Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာကြီးတွင် မျှော်လင့်မထားသောဖြစ်လာနိုင်သည့်ဟောကိန်းများ(ဘာသာပြန်ဆောင်းပါး)

ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁၃

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေတဲ့ စစ်ပွဲ၊ အစ္စရေးနဲ့ဟားမတ်စ် လက်နက် ကိုင်အဖွဲ့ ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲအပါအဝင် နိုင်ငံတချို့ရဲ့စစ်ပွဲတွေကြောင့် ကမ္ဘာတစ်ဝန်းမှာ ရိုက်ခတ်မှုတွေရှိ လာခဲ့ပြီး လူသန်းနဲ့ချီပြီးနေရပ်စွန့်ခွာထွက်ပြေးရတာ၊ စားနပ်ရိက္ခာလို အပ်ချက်တွေဖြစ်လာ တာတွေဖြစ်ပွားခဲ့ပါ တယ်။ 

ဒါကြောင့် ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာကြီးမှာ ဘာ တွေထပ်မံဖြစ်လာမလဲဆိုတဲ့အချက်က စိတ်ဝင်စားဖွယ် ကောင်းတဲ့ မေးခွန်းတစ်ရပ်အဖြစ်ရှိနေခဲ့ပါတယ်။ အထူးသ ဖြင့် ၂၀၂၃ ခုနှစ်အတွင်းဖြစ်ပွားနေတဲ့  စစ်ပွဲတွေဟာ အဆုံး သတ်မှာလား ဒါမှမဟုတ် ဆက်လက်ဖြစ်ပွားနေမှာလားဆို တဲ့အချက်အပြင်  ၂၀၂၄ခုနှစ်အတွင်းမှာ ဘာတွေထပ်မံဖြစ် လာနိုင်မလဲဆိုတဲ့အချက်ကို လူအများစိတ်ဝင်စားနေလောက်ပါပြီ။ ဒါကြောင့်လည်း ကမ္ဘာကျော် အကြားအမြင်ပညာ ရှင်တွေရဲ့ ကြိုတင်ဟောကိန်းတွေနဲ့အတူ ရှောင်ရန်၊ ဆောင် ရန်တွေကို ကြိုတင်လေ့လာတာတွေလည်းရှိနေခဲ့ပါတယ်။ 


လက်ရှိအချိန်မှာတော့ ကမ္ဘာကျော်ပြင်သစ်အကြားအမြင် ပညာရှင်တစ်ဦးဖြစ်တဲ့ နိုစထရာဒါမက်ရဲ့ဟောကိန်းဟာ ကမ္ဘာ့နိုင်ငံတွေကြား စိတ်ဝင်စားဖွယ်ကောင်းနေတဲ့ ဟော ကိန်းတစ်ခုဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်းဖြစ်လာနိုင်ဖွယ်ရှိနေတဲ့ ကြိုတင်ဟောကိန်းတွေထဲမှာ ရေတပ်တိုက်ပွဲတွေဖြစ်လာမယ်ဆိုတဲ့ အချက်လည်းပါဝင် နေရာ ဘယ်နိုင်ငံတွေက ရေတပ်တိုက်ပွဲတွေကို ရင်ဆိုင်ရမလဲ ဆိုတဲ့အချက်က စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။ နိုစထရာ ဒါမက်ဟာ ပြင်သစ်နက္ခတ္တဗေဒပညာရှင်၊ ဆေးဝါးဖော်စပ် ရောင်းချသူ၊ သမားတော်တစ်ဦးဖြစ်သလို အများကလက် ခံကြတဲ့ ရှေ့ ဖြစ်ဟောဆရာတစ်ဦးအဖြစ် ကမ္ဘာကျော်ခဲ့သူ ဖြစ်ပါတယ်။ ဂျူးလူမျိုးဖြစ်တဲ့ နိုစထရာဒါမက်ဟာ လက် ရှိအချိန်မှာ သက်ရှိထင်ရှားမရှိတော့ပေမယ့် သူမသေ ဆုံးခင် ၁၅၅၅ ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့တဲ့ ကမ္ဘာကြီး မှာဖြစ်လာနိုင်ဖွယ်ရှိတဲ့ ကြိုတင်ဟောကိန်းအများစုကတော့ မှန်ကန်နေဆဲဖြစ်ပါတယ်။

   နိုစထရာဒါမက်ဟာ  Les Propheties အမည်ရှိ စာအုပ်ကို  ရေးသားပုံနှိပ်ထုတ်ဝေခဲ့ကာ အဲဒီစာအုပ်ထဲမှာ အနာဂတ်ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး အချက်ပေါင်း ၉၄၂ ခုကို နှစ်အလိုက်  ကြိုတင်ခန့်မှန်းဟော ကိန်း ထုတ်ထားရာ သူ့ကို ရှေ့ဖြစ်ဟောအနာဂတ်ကို ကြိုတင်ခန့်မှန်းတဲ့ ဆရာ တစ်ဦးအဖြစ် လူသိများ လက်ခံလာကြတာဖြစ်ပါတယ်။ ကြိုတင်ခန့်မှန်းရေးသားခဲ့တဲ့ သူ့စာအုပ်မှာ ခန့်မှန်းချက် တွေဖြစ်တဲ့ အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ လုပ်ကြံခံရမှု ၊ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှု‌ကြီးဖြစ်ပွားမှု နဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုးဖြစ်ပွားမှုတို့က မှန်ကန်တဲ့ ခန့်မှန်းချက်တွေလို့ ဆိုပါတယ်။ ၂၀၂၃ ခုနှစ်အတွက်ဆိုရင် လည်း ကမ္ဘာအနှံ့စီးပွားရေးပျက်ကပ်ဖြစ်ပွားကာ ဂျုံစတဲ့စား သောက်ဖွယ်တွေလည်း ဈေးတက်လာမယ်လို့ ခန့်မှန်းခဲ့ရာ မှန်ကန်မှုတွေရှိနေခဲ့ပြီး သူရဲ့  Les Propheties စာအုပ်ထဲမှာရေးသားထားတဲ့ ကြိုတင်ဟော ကိန်း ၇၀ရာခိုင်နှုန်းက မှန်ကန်မှုတွေရှိနေခဲ့ပါတယ်။

၂၀၂၄ ခုနှစ်အတွက် နိုစထရာဒါမက်ရဲ့ခန့်မှန်းချက်တွေထဲမှာ ရေတပ်တိုက်ပွဲဖြစ် လာမယ့် အကြောင်းအရာ၊ ရေလွှမ်းမိုးမှုနဲ့ ဆူနာမီအပါအဝင် သဘာဝဘေးဖြစ်လာနိုင် တဲ့အကြောင်းအရာ၊ ပုပ်ရဟန်းမင်းကြီးအပြောင်းအလဲဖြစ်  လာနိုင်မယ့်အကြောင်းအရာတွေ၊ ဗြိတိန်နိုင်ငံရဲ့ ချားလ်ဘု ရင် အပြောင်းအလဲဖြစ်လာမယ်ဆိုတဲ့ အကြောင်းအရာတွေ ပါဝင်နေပါတယ်။

 ရေတပ်တိုက်ပွဲတွေ ဖြစ်လာနိုင်သလား 

နိုစထရာဒါမက်က ၂၀၂၄ ခုနှစ်အတွင်းမှာ ရေတပ်တိုက်ပွဲတွေဖြစ်လာဖွယ်ရှိနေပြီး အနီရောင်ရန်သူတွေ ကြောက်လန့်ကာ သမုဒ္ဒရာကြီးလည်း ကြောက်လန့်မှု ကြုံရ မယ်လို့ဆိုပါတယ်။ ကျွမ်းကျင်သူတချို့တော့ အနီရောင် ရန်သူဆိုတာ အလံအနီရောင်ဖြစ်တဲ့ တရုတ်နိုင်ငံကို ရည်ညွှန်းတာမျိုးဖြစ်တယ်လို့ ဆိုထားပြီး သမုဒ္ဒရာ ကြီးဆိုတာ အိန္ဒိယသမုဒ္ဒရာကို ပြောဆိုတာမျိုးဖြစ်တယ်လို့ သုံးသပ်ပြောဆိုထားပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ထိုင်ဝမ်ကျွန်းနဲ့ တင်းမာမှုတွေရှိနေရာ  ထိုင်ဝမ်နဲ့တရုတ်နိုင်ငံကြား ရေတပ်တိုက်ပွဲတွေဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့ တချို့ နက္ခတ္တဗေဒပညာရှင်တွေက ခန့်မှန်းထားပါတယ်။ တရုတ်နိုင်ငံဟာ လက်ရှိအချိန်မှာ တောင်တရုတ်ပင်လယ် အရေး၊ ထိုင်ဝမ်ကျွန်းအရေးတို့နဲ့ အငြင်းပွားမှုတွေ ယခင် ထက် မြင့်တက်လာနေရာ နိုစထရာဒါမက်ရဲ့ဟောကိန်းက လက်တွေ့မှန်မလားဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါ တယ်။

တော်ဝင်ဘုရင် မောင်းထုတ်ခံရမယ် 

ဒါ့ပြင် နိုစထရာဒါမက်က ၂၀၂၄ ခုနှစ်အတွင်းမှာ တပ်သားတွေဟာ  “King of the Isles” ကို မောင်း ထုတ်မယ်လို့ ဟောကိန်းထုတ်ထားပါတယ်။ အဲဒီဟောကိန်း ထဲမှာ တပ်သားတွေ မောင်းထုတ်ခံရမယ့်ဘုရင်ကို အ တိအကျမပြောထားဘဲ “King of the Isles”ကို တပ် သားတွေမောင်းထုတ်မယ်ဆိုတဲ့အချက်ကို ဖော်ပြထားပြီး တချို့ကျွမ်းကျင်ပညာရှင်တွေကတော့ ဗြိတိန်တော်ဝင် ဘုရင်ကြီး ချားလ် III မောင်းထုတ် ခံရမယ်လို့ ခန့်မှန်း ထားကြပါတယ်။ နိုစထရာဒါမက်က ဆိုးရွားတဲ့စစ်ပွဲမှာ ဘုရင်အသစ်တစ်ပါး ဘိသိက်ခံရမယ်လို့ဆိုထားပြီး အဲဒီ ဘုရင်အသစ်က ကမ္ဘာကြီးကိုအေးချမ်းစေလိမ့်မယ်လို့ ဆိုထားပါတယ်။ ဗြိတိန်စာရေးဆရာတစ်ဦးဖြစ်တဲ့ မာရီ ယိုရီဒင်းကတော့ နိုစထရာဒါမက်ရဲ့ဟောကိန်းကို လေ့လာ ကြည့်မယ်ဆိုရင် ဗြိတိန်ဘုရင်ကြီး ရာထူးကဆင်ပေးရဖွယ် ရှိတယ်လို့ဆိုပါတယ်။ ၎င်းက ဗြိတိန်တော်ဝင်ဘုရင်ကြီး ချားလ် III နဲ့ မိဖုရား ကာမီလာတို့ နှစ်ဦးစလုံး အငြင်းပွားမှု တွေ တိုက်ခိုက်ခံရတာမျိုးတွေရှိလာနိုင်တယ်လို့ဆိုပါ တယ်။ ဗြိတိန် စာရေးဆရာတစ်ဦးဖြစ်တဲ့ မာရီယိုရီဒင်းက ဘုရင်ကြီးချားလ် III နေရာမှာ သားတော်တွေထဲက တော် ဝင်မင်းသားဟယ်ရီက  ထီနန်းအရိုက်အရာဆက်ခံရဖွယ်ရှိတယ်လို့ဆိုပါတယ်။

ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ရင်ဆိုင်ရမယ်

နိုစထရာဒါမက်က ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝ ဘေးအန္တရာယ်တွေဟာ ၂၀၂၄ ခုနှစ်မှာ ပိုမိုဆိုးလာနိုင်တယ် လို့ဆိုထားပါတယ်။ “ ခြောက်သွေ့တဲ့မြေကြီးဟာ ပိုပြီး ခြောက်သွေ့လာလိမ့်မယ်။ ကြီးစွာသောရေလွှမ်းမိုးမှုဖြစ် လိမ့်မယ်”လို့ နိုစထရာဒါမက်ရဲ့ ၂၀၂၄ ခုနှစ်အတွက် ကြိုတင်ဟောကိန်းထဲမှာ ဖော်ပြထားပါတယ်။ ဒါ့ပြင် နိုစထရာဒါမက်က “ပျက်စီးသွားတဲ့ လှိုင်းလုံးတွေကြောင့် အလွန် ဆာလောင်မှုကြီးတယ်”လို့ပြောပါတယ်။ ကမ္ဘာကြီးမှာ နှစ်စဉ်နှစ်တိုင်းလိုလို ရေကြီးမှုတွေ၊ အပူလှိုင်းဖြတ်သန်းမှု တွေ၊ ငလျင်လှုပ်ခတ်မှုတွေ၊ မုန်တိုင်းကျရောက်မှုတွေ ဖြစ် လေ့ရှိနေရာ နိုစထရာဒါမက်ရဲ့ဟောကိန်းအရဆိုရင် ၂၀၂၄ ခုနှစ်မှာလည်း ကြီးမားတဲ့သဘာဝဘေးအန္တရာယ်တွေထပ် မံဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေကဆိုကြပါတယ်။ 

ပုပ်ရဟန်းမင်းကြီးအသစ်မြင်တွေ့ရမယ် 

နိုစထရာဒါမက်ရဲ့ ၂၀၂၄ ခုနှစ်အတွက် ဟောကိန်း တွေထဲက နောက်ဆုံးတစ်ခုကတော့ ပုပ်ရဟန်းမင်းကြီး အသစ်အစားထိုးတာတွေ ဖြစ်လိမ့်မယ်လို့ဆိုထားပါတယ်။ နိုစထရာဒါမက်က “အသက်ကြီးတဲ့ ပုပ်ရဟန်းမင်းကြီး ကွယ်လွန်သွားတော့ အသက်အရွယ်ကြီးရင့်တဲ့ ရိုမန် ကက်သလစ်တွေကို ရွေးကောက်တင်မြှောက်မယ်”လို့ ရေးသားထားတာဖြစ်ပါတယ်။ 

နိုစထရာဒါမက်ရဲ့ဟောကိန်းအရဆိုရင် ၂၀၂၄ ခုနှစ်အတွင်းမှာ လက်ရှိပုပ်ရဟန်းမင်းကြီး ကွယ်လွန်ပြီး သူ့နေရာမှာ ပုပ်ရဟန်းမင်းကြီးအသစ်ကို ထပ်မံအစားထိုး ရွေးချယ်ရမယ့် သဘောမျိုးရှိတယ်လို့ ကြိုတင်ဟောကိန်း တွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေကဆိုပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ လက်ရှိအချိန်မှာ အသက် ၈၇ နှစ် အရွယ်ရှိနေပြီး ကျန်းမာရေး ချူချာတာတွေရှိနေသူလည်း ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ကျန်းမာရေးနဲ့ပတ်သက် ပြီး ထင်ကြေးအမျိုးမျိုးထွက်ပေါ်နေခဲ့ပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ၂၀၂၄ ခုနှစ်အတွင်း သေဆုံးနိုင်ဖွယ်ရှိနေသ လားဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။

နိုစထရာဒါမက်ဟာ ကမ္ဘာကြီးမှာဖြစ်လာနိုင်တဲ့ အရာ တွေကို ကြိုတင်ဟောကိန်းထုတ်ခဲ့ရာ ဟောကိန်းတွေထဲက တချို့အချက်အလက်တွေ မှန်ကန်မှုရှိခဲ့သလို တချို့အချက် အလက်တွေ ဟောကိန်းတွေက မှန်ကန်မှုမရှိတာမျိုးတွေရှိနေခဲ့ပါတယ်။ နိုစထရာဒါမက်ရဲ့ဟောကိန်းကို လေ့လာသူ အများစုက Les Propheties အမည်ရှိ စာအုပ်ထဲမှာ ရေးသားထားတဲ့ဟောကိန်းတွေထဲကအများစုက မှန်ကန်ပေမယ့် လွဲချော်တာမျိုးတွေရှိတာတွေလည်း ရှိခဲ့ တယ်လို့ဆိုပါတယ်။ ဒါကြောင့် ၂၀၂၄ ခုနှစ်အတွက် နိုစထရာဒါမက် ကြိုတင်ဟောကိန်းထုတ်ထားတဲ့ ခန့်မှန်း ချက်တွေထဲက ဘယ်အချက်တွေ မှန်ကန်ပြီး ဘယ်အချက် တွေလွဲချော်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သာမန်အခြေအနေမဟုတ်တဲ့ မြန်မာနိုင်ငံမှာ ဆန်ပြတ်လပ်မှုဖြစ်လာခဲ့ရင် ဘာတွေပြင်ဆင်ထားလဲ . . .

RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved