Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဝိုင်းစုခိုင်သိန်းကို ကွာရှင်းပြတ်စဲပေးမည်ဖြစ်သဖြင့် ပိုင်ဆိုင်မှုအညီအမျှ ခွဲယူရန် အဆိုတော်အောင်လ (ခ) ဇွဲရန်အောင်လှက အသိပေးအကြောင်းကြား

အိဖြူသိမ့် (NSS) - ဖေဖော်ဝါရီ ၁၃

အဆိုတော်အောင်လ(ခ)ဇွဲရန်အောင်လှက ဇနီးဖြစ်သူ ဝိုင်းစုခိုင်သိန်းအား နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲပေး တော့မည်ဖြစ်ကြောင်းနှင့် နှစ်ဦးသားပိုင်ဆိုင်မှုကို အညီအမျှခွဲယူကြမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာမှတဆင့် ဖေဖော်ဝါရီလ ၆ ရက်တွင် တရားဝင်အသိပေးအကြောင်းကြားလိုက်သည်။ 

၎င်းတို့နှစ်ဦးသည် ၂၀၁၈ ခုနှစ် မတ်လတွင် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ တရားဝင်လက်ထပ်၍ အကြင် လင်မယားအဖြစ် စတင်ပေါင်းသင်းနေထိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအချိန်မှစ၍ နှစ်ဦးသားပေါင်းသင်း နေထိုင်ခဲ့သည့် ကာလများအတွင်း အမှတ်(၄၁၅)၊ သရဖီ(၅)လမ်း၊ (၃၄) ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးရှိ အကျယ်အဝန်း ပေ(၄၀/၆၀) ကျယ်ဝန်းသောမြေကွက်၊ အဆိုပါမြေကွက်ပေါ်တွင် ဆောက်လုပ်ထား သည့် နှစ်ထပ်တိုက်တစ်လုံး နှင့် အိမ်ထောင်ပရိဘောဂပစ္စည်းများ၊ ရှမ်းပြည်နယ် ကလောမြို့ ကလော-ကယား လမ်းကြီး (၁၂) ရပ်ကွက်ရှိ အကျယ်အဝန်း(ဝ.၄) ဧကရှိ မြေ (၁) ကွက်၊ ရှမ်းပြည်နယ် ကလောမြို့ ရွာပု ရွာရှိ အကျယ်အဝန်း(၁၀)ဧကရှိ မြေ(၁)ကွက်၊ ယာဉ်အမှတ် (၇ဏ-၅၅၄၄) PEUGEOT 5008 အမျိုးအစား အဖြူရောင်ကား(၁)စီး၊ စတူဒီယိုခန်းအတွင်းရှိ တူရိယာပစ္စည်းများကို ပိုင်ဆိုင်ခဲ့ကြောင်း သတင်းစာ အတွင်း ဖော်ပြပါရှိချက်အရ သိရသည်။ 

အောင်လ (ခ) ဇွဲရန်အောင်လှသည် တည်ဆဲအစိုးရကို စော်ကားပုန်ကန်မှု အကြမ်းဖက်အားပေး အားမြောက်ပြုမှု များဖြင့် ၂၀၂၂ ခုနှစ် ဧပြီလ ၄ ရက် တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က(ခ) အရ ပြစ်မှုထင်ရှားခဲ့ရာ အင်းစိန်ဗဟို အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံစေရန် ထောင်ဒဏ် ချမှတ်ခံခဲ့ရပြီး၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေး နေ့) တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ 

ထို့သို့အကျဉ်းကျနေစဉ် ဇနီးမယားဖြစ်သူ ဝိုင်းစုခိုင်သိန်းသည် အောင်လ (ခ) ဇွဲရန်အောင်လှထံ ကွာရှင်းပြတ်စဲပေး ရန် အကြိမ်ကြိမ်ဆက်သွယ်ခဲ့ကြောင်း၊ ထိုသို့တောင်းဆိုမှုများရှိခဲ့သော်လည်း အောင်လ(ခ)ဇွဲရန်အောင် ဘက်မှ ကွာရှင်းပြတ်စဲပေး မှု မပြုခဲ့ကြောင်း သိရသည်။ 

အောင်လ (ခ) ဇွဲရန်အောင်လှ အနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ချိန် တွင် ဇနီးမယားဖြစ်သူ ဝိုင်းစုခိုင်သိန်း နှင့် နှစ်ဦးသားကြားဖြေရှင်း၍မရနိုင်သည့် လူမှုရေး အရှုပ်အထွေးပြဿနာများ လူသိရှင်ကြား ထွက်ပေါ်လာခဲ့သည်။

၎င်းအကျဉ်းထောင်အတွင်းရှိနေစဉ် ဝိုင်းစု ခိုင်သိန်း သည် တခြားသော အမျိုးသားတစ်ဦးနှင့်ပတ် သက်မှုရှိခဲ့သည်ဟု ယူဆရသော ရုပ်သံဖိုင်တစ်ဖိုင် သည် ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာထက်တွင် ပျံ့နှံ့လာခဲ့သည့်အတွက် လူအများ၏ ဝေဖန်ပြောဆို မှုများနှင့်ရင်ဆိုင်ခဲ့ရသည်။


ထို့နောက် ၎င်းတို့၏ လင်မယားကြား ပြဿနာများသည် ဆိုရှယ်မီဒီယာများ၊ ပလက်ဖောင်း များပေါ်ထိပျံ့နှံ့ခဲ့ပြီး အောင်လ၏ အသိုင်းအဝိုင်းမှ စတင်၍ အဆိုတော်ဝိုင်းစုခိုင်သိန်း၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် ရေးသားပြောဆိုမှုများ ပြုလုပ်ခဲ့ကြ ပြီးနောက် ဝိုင်းစုခိုင်သိန်းသည်လည်း အောင်လ (ခ) ဇွဲရန်အောင်လှ၏ လူမှုရေးအရှုပ်အထွေးကိစ္စများနှင့် အိမ်တွင်းရေး အကြမ်းဖက်မှုလုပ်ရပ်တချို့ကို မီဒီယာ များထံ အသိပေးမှုများရှိခဲ့သည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ 

လက်ရှိတွင် အောင်လ (ခ) ဇွဲရန်အောင်လှ သည် ဇနီးမယားဖြစ်ခဲ့သူ ဝိုင်းစုခိုင်သိန်း၏ တောင်းဆိုသည့်ဆန္ဒအတိုင်း တရားဝင်အကြင်လင်မယားအဖြစ်မှ ကွာရှင်းပြတ်စဲပေးမည်ဖြစ်ကြောင်း နှင့် လင်မယားနှစ်ဦးသားပိုင် သာမန် လက်ထပ်ပွားပစ္စည်းများအား မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့်အညီ အညီအမျှခွဲဝေယူရန် ဥပဒေအရအကြောင်း ကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းစာဖော်ပြချက်များအရ သိရသည်။ နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြပါရှိသည့် နေ့/ရက်(ဖေဖော်ဝါရီ ၆)မှစ၍ (၁၅) ရက်တိတိ မြောက်သည့်နေ့ နောက်ဆုံးထား၍ ဆောင်ရွက်ပေး ပါရန် နှင့် မည်သည့်အကြောင်းနှင့်မဆို ဆောင်ရွက် ပေးခြင်း မပြုခဲ့ပါက ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အောင်လ (ခ) ဇွဲရန်အောင်လှဘက်မှ အသိပေးစာ ထုတ်ပြန်ခဲ့သည်ကိုလည်း တွေ့ရသည်။ 

ထိုသို့ အောင်လ (ခ) ဇွဲရန်အောင်လှ၏ အသိပေးအကြောင်းကြားစာနှင့်ပတ်သက်၍ အဆိုတော် ဝိုင်းစုခိုင်သိန်း ဘက်မှ ဖေဖော်ဝါရီလ ၁၃ ရက် အထိ တစ်စုံတစ်ရာမှ လူသိရှင်ကြား ပြန်လည်အသိပေး ဖြေရှင်းထားခြင်း မရှိသေးပေ။    

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လက်နက်ဖြင့် တိုက်ခိုက်ရယူထားသောနယ်မြေများအပေါ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ပြဋ္ဌာန်းခွင့်တို့သည် တရားဝင်ဖြစ်မှု တည်မြဲမှုမရှိ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved