Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
သဗ္ဗညုဘုရားကြီး ပြုပြင်ထိန်းသိမ်းရေးကို တရုတ်နှင့်ပူးပေါင်း၍ ( ၉ )နှစ်စီမံကိန်းဖြင့် မကြာခင် လပိုင်းအတွင်း စတင်နိုင်ရန် လျာထား

ယွန်း (NSS) - ဖေဖော်ဝါရီလ - ၁၄ 

     တရုတ်နှင့် ပူးပေါင်း၍ (၉)နှစ်စီမံကိန်းဖြင့် ဆောင်ရွက်သွားမည့် သဗ္ဗညုဘုရားကြီး ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို မကြာမီလပိုင်းအတွင်း စတင်နိုင်ရန် လျာထားကြောင်း ပုဂံရှေးဟောင်း သုတေသနဌာန ညွှန်ကြားရေးမှူးထံမှ သိရသည်။

   ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်  ဩဂုတ်လ(၂၄)ရက်တွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ သည့် သဗ္ဗညုဘုရားကြီးအား ပြန်လည်ပြုပြင်ရေး အတွက် တရုတ်နိုင်ငံမှပညာရှင်များက ပြုပြင်ရေး အစီအစဉ်များကို သက်ဆိုင်ရာသို့တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။ မူလက ဘုရားကြီး၏ ပြင်ဆင်မှု လုပ်ငန်းများကို  ယခု ဖေဖော်ဝါရီလတွင် စတင်နိုင်ရန် အကြမ်းဖျင်းသတ်မှတ်ထားခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် လက်ရှိအချိန်အထိ လုပ်ငန်းများစတင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။


“သူတို့နဲ့ပြောထားတာကတော့ ဖေဖော်ဝါရီလ လောက် စနိုင်အောင်တော့ ဆောင်ရွက်မယ်လို့အ ကြမ်းဖျင်းသိထားပါတယ်။ လောလောဆယ်တော့ စတင်နိုင်ခြင်းမရှိသေးပါဘူး။ ကြိုတင်ပြင်ဆင်တဲ့ အပိုင်းလေးတွေကိုတော့ သူတို့ဘက်ကဆောင်ရွက်နေတာရှိပါတယ်။ သူတို့ဘက်ကလည်း ဒီဘက်က ဖြစ်စေချင်တဲ့အတိုင်းကို ဆောင်ရွက်နိုင်အောင် ကြိုးစားပြီးတော့ လုပ်ပါ့မယ်လို့တော့ ပြောပါတယ်။ အခုလက်ရှိအခြေအနေအရတော့ သူတို့လည်း မရောက်လာသေးဘူးပေါ့”ဟု ပုဂံရှေးဟောင်း သုတေသနဌာန ညွှန်ကြားရေးမှူး ဦးမြင့်သန်းက NP News ကို ပြောသည်။

   လက်ရှိတွင် မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများ အနေဖြင့် သဗ္ဗညုဘုရားကြီး ပြန်လည်ပြုပြင်နိုင်ရေးကို ဆောလျင်စွာစတင်ရန် ဆန္ဒရှိနေပြီး မကြာမီလပိုင်း အတွင်း စတင်နိုင်ရန်လျာထားကြောင်း ညွှန်ကြား ရေးမှူး ဦးမြင့်သန်းက ဆက်လက်ပြောသည်။


    “ကျွန်တော်တို့ဘက်ကလည်း စောစော စတင်ချင်ပါတယ်။ လုပ်ငန်းတွေကိုစောစော စတင် နိုင်အောင် တောင်းဆိုထားတာရှိပါတယ်။ မကြာခင် စတင်နိုင်မယ်လို့တော့ ပြောလို့ရတယ်။ ဒါပေမဲ့ အချိန် အတိုင်းအတာအရတော့ ပြောဖို့ခက်တယ်။ ကျွန် တော်ထင်တာကတော့ (၄)လပိုင်းထက်တော့ နောက် မကျဘူးလို့တော့ ထင်ပါတယ်။ ဒီနှစ်ထဲမှာတော့ လုပ်သွားမှာပါ။ သူတို့ဘက်မှာကျတော့ ကျွန်တော်တို့ နိုင်ငံလိုပဲ သွားဖို့လာဖို့ပြင်ရမယ်။ ဘတ်ဂျက်ငွေ တောင်းရမယ်။ ဒီဇိုင်းတွေဘာတွေ အတည်ပြုချက် တွေယူရမယ်။ အဲဒီလိုမျိုးတွေလည်းရှိဦးမှာပေါ့။ အဲဒါတွေ ပြီးမှ ဒီဘက်ကိုဆင်းလာနိုင်မှာပါ” ဟု ၎င်းကပြောသည်။

    အဆိုပါ စီမံကိန်းကို တရုတ်နိုင်ငံနှင့် ပူးပေါင်း၍ (၉)နှစ်စီမံကိန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး  တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်အကြား သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးစာလွှာကို (၂၀၁၈) ခုနှစ် စက် တင်ဘာလ (၂၂)ရက်တွင် လက်မှတ်ရေးထိုးခဲ့၍ (၂၀၁၉) ခုနှစ် ဧပြီလတွင် သဗ္ဗညုဘုရား အရေးပေါ် ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။ သဗ္ဗညုဘုရားအား ပြန်လည်ပြုပြင်မှု များဆောင်ရွက်ရာတွင် မြေအောက်အမွေအနှစ်များ အား ထိခိုက်မှုအနည်းဆုံးဖြစ်အောင် စီမံဆောင်ရွက် ထားကြောင်း သိရသည်။

   ပြီးခဲ့သည့် (၂၀၁၆) ခုနှစ် ဩဂုတ်လအတွင်းက မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် အင်အား (၆ ဒသမ ၈) အဆင့်ရှိသော မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပုဂံရှိ သဗ္ဗညုဘုရားအပါအဝင် ရှေးဟောင်းစေတီ ပုထိုးပေါင်း(၃၈၉)ဆူ ထိခိုက်ပျက်စီးခဲ့သည်။ သဗ္ဗညု ဘုရားနှင့်ပတ်သက်၍ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးကော်မတီ ဖွဲ့စည်းထားပြီး အဆိုပါကော်မတီကို ဘုရားကြီးအတွက်သာမက ပုဂံဒေသနှင့် ပတ်သက်ပြီးဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားဝင်ရောက်မှုသည် အိမ်နီးချင်းနိုင်ငံများထက် (၁၀) ဆခန့် လျော့နည်းနေ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved