'Marry My Husband' မင်းသားနာအင်ဝူး စစ်မှုထမ်းဝင်ရောက်မည်
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၁၆
နာမည်ကျော် တောင်ကိုရီးယား ဒရာမာ "Marry My Husband' မင်းသား နာအင်ဝူးဟာ မဖြစ်မနေ စစ်မှုထမ်းဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ သိရပါတယ်။
ဒီသတင်းဟာ ဖေဖော်ဝါရီ ၁၅ ရက်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ပရိသတ်တွေ အံ့အားသင့်ခဲ့ကြပါတယ်။ ဒါပေမယ့် နာအင်ဝူးက Marry My Husband' အဖွဲ့သားတွေနဲ့ အားလပ်ရက်ဖြတ်သန်းဖို့အတွက် ရှိတာကြောင့် စစ်မှုထမ်းမယ့်ရက်ကို ရွှေ့ဆိုင်းဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။
စစ်မှုထမ်း ခွင့်ပြုချက်ရပြီးပေမယ့် Marry My Husband အဖွဲ့သားတွေနဲ့အတူ အားလပ်ရက်မှာ အချိန်ကုန် နိုင်ဦးမယ်လို့ မျှော်လင့်ထားကြောင်း ၎င်းက ဆိုပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး Netizens တွေက "သူဟာ ၁၉၉၄ မှာ မွေးဖွားခဲ့သူဖြစ်ပေမယ့် စစ်တပ်ထဲမဝင်ရသေးတာ အံ့သြစရာပဲ" " သူ့ကိုမတွေ့ရတော့ဘူးလို့ ထင်လို့ စိတ်မကောင်းဘူး" စတဲ့ မှတ်ချက်တွေ တွေ့လာရပါတယ်။
Marry My Husband ကိုရီးယား ဒရာမာဟာ လက်ရှိထုတ်လွှင့်နေဆဲ လူကြိုက်များတဲ့ ဒရာမာတစ်ခုဖြစ်ပြီး Na In Woo ဟာ ဒီဇာတ်ကားနဲ့ Popular ဖြစ်လာခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန် YouTuber Twomad အသက် ၂၃ နှစ်အရွယ်မှာ ရုတ်တရက် ကွယ်လွန်
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ