အမေရိကန် YouTuber Twomad အသက် ၂၃ နှစ်အရွယ်မှာ ရုတ်တရက် ကွယ်လွန်
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၁၆
အမေရိကန် YouTube စတား Twomad အမည်ရင်း မူဒီယာစီဒစ် အသက် ၂၃ နှစ်နဲ့ နေအိမ်မှာ ရုတ်တရက် ကွယ်လွန်ခဲ့ပါတယ်။
၎င်းဟာ ဂိမ်းကစားခြင်း၊ အသိုင်းအဝိုင်းသတင်းတွေကို ဗဟိုပြု ဟာသလုပ်တဲ့ဗီဒီယိုတွေပြုလုပ်ခြင်းနဲ့ လူသိများ ပါတယ်။ အသက် ၂၃ နှစ်ပဲရှိသေးတဲ့ ၎င်းဟာ ရက်ပေါင်းများစွာ video upload မတင်ခဲ့ဘဲ ငြိမ်သက်နေခဲ့တာ ကြောင့် ကယ်ဆယ်စစ်ဆေးပေးဖို့ ရဲတပ်ဖွဲ့ကို တောင်းဆိုသူတွေ ရှိလာခဲ့ပါတယ်။ ၎င်းဟာ အရေးပေါ်ဝန်ဆောင်မှု တွေက ချိတ်ဆက်မှုတွေကိုလည်း တုံ့ပြန်မှုမရှိခဲ့သလို ရဲတပ်ဖွဲ့ရဲ့ ဖုန်းခေါ်ဆိုမှုတွေကိုလည်း မကိုင်ခဲ့ပါဘူး။
အဲဒီနောက် ဖေဖော်ဝါရီ ၁၃ ရက်မှာ ၎င်းအိမ်ကို သွားရောက်စစ်ဆေးရာမှာတော့ Twomad ဟာ နေအိမ်အတွင်း သေဆုံးနေနှင့်ပြီး ရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။ ၎င်း သေဆုံးရခြင်းအကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ၎င်းရဲ့ချန်နယ်မှာတော့ “Radioshack ရဲ့ CEO ဖြစ်လာပုံ” ဆိုတဲ့ ဟာသဗီဒီယိုတစ်ပုဒ်ကို နောက်ဆုံးတင်ထားတာ တွေ့ရပါတယ်။
Twomad ဟာ ဗီဒီယိုဂိမ်းတွေကို မှတ်ချက်ပေးတဲ့ဗီဒီယိုဖိုင်တွေ ဖန်တီးခြင်းနဲ့အတူ ၂ဝ၁၈ ခုနှစ်ကစ YouTube မှာ နာမည်ကြီးလာခဲ့ပါတယ်။ ၎င်းရဲ့ချန်နယ်ဟာ Subscribers ၂ သန်းကျော်ထိ ရှိပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း