဖိလစ်ပိုင်အခြေစိုက်စခန်းများအတွင်း နောက်ထပ်နေရာ ၉-ခုအထိ အလှာ့်ကျ တပ်စွဲခွင့် ရရှိမှာ ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ ထိုင်ဝမ်ကျွန်းမှ မိုင် ၂၅၀ ခန့်အကွာ လူဇုံကျွန်း အရှေ့ မြောက်ဖျားမှာ တပ်စွဲခွင့်လည်း ပါဝင်ပါတယ်။ ဒီအချက်ဟာ အတိတ်ကာလ စစ်အေးခေတ် အမေရိကန်တပ်များရဲ့ အကြီးဆုံး စစ်စခန်းကြီး ၂-ခုကို ပြန်လည်အမှတ်ရစေပါတယ်။ ပြီးခဲ့တဲ့လ ထုတ်ပြန်ခဲ့တဲ့ ပါ့စ်အေးရှား စစ်တမ်းအရ တောင်တရုတ်ပင်လယ်အငြင်းပွားမှုကို ဖြေရှင်းရာမှာ အမေရိကန်၊ သြစတြေးလျ၊ ဂျပန်၊ ကနေဒါ ဗြိတိန်တို့နဲ့အတူ ပူးပေါင်းလုပ်ဆောင်လိုကြောင်း ဖိလစ်ပိုင်နိုင်ငံသား ၁၀ ဦးမှာ ၈-ဦးတို့က အဖြေပေးခဲ့ကြပြီး တရုတ်နဲ့ လက်တွဲဆောင်ရွက်လိုကြောင်း အဖြေပေးသူ ၁-ဦးသာ ရှိပါတယ်။ အလားတူ စစ်တမ်းမှာ ဖြေဆိုသူ ၆၇ ရာခိုင်နှုန်းက ဖိလစ်ပိုင်ရဲ့ ပြည်ပကာကွယ်ရေးစွမ်းရည် အထူးသဖြင့် ရေတပ်၊ လေတပ်နဲ့ ကမ်းရိုးတန်းစောင့်တပ်တို့ ခိုင်မာအားကောင်းရန် လိုအပ်ကြောင်း အဖြေပေးခဲ့ကြ ပါတယ်။

၂၀၁၇ ခုနှစ် ဇွန်လ မာရာဝီမြို့ကို အစ္စလာမ္မစ်စစ်သွေးကြွတို့ လက်မှ ပြန်လည် သိမ်းယူမှုအတွင်း ဖိလစ်ပိုင်နဲ့ အမေရိကန်စစ်သားတို့အကြား အနီးကပ်ပူးပေါင်းဆောင်ရွက်မှုကို သမ္မတ ဒူတာတေးကိုယ်တိုင် သိမြင်ခဲ့ပါတယ်။ ဖိလစ်ပိုင်စစ်တပ်ဟာ အမေရိကန်လိုလားသူတွေဖြစ်တာကို ငြင်းကွယ်လို့ မရနိုင်ကြောင်း အဲဒီအချိန် သမ္မတဒူတာတေးက သတင်းထောက်များရဲ့ မေးခွန်းကို ပြန်လည်ဖြေဆိုခဲ့ပါတယ်။

(RFA., 15 February 2024, Japan to assist 4 ASEAN countries to counter China: report” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)



Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တောင်ကိုရီးယား မင်းသမီး ကင်ယိုးဂျွန် ကင်ဆာ ဝေဒနာရှင်ကလေးများအတွက် ဝမ် သန်း (၁၀၀)လှူဒါန်း

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved