Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ်ကိုယ်စားပြု မြန်မာပြည်တွင်းလက်နက်ကိုင်များကြောင့် ညီအစ်မ (၇) ဖော်အစား သောကပွေလာတဲ့ အိန္ဒိယ (ဘာသာပြန်ဆောင်းပါး)

Htay Oung (NSS) - ဖေဖော်ဝါရီလ - ၁၅


 အိမ်နီးချင်းနိုင်ငံရဲ့  နစက အုပ်ချုပ်ရေးကာလ ကြီးထွားလာနေတဲ့ လူမျိုးရေးမငြိမ်သက်မှုတွေကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေနဲ့ လက်နက်ကိုင် တွေဝင်ရောက်မှုကို ဟန့်တားဖို့အတွက် မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ် ၁၀၂၀ မိုင်တစ်လျှောက်လုံး စည်းရိုးခတ်ဖို့ကို အိန္ဒိယက ရည်မှန်းထားတယ်လို့ အိုင်းရစ်ရှ်တိုင်းမ်မီဒီယာက ဖေဖော်ဝါရီလ ၁ ရက်က ရေးသားပါတယ်။


   အိန္ဒိယဟာ ဘင်္ဂလားဒေ့ရှ်နဲ့ထိစပ်နေတဲ့ နယ်ခြား ၂၅၄၅ မိုင်တစ်လျှောက်လုံးနီးပါး စည်းရိုးကာရံပြီး ဖြစ်ကြောင်း အလားတူ မြန်မာနိုင်ငံနဲ့နယ်ခြားမှာလည်း ကာရံဖို့အတွက် နယ်စပ်လုံခြုံရေးကို ဆောင်ရွက်ဖို့ရှိကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီး အာမစ်ရှားက ပြောပါတယ်။ 


   မြန်မာနဲ့ ခြောက်နှစ်ကြာ လွတ်လပ်စွာ သွားလာခွင့်သဘောတူညီချက်ကို ဖျက်သိမ်းခဲ့ပြီးဖြစ်ကြောင်း၊ နှစ်ဖက်စလုံးရှိ မျိုးနွယ်ချင်းနီးစပ်သူတွေနဲ့ မိသားစု ဆက်သွယ်သွားလာမှုရှိနေတဲ့ နယ်စပ်နေထိုင်သူတွေ အကြား ဗီဇာမလိုဘဲ နယ်မြေအတွင်း ၁၀ မိုင်အထိ ရက်သတ္တနှစ်ပတ်ကြာ ခရီးသွားလာခွင့်ကိုလည်း ဖျက်သိမ်းသွားမှာဖြစ်ကြောင်း၊ အဲဒီအစီအစဉ်ကို မြန်မာနိုင်ငံကလွဲပြီး ကျန် အိန္ဒိယအရှေ့မြောက်ပိုင်း အာရူနာချယ်၊ ပရာဒက်ရှ်၊ နာဂလန်း၊ မဏိပူရ၊ မီဇို ရမ်ပြည်နယ် လေးခုလုံးက ကန့်ကွက်နေတယ်လို့  ပြည်ထဲရေးဝန်ကြီးကပြောပေမယ့် စည်းရိုးကာမယ့် အစီအစဉ်အသေးစိတ်ကို ရှင်းပြဖို့ ငြင်းဆိုပါတယ်။ 


အိန္ဒိယနဲ့တရုတ်တို့အကြား မိုင်ပေါင်း ၂၁၀ဝ ခန့်ကို မျှဝေပိုင်ဆိုင်ပါတယ်။ အဲဒီဒေသအားလုံးဟာ တစ်ချိန်က တိဗက်နိုင်ငံလို့ အများသိရှိထားကြတဲ့ အာရှအရှေ့ပိုင်း ကမ္ဘာ့အမြင့်ဆုံး တောင်တန်းဒေသ ကြီးဖြစ်ပါတယ်။ ဗဟိုချုပ်ကိုင်မှုကင်းမဲ့ပြီး ဌာနေ တိုင်းရင်းသားနိုင်ငံရေး ပုံစံရှိတဲ့ တိဗက်ဟာ နိုင်ငံတစ် ခုလုံးအနေနဲ့ ကာကွယ်ရေးအင်အား အလွန်ချည့်နဲ့ပါ တယ်။  အဲဒါကြောင့် တိဗက်မျိုးနွယ်စု တစ်ခုခုဖြစ်စေ  နယ်မြေအစိတ်အပိုင်း တချို့ဖြစ်စေ တရုတ်ပြည်မ ကြီးရဲ့ အုပ်ချုပ်မှုအောက်ကို မကြာခဏရောက်ရှိခဲ့ရပါတယ်။

  ဒုတိယကမ္ဘာစစ်နောက်ပိုင်း ၁၉၅၀ ပြည့်နှစ် မဲ ခေါင်မြစ်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ဟာ ၁၈ ရက် မျှသာကြာမြင့်တဲ့စစ်ပွဲအပြီး တိဗက်ကွန်မြူနစ်တွေ အကူအညီနဲ့ ဒေသတစ်ခုလုံးကို သိမ်းယူခဲ့ပါတယ်။ အုပ်ချုပ်သူ ဒလိုင်းလားမားလည်း ထွက်ပြေးရပြီး ၁၉၅၁ ခုနှစ်မှာ ဒေသကြီးတစ်ခုလုံးဟာ တရုတ်ပြည် သူ့သမ္မတနိုင်ငံရဲ့ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သွားပါတယ်။


ကမ္ဘာကြီးတစ်ခုလုံး အရှေ့အနောက် စစ်အေး တိုက်ပွဲ အပြင်းထန်ဆုံးအချိန် ထွက်ပြေးသွားတဲ့ ဒလိုင်းလားမားကို အိန္ဒိယက ခိုလှုံခွင့်ပေးခဲ့ပါတယ်။ ဒီအတွက်  အိန္ဒိယကို  ခြေကုပ်ယူပြီး တိဗက်ဒေသအတွင်း မတည် မငြိမ်ဖြစ်အောင် လုပ်ဆောင်နေ တယ်လို့ ပေကျင်းက ယူဆပါတယ်။ အတိတ်ကာလ ဗြိတိသျှ အရှေ့ကုမ္ပဏီက အိန္ဒိယမှာစိုက်ပျိုးတဲ့ ဘိန်း တွေကို တရုတ်ပြည်တွင်း တင်သွင်းခြင်းဖြင့် သူတို့လူ မျိုးကို လူညွန့်တုံးစေခဲ့တာ ကိုလည်း မမေ့နိုင်ဘဲ ရှိနေပါတယ်။ 

  ယခင်တိဗက်အစိုးရနဲ့ ဗြိတိသျှအိန္ဒိယအစိုးရတို့ အကြားချုပ်ဆိုခဲ့သမျှ  စာချုပ်အတော်များများကို  “တိ ဗက်သည် ဘယ်တုန်းကမှ သီးခြားနိုင်ငံမဟုတ်”ဆိုတဲ့ မူဝါဒအရ ပေကျင်းက ငြင်းဆိုခဲ့ပါတယ်။ ဒီအတွက် အိမ်နီးချင်းအိန္ဒိယတို့အကြား နယ်စပ်တစ်လျှောက် နယ်မြေကြီး နှစ်ခုနဲ့ နယ်မြေငယ် အတော်များများမှာ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအတွက် နှစ်နိုင်ငံ အငြင်းပွားစရာ ဖြစ်သွားရပါတယ်။ ၁၉၅၉ ခုနှစ် တိဗက်အုံကြွမှုနောက်ပိုင်း ကမ္ဘာ့လူဦးရေအများဆုံး အိမ်နီးချင်းနိုင်ငံကြီး နှစ်နိုင်ငံအကြား နယ်စပ်တိုက် ပွဲငယ်များ မကြာခဏ ဖြစ်ပွားလာခဲ့ပါတယ်။


  အိန္ဒိယနိုင်ငံမြောက်ပိုင်း ကက်ရှ်မီးယားနယ်မြေ အစိတ်အပိုင်းတချို့အတွက် ပါကစ္စတန်-တရုတ်နဲ့ အိန္ဒိယတို့အကြား ပိုင်ဆိုင်ကြောင်းအငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။ အိန္ဒိယတိုက်ငယ် ဗြိတိသျှကိုလိုနီလက် အောက်မှ လွတ်မြောက်တဲ့အခါ  ကိုးကွယ်ရာဘာ သာဝင်အများစုနေထိုင်ရာအလိုက် ဟိန္ဒူ အိန္ဒိယနဲ့ မွတ်စလင် ပါကစ္စတန်လို့ ကွဲပြားသွားပါတယ်။ ပါကစ္စ တန်လို့ဆိုရာမှာ အနောက်ပါကစ္စတန် (ယခု ပါကစ္စ တန်)နဲ့ အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) ရယ် လို့ အလယ်မှာ မိုင် ၈၀ဝ ကျော် အိန္ဒိယ တစ်ခုလုံးခြား ပြီး ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ 

  ၁၉၄၇ ခုနှစ် ကက်ရှ်မီးယားဒေသ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အိန္ဒိယနဲ့ ပါကစ္စတန်တို့အကြား ပထမ အကြိမ် ကက်ရှ်မီးယားစစ်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ၁၃ လကျော် စစ်ပွဲအတွင်း နှစ်ဖက်စစ်သား ၆၀ဝ၀ ကျော် သေဆုံးပြီးနောက် ကက်ရှ်မီးယားကို ပါကစ္စတန်နဲ့ အိန္ဒိယတို့က အသီးသီး ခွဲခြားထိန်းချုပ်လိုက်ကြပါ တယ်။ နှစ်ဖက်စစ်သားတွေ ရန်စောင်နေတဲ့ အမှန်တကယ်ထိန်းချုပ်မျဉ်း (LOC) ရဲ့ အရှေ့ဘက်ခြမ်း”အက်ဆိုင်ချင်း”မှာ တရုတ်စစ်တပ်ရှိနေပါတယ်။ ပါကစ္စ တန်က သူတို့ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယား မြောက်ပိုင်းရဲ့အရှေ့ဘက်ကို တရုတ်ထံ ပေးအပ်ထား တယ်လို့ အိန္ဒိယကပြောပါတယ်။ အဲဒီနယ်မြေဟာ တရုတ်ရဲ့အနောက်ပိုင်း ရှင်းကျန့်ပြည်နယ်ရဲ့ အစိတ် အပိုင်းဖြစ်တယ်လို့ ပေကျင်းကပြောပါတယ်။ 


  အိန္ဒိယအရှေ့မြောက်ပိုင်း ဝေးလံခေါင်ဖျား ကုန်းတွင်းပိတ် ပြည်နယ် ခုနစ်ခုကို “ညီအစ်မ ခုနစ်ဖော်” လို့ ခေါ်ဆိုပါတယ်။ မြန်မာနိုင်ငံက ချင်းပြည်နယ် နဲ့ထိစပ်နေတဲ့ အိန္ဒိယရဲ့ အာရူနာချယ်ပြည်နယ်ဆိုတဲ့အမည်ကို တရုတ်က အသိအမှတ်မပြုပါဘူး၊ ဗြိတိသျှအိန္ဒိယအစိုးရလက်ထက် တိဗက်နဲ့ သဘော တူညီ ခဲ့တဲ့ “မက်မဟွန် နယ်ခြားမျဉ်း”ကိုလည်း တရုတ်က ငြင်းပယ်ပါတယ်။ ကက်ရှ်မီးယားနဲ့ တိဗက်ဒေသတို့ရဲ့ လူနေထိုင်ခြင်းမရှိတဲ့ ကုန်းမြင့်ဒေသတစ်လျှောက် ရှင်ကျန်း-တိဗက်အဝေး ပြေးလမ်းမကြီးကို ဖြတ် ကျော်ပြီး စားကျက်မြေတွေဟာ တိဗက် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသရဲ့ တောင်ပိုင်းဖြစ်တယ်လို့ အခိုင်အမာ ဆိုပါတယ်။

   ၁၉၆၂ ခုနှစ် အိန္ဒိယဝန်ကြီးချုပ် နေရူးနဲ့ တရုတ် ခေါင်းဆောင် မော်စီတုန်းလက်ထက် နယ်စပ်ပိုင်နက် အငြင်းပွားရာမှ တရုတ်နဲ့အိန္ဒိယတို့အကြား အတိအ လင်း လက်နက်ကိုင် စစ်ခင်းကြပါတယ်။ နီပေါနိုင်ငံ အနောက်ပိုင်း အက်ဆိုင်ချင်းနဲ့ ဘူတန်နိုင်ငံအရှေ့ ဘက်မှာ နှစ်ဖက်တပ်တွေ ပြင်းထန်စွာထိပ်တိုက် တွေ့ကြပါတယ်။ မြန်မာနိုင်ငံ ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ မက်မဟွန်မျဉ်းကို တရုတ်ပြည်သူ့လွတ် မြောက်ရေးတပ်များ ဖြတ်ကျော်လာခဲ့ပါတယ်။ နျူက လီးယားလက်နက်ပိုင် အိမ်နီးချင်းနှစ်နိုင်ငံအကြား အမြင့်ပေ တစ်သောင်းကျော်ရှိတဲ့ ရေခဲဖုံးတောင်တန်း တွေပေါ်မှာ အကြိတ်အနယ် တိုက်ခိုက်ခဲ့ကြပါတယ်။


   တစ်လနဲ့တစ်ရက်ကြာ စစ်ပွဲအတွင်း  အိန္ဒိယ ဘက်က အကျအဆုံးများရခြင်းမှာ ရန်သူတို့ရဲ့ တပ်တည် တပ်လှုပ်နဲ့ပတ်သက်ပြီး ထောက်လှမ်းရေး သတင်း လုံးဝနီးပါးမရရှိခြင်းကြောင့်ဖြစ်တယ်လို့ ဆို ပါတယ်။ အကြီးအကျယ်ဖြစ်ပွားတဲ့ စစ်မြေပြင် နှစ်နေရာလုံးမှာ တရုတ်တို့က  အိန္ဒိယတပ်တွေကို မောင်းထုတ် နိုင်ခဲ့ပါတယ်။ အိန္ဒိယက သူတို့ပိုင်ဆိုင် တယ်ဆိုတဲ့ အက်ဆိုင်ချင်းကို တရုတ်တို့က သိမ်းယူ လိုက်ပါတယ်။ ရှန်းကျန့်-တိဗက် အဝေးပြေးလမ်းဆုံး]တာဝမ်း}မြို့အပါအဝင် အာရူနာချယ်ပရာဒက်ရှ် မြောက်ပိုင်းကို နယူးဒေလီက ဆက်လက်ထိန်းချုပ် နိုင်ခဲ့ပါတယ်။ 

   ၁၉၆၉ ခုနှစ်မှာ တရုတ်ဟာ မြောက်ဘက်အိမ်နီးချင်း ဆိုဗီယက် ရုရှားနိုင်ငံနဲ့လည်း နယ်စပ်စစ်ပွဲဖြစ် ပွားခဲ့ပါတယ်။ ၁၉၇၁ ခုနှစ် ဘင်္ဂါလီလွတ်လပ်ရေး လှုပ်ရှားမှုနဲ့အတူ တတိယအကြိမ် အိန္ဒိယ-ပါကစ္စတန် စစ်ပွဲ ဖြစ်ပွားတဲ့အခါ နယူးဒေလီဘက်က ဆိုဗီယက် တို့က ကူညီပေးခဲ့ပြီး အစ္စလာမ်မာဘတ်မှာ တရုတ်-အမေရိကန်တို့က ကူညီခဲ့ပါတယ်။ ရုရှားတို့ဟာ အိန္ဒိယအတွက် အကြီးဆုံး ခေတ်မီစစ်လက်နက်ရရှိရာ ရင်းမြစ်ကြီးဖြစ်ပါတယ်။


   ပိုင်ဆိုင်မှု အငြင်းပွား အာရူနာချယ်ပရာဒက်ရှ် ပြည်နယ်အရောက် တရုတ်တို့ဘက်ကထောက်ပံ့ ပို့ဆောင် ရေးခက်ခဲပေမယ့် မြန်မာနိုင်ငံ ကချင်ပြည် နယ်မှတစ်ဆင့် အလွယ်တကူ သွားရောက်နိုင်ပါ တယ်။ အလားတူ ညီအစ်မ ခုနစ်ဖော်ကို အိန္ဒိယအ တွက် “မြန်မာနိုင်ငံ ကုလားတန်စီမံကိန်း” (ကိုးလ် ကတ္တား-စစ်တွေ ရေလမ်းကြောင်း)မှတစ်ဆင့် ပို့ဆောင်နိုင်ပါတယ်။

   မြန်မာနိုင်ငံအတွင်း လုံခြုံရေး မတည်ငြိမ်မှုတွေ နဲ့ ကုလားတန်စီမံကိန်းလမ်းဆုံ ပလက်ဝမြို့ကို တရုတ်ကိုယ်စားပြု ရခိုင်လက်နက်ကိုင်အဖွဲ့ AA က သိမ်းယူနိုင်လိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်တို့နဲ့ ထိစပ်နေတဲ့ ချင်းပြည် နယ် ရခိုင်မြောက်ပိုင်းတို့ကိုလည်း တဖြည်းဖြည်း ထိန်းချုပ်လာပါတယ်။ တရုတ်ကိုယ်စားပြုသူတွေ ဖြစ်ကြတဲ့  နာဂ-ကချင်-ချင်း-ရခိုင်လက်နက်ကိုင် တွေဟာ မြန်မာနိုင်ငံအတွင်းမှနေပြီး အိန္ဒိယကို ဝိုင်း ပတ်ထားသလို ဖြစ်လာပါတယ်။ 

   မြန်မာနိုင်ငံနဲ့ မိုင် ၁၃၀ ကျော်ထိစပ်နေတဲ့ နာဂလန်း ပြည်နယ်ကလည်း နယူးဒေလီဗဟိုအစိုးရရဲ့ သူတို့စိတ်နဲ့ သူတို့နယ်ခြားစည်းရိုးကာရံခြင်းကို သဘောမတူနိုင်ဘူးလို့ ဆိုနေပါတယ်။ နှစ်ဖက်စလုံး မှာ ထောင်နဲ့ချီတဲ့ နာဂမျိုးနွယ်တွေ  ပျံ့နှံ့နေထိုင်ကြပြီး ခွဲခြားလို့မရနိုင်ကြောင်း၊ ဒီဘက်ရွာမှာနေထိုင် သူတွေရဲ့ လယ်ယာတွေဟာ တစ်ဖက်နိုင်ငံအတွင်းမှာ ရောက်ရှိနေတယ်လို့ ပြောပါတယ်။

   မြန်မာနိုင်ငံနဲ့ မိုင် ၃၂၀ ကျော်ထိစပ်နေတဲ့ မီဇို ရမ်ပြည်နယ်ကလည်း နယူးဒေလီရဲ့အစီအစဉ်ဟာ သူတို့ရဲ့ မီဇို(ကုန်းမြင့်)ပြည်သူတွေလွတ်လပ်စွာ သွားလာမှုနဲ့ မြန်မာနိုင်ငံ ချင်းမျိုးနွယ်စုအချင်းချင်း တို့အကြား ကူးလူးဆက်ဆံရေးကို အတားအဆီးပြုရာ ရောက်တဲ့အတွက် သူတို့ပြည်နယ်အစိုးရနဲ့ ပြည်နယ် အဖွဲ့အစည်း အသီးသီးတို့က ဆန့်ကျင်ကန့်ကွက် တယ်လို့ ဆိုပါတယ်။

  ဗြိတိသျှတို့ဟာ မြန်မာနဲ့အိန္ဒိယဆိုပြီး ပိုင်းခြားခြင်းဖြင့် မီဇိုလူမျိုးကို ခွဲထုတ်ခဲ့ပြီးဖြစ်ကြောင်း ယခု တစ်ဖန် မတရားသဖြင့် နယ်စပ်စည်းရိုးကာခြင်းဟာ “လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်သဘောတူလညီချက်”  FMA ကို သွေဖည်ရာရောက်တဲ့အတွက် လက်မခံနိုင်တော့ကြောင်း ပြောပါတယ်။

   မြန်မာစစ်တပ်နဲ့ ဗဗ တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် မကြာသေးမီလတွေအတွင်း မီဇိုရမ်ပြည်နယ် သို့ ချင်းဒုက္ခသည် လေးသောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။ မီဇိုရမ်ပြည်နယ်အ တွင်း ထွက်ပြေးတိမ်းရှောင်လာသူတွေထဲမှာ ဗိုလ်မှူးကြီးအဆင့် အရာရှိတစ်ဦးအပါအဝင် မြန်မာတပ်မတော်မှ အရာရှိ စစ်သည် ၆၃၅ ဦး ပါဝင်နေကြောင်း၊ လက်ရှိအချိန်အထိ မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့သူ ၄၀ဝ ခန့်ရှိတယ်လို့ ဒေလီတာဝန်ရှိသူတွေက ဆိုပါတယ်။

   လုံခြုံရေးနှင့် သံတမန်သတင်းရင်းမြစ်များ အဆိုအရ အိန္ဒိယအနေနဲ့ မြန်မာအပေါ် နယ်ခြား စည်းရိုးကိစ္စနဲ့ပတ်သက်ပြီး အလျင်စလိုလုပ်ဆောင်မယ်ဆိုရင် နှစ်ဖက်ကြား သံတမန်ရေး တင်းမာမှုတွေ ကို ပိုမိုဆိုးရွားလာစေနိုင်ပြီး အိန္ဒိယရဲ့ ကာလရှည်ရပ် တည်နေတဲ့ “အရှေ့မျှော်” မူဝါဒကို ဆိုးရွားစွာ ထိခိုက် နိုင်တယ်လို့ အကြံပေးတိုက်တွန်းခဲ့ခြင်းမရှိကြောင်း၊ အိန္ဒိယရဲ့ မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံ အားလုံးတို့အကြား စီးပွားရေး၊ မဟာဗျူဟာနဲ့ နိုင်ငံ ရေးဆက်ဆံမှု တိုးချဲ့ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ဒေသတွင်းရပ်တည်မှုကို မြှင့်တင်ဖို့နဲ့ အဆိုပါဒေသ အတွင်း တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု ကြီးထွားလာနေခြင်းကို မှေးမှိန်စေရန် ရည်ရွယ်ခြင်းဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။


  ဒီအချက်ကို အဆုံးသတ်ဖို့အတွက်ဆိုရင် အိန္ဒိယဟာ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်း အာဏာသိမ်းပြီးနောက် မြန်မာ နစက အစိုးရနဲ့ နီးကပ်တဲ့ဆက်ဆံရေး  ထူထောင်ခဲ့ပါတယ်။ ဒါပေမဲ့ လောလောဆယ် ဝေးလံ ခေါင်ဖျား အရှေ့မြောက်ပိုင်းပြည်နယ်တွေအတွင်း ဒုက္ခသည်တွေ အလုံးအရင်းနဲ့ လှိမ့်ဝင်လာခြင်းဟာ နယူးဒေလီအတွက် အချက်ပေးခေါင်းလောင်းသံတွေ ကို ကြားလိုက်ရသလိုပါပဲ။

  အိန္ဒိယရဲ့ နယ်စပ်ပြည်နယ်တွေအတွင်း ဒုက္ခသည်တွေနဲ့ တရားမဝင်မူးယစ်ဆေးဝါးတွေ ဝင်ရောက်မှုကြောင့် အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေနဲ့တွေ့ဆုံစဉ် နယူးဒေလီ နိုင်ငံ ခြားရေးဝန်ကြီးက ပြောပြခဲ့ကြောင်း၊ အဲဒီလှုပ်ရှားမှု အားလုံးကို တားဆီးပေးဖို့ အိမ်နီးချင်းနိုင်ငံကို တောင်းဆိုခဲ့ပါတယ်။

  တောင်တန်း၊ လျှိုမြောင်တွေနဲ့ တောတောင်တွေ ကို ရှုပ်ယှက်ခတ်အောင်ဖြတ်ကျော်ပြီး ကြမ်းတမ်းတဲ့ မြန်မာနယ်စပ်အပိုင်းငယ်တွေကိုပင် စည်းရိုးကာရံဖို့ အလုပ်ဟာ ထောက်ပံ့ပို့ဆောင်ရေးအတွက် လက် တွေ့မကျဘူးလို့ ဒေသအတွင်း တာဝန်ထမ်းဆောင် နေသူ အိန္ဒိယ စစ်တပ် အရာရှိတွေက ပြောကြပါတယ်။ ကုန်ကျစရိတ်ကြီးလေးလှတဲ့ တံတိုင်းစည်းရိုးကို စိုက်ထူဖို့အတွက် နှစ်ပေါင်းများစွာ အချိန်ယူရမှာဖြစ် ကြောင်း၊ ကာရံပြီးစီးခဲ့ရင်လည်း မြေမျက်နှာသွင်ပြင်အရ တံတိုင်းစည်းရိုးဟာ စိမ့်ဝင်သူတွေကို တားဆီး နိုင်မှာမဟုတ်ဘူးလို့ မှတ်ချက်ပေးပါတယ်။


   အိန္ဒိယဟာ စီးပွားရေးဒုက္ခသည်တွေ ဝင်ရောက်လာမှုကို စစ်ဆေးဖို့အတွက် ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ် ၂၅၄၅ မိုင်အနက် ၁၉၇၅ မိုင်ကိုလည်းကောင်း၊ မူးယစ်ဆေးဝါးမှောင်ခိုနဲ့ လက်နက်ကိုင် စစ်သွေးကြွ တွေရဲ့ ကျူးကျော် ဝင်ရောက်မှုကို တားဆီးဖို့အတွက် ပါကစ္စတန်နဲ့ နယ်နိမိတ် ၂၀၆၄ မိုင်အနက် ၁၂၈၂ မိုင်ကိလည်းကောင်း တံတိုင်း စည်းရိုးကာရံခဲ့ပြီး ဖြစ်ပါ တယ်။ ဒါပေမဲ့ အဲဒီအတိုင်းအတာဟာ အနည်းငယ်မျှ သာအောင်မြင်ကြောင်း သက်သေပြသလို ရှိနေပါ တယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံသည် အာရှအရှေ့ကုန်းတွင်းပိုင်းသို့ ရှေးဦးလူသားများ စတင်ပြန့်ပွားရာဒေသတစ်ခုဖြစ်သည်ဟု ဆိုလိုက်ခြင်း (ဘာသာပြန်ဆောင်းပါး)

RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved