Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကိုးကန့်ဒေသ ဥက္ကဋ္ဌဟောင်း ဦးပယ်ဆောက်ချိန် အပါအဝင် ၆ ဦး ကို မလွှဲပြောင်းမီကပင် တရုတ်ဒုရဲချုပ်က မြန်မာနိုင်ငံတွင် ရောက်ရှိစောင့်ဆိုင်းခဲ့ဟုဆို

သုတကျော် (NSS) - ဖေဖော်ဝါရီ ၁၃

ကိုးကန့်ဒေသ ဥက္ကဋ္ဌဟောင်း ဦးပယ်ဆောက်ချိန် အပါအဝင် ကိုးကန့်ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့ အဓိက ခေါင်းဆောင် ၆ ဦးကိုမလွှဲပြောင်းမီ အချိန်အတော်ကြာကပင် တရုတ်နိုင်ငံမှ ဒုတိယရဲချုပ်အဆင့်ရှိသူက မြန်မာနိုင်ငံတွင် ရောက်ရှိကာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါဖြစ်စဉ်ကို သိရှိသူတစ်ဦးက NP News သို့ ပြောကြားချက်အရ သိရသည်။ 


မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီလ ၃ဝ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းထံသို့ မြန်မာနိုင်ငံ မြောက်ပိုင်း ကိုးကန့်ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့ အဓိကခေါင်းဆောင် ၆ ဦးဖြစ်သည့် ပယ်ဆောက်ချိန် (Bai Suo Cheng)၊ ပယ်ရင်ချန် (Bai Ying Cang)၊ ဝေ့ဟွိုင်ရန် (Wei Huai Ren)၊ လျိုကျန့်ရှန် (Liu Zheng Xiang)၊ လျိုကျန့်မောက် (Liu Zheng Mao) ၊  ရွှီလောက်ဖာ (XuLaoFa) နှင့် အခြားအရေးကြီး ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူ ၄ ဦးကို တရားဥပဒေ နှင့်အညီ လွှဲပြောင်းပေးအပ်ခဲ့ရာ အဆိုပါ ၁ဝ ဦးကို ထိုနေ့ ညတွင်ပင် တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။ 

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၈ ရက်တွင် လောက်ကိုင် မြို့  မှ ဝေ့ဟွိုင်ရန် (Wei Huai Ren) အပါအဝင် လေးဦး ကို ဖမ်းဆီးကာ လားရှိုးထောင်တွင် ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၈ ရက် ညပိုင်းတွင် အထူးလေယာဉ် ဖြင့် နေပြည်တော်သို့ ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကာ ဦးပယ်ဆောက်ချိန် (Bai Suo Cheng)နှင့် အခြားတစ်ဦးကိုမူ ယခင်ကပင်  နေပြည်တော်သို့ ခေါ်ယူထားခဲ့ရာ လွန်ခဲ့သော နှစ်လခန့်က စတင်၍ ပျဉ်းမနား အချုပ်ထောင်တွင်  ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ သိရှိသူက ဆိုသည်။ 

“တရုတ်ရဲ့ ဒုဝန်ကြီး၊ ဒုရဲချုပ်က (မြန်မာနိုင်ငံမှာ) ရောက်နေတာကြာပြီ။ သူတို့ ပေါ်လစ်ဗျူရိုက မှာလိုက် တယ်ပေါ့၊ အဲဒီတရားခံတွေ မပါလာမချင်း မပြန်နဲ့ဆိုပြီးမှာလိုက်တော့ ဒီမှာ လာစောင့်နေတာ” ဟု ၎င်းက သိရှိရသည့်အချက် အလက်ကို အခြေခံကာ ပြောကြားသည်။ 


၎င်းတို့ကို ခေါ်ဆောင်သွားသော လေယာဉ်ကို တရုတ်နိုင်ငံ၏ ပြည်သူ့လုံခြုံရေး ဗျူရိုမှ ငှားရမ်းထားခြင်းဖြစ်ပြီး တရုတ်နိုင်ငံ ကူမင်းမြို့သို့ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်ဟု တရုတ်သတင်းဌာနများတွင် ရေးသားချက်အရ သိရ သည်။ 

“အဲဒီခြောက်ယောက် (ဦးပယ်ဆောက်ချိန်ပါ ခြောက်ဦး)ရယ်၊ ဦးမြီ (မြီရှောက်ချန်း) အိမ်မှာ သေနတ်ပစ်ပါတယ် ဆိုတဲ့ ဗမာသုံးယောက်၊ ရှမ်းလေး တစ်ယောက် အပါအဝင် ဆယ်ယောက်ကို ခေါ်သွားတာပါ။ ညနေ လေးနာရီ မတ်တင်းပေါ့။ လေးနာရီထိုးဖို့ ဆယ့်ငါးမိနစ်လောက် အလိုမှာ အဲဒီ (ခေါ်မယ့်) လေယာဉ် ရောက်လာတယ်။ နဂို က ငါးနာရီခွဲ ထွက်ဖို့ စီစဉ်ထားတယ်။ ဒါပေမဲ့ အဆင်မပြေဘဲ ခုနစ်နာရီ သုံးမိနစ်မှ ထွက်သွားတယ်” ဟု ဦးပယ်ဆောက်ချိန်တို့ကို တရုတ်နိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် လေယာဉ်ထွက်ခွာသွားသည့် အခြေအနေနှင့်ပတ်သက်၍ အထက်ပါ သိရှိသူက ပြောသည်။

ယခုအကြိမ်လှုပ်ရှားမှုသည် တရုတ်-မြန်မာနှစ်နိုင်ငံက နိုင်ငံတကာရဲရေးရာ တရားဥပဒေစိုးမိုးမှု ပူးပေါင်း ဆောင်ရွက်ရာတွင် နောက်ထပ်ရရှိသည့် အထင်ကရ အောင်မြင်မှုရလဒ်ပင်ဖြစ်ကြောင်းနှင့် ယင်းသည် နှစ်နိုင်ငံက နိုင်ငံဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုကို ပူးတွဲတိုက်ဖျက်ခြင်း၊ အတူလက်တွဲကာ လုံခြုံရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းသည့် ပြတ်သားသော သန္နိဋ္ဌာန်နှင့် ခိုင်မြဲသောစိတ်ဓာတ်ကို အပြည့်အဝ ထင်ဟပ်စေသည်ဟု တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ကိုးကန့် ဒေသ ဥက္ကဋ္ဌဟောင်း ဦးပယ်ဆောက်ချိန်၊ သားဖြစ်သူ ပယ်ရင်ချန် (Bai Ying Cang)၊ ဝေ့ဟွိုင်ရန် (Wei Huai Ren) အပါအဝင် (၁၀) ဦးကို ယခင်က ဖမ်းဝရမ်း ထုတ်ထားခြင်းဖြစ်ပြီး အွန်လိုင်းလိမ်လည်သည့် အမှုနှင့် ပတ်သက်၍ ကိုးကန့် လုပ်ငန်းရှင် ၁၁  ဦးကို တရုတ်နိုင်ငံသို့ ရောက်ရှိစဉ် ဖမ်းဆီးထားကြောင်း သိရသည်။ 

ပြီးခဲ့သည့် နှစ် နိုဝင်ဘာလ ၁၆ ရက် နံနက်ပိုင်းကလည်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံးမှ  ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း အွန်လိုင်းလိမ်လည်မှု၊ လူကိုသွေးဆောင်ဆွဲခေါ်မှု များ၊ ပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ၊ ခြောက်လှန့်တောင်းယူမှုများကို ဂိုဏ်းဖွဲ့ကျူးလွန်ခြင်း၊ ကျူးလွန်ရန် အားထုတ်ခြင်းများကို အားပေးကူညီခြင်းများ ကျူးလွန်ခဲ့ကြောင်း ဝရမ်းထုတ်ခဲ့သည့်  မြီရှောင်ချန်၊ မြီကော်ဖျင်း(ခ) မြီရှောက်ဖျင်း၊ မြီကျွီလန်နှင့် မြီကျိန်းကျိန်း တို့ အနက် မြီရှောင်ချန်၊ မြီကော်ဖျင်း(ခ) မြီရှောက်ဖျင်းနှင့် မြီကျိန်းကျိန်းတို့ကို လောက်ကိုင်မြို့တွင် ဖမ်းဆီးခဲ့ရာ မြီရှောက်ချန်းသည် တရားမဝင်ကိုင်ဆောင်ထားသည့် ပစ္စတိုသေနတ်ဖြင့် မိမိကိုယ်ကိုယ်ပစ်ခတ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူစဉ် သေဆုံးသွားခဲ့သည်။ 

အဆိုပါ ဖမ်းဆီးရမိထားသူများကို တရားဥပဒေအရ အရေးယူနိုင်ရန်အတွက် နိုဝင်ဘာလ ၁၆ ရက်တွင် မြန်မာ-တရုတ် နယ်စပ်ရှိ ရန်လုံကျိုင်းနယ်စပ်ဂိတ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ကာ မြီရှောက်ချန်း၏ ရုပ်အလောင်းကိုမူ တရုတ်နိုင်ငံဘက်သို့ ယူဆောင်သွား ခြင်းမရှိဘဲ လိုအပ်သည့်  စစ်ဆေးအတည် ပြုမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

မြန်မာနိုင်ငံတွင် အွန်လိုင်း လိမ်လည်သည့် ကိစ္စနှင့် ပတ်သက်၍ UWSA ကလည်း ၎င်းတို့ဘက်တွင် ဖမ်းမိ သည့် အွန်လိုင်းလိမ်လည်သူ တရုတ်နိုင်ငံသားများကို တရုတ်နိုင်ငံထံ ပြန်လည်လွှဲပြောင်းပေးခြင်းများရှိကာ မြန်မာ အစိုးရနှင့် တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ထား သည့် UWSA မှ အဆင့်မြင့် အရာရှိနှစ်ဦးဖြစ်သော ချန်ရန်ပန်(ခ)ပေါက်အိုက်ပန်းနှင့် ရှောက်ရန်ပန်(ခ)ဟော်ချွင်ထင်(ခေါ်) အိုက်ဟော် တို့ကို ဝ ရဲတပ်ဖွဲ့ UWSP  က ဖမ်းဝရမ်း ထုတ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။ 

UWSA ၏ ဆောက်လုပ်ရေးဌာနမှူး အဖြစ် ယခင် က တာဝန်ယူခဲ့ဖူးသူ ပေါက်အိုက်ပန်းသည် ဝ ခေါင်းဆောင် ပေါက်ယူချန်း ၏ တူတော်စပ်ကာ မွေးစားသား ဟုလည်း အချို့က ဆိုကြပြီး UWSA ၏ မိုင်းလင်းခရိုင်မှူးအဖြစ် တာဝန်ယူခဲ့ဖူးသူ အိုက်ဟော်သည် ပေါက်ယူချန်း၏ သားမက်ဟောင်း ဖြစ်ကြောင်း ပြောကြားမှုများ ရှိကာ ၎င်းတို့ကို ရှာဖွေဖမ်းဆီးနိုင်ခွင့်နှင့် ပတ်သက်၍ UWSA ၏  အစိုးရခေါင်းဆောင်နေအိမ်၊ အေဂျင်စီ ကုမ္ပဏီလုပ်ငန်း၊ သီးသန့်နေရာ စသည့်ဖြင့် နေရာများတွင် အမေးအမြန်း မရှိ တိုက်ရိုက် ဝင်ရောက်ရှာဖွေနိုင်ကြောင်း UWSA ၏ ဝရမ်းစာတွင် ဖော်ပြထားကြောင်း သိရသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်အထိ တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား (၄၈၂၁၀)ဦးနှင့် အခြားနိုင်ငံခြားသား (၁၈၁၀)ဦးရှိခဲ့ရာ စုစုပေါင်း (၅၀ဝ၂၀)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း ဇန်နဝါရီလ(၃၁)ရက်က နေပြည်တော်တော်တွင် ပြုလုပ်ခဲ့သည့်  အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး မှ သိရသည်။ 

ထို့ပြင် ယခုနှစ် ဇန်နဝါရီလ ၂၃ ရက်ကလည်း ရှမ်းပြည်နယ်၊ နမ့်စန်မြို့အနီးပတ်ဝန်းကျင်ရှိ နေရာ(၃)နေရာ၌ ပန်ဆန်း၊ လောက်ကိုင်၊ မိုင်းပေါက်၊ မိုင်းလား ဒေသမှ ထွက်ပြေးတိမ်းရှောင်လာသော အမျိုးသား (၁၀ဝ၂) ဦးနှင့် အမျိုးသမီး (၃၆) ဦး ပါဝင်သည့် တရုတ်နိုင်ငံသား (၁၀၃၈)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရကာ အဆိုပါ ဖမ်းဆီးရမိခဲ့ သည့် တရုတ်နိုင်ငံသားများကို လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ကနဦးကာလ အဆက်မပြတ်တိုက်ဖျက်မှုကြောင့် လက်ရှိအထိ မြန်မာနိုင်ငံမြောက်ပိုင်း  အွန်လိုင်းလိမ်လည်မှု ပြစ်မှု ကျူးလွန်ကြောင်းသံသယရှိသူပေါင်း ၄၄၀ဝ၀ ကို တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းတို့အနက် နောက်ကွယ်မှ “ငွေကြေးထောက်ပံ့သူ”၊ အဖွဲ့ခေါင်းဆောင်နှင့်အမာခံများ ၁၇၁ ဦး၊ တရားခံပြေး ၂၉၀၈ ဦးပါဝင်ကာ အွန်လိုင်းလိမ်လည်သည့်အဖွဲ့များကို ပြင်းထန်စွာထိုးနှက်လိုက်ပြီး တိုက်ဖျက်ရေးလုပ်ငန်းသည် သမိုင်းဝင် အရေးပါကြီးမားသော ရလဒ်များရရှိခဲ့သည်ဟု ဖော်ပြထားသည်။                                                          

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဝိုင်းစုခိုင်သိန်းကို ကွာရှင်းပြတ်စဲပေးမည်ဖြစ်သဖြင့် ပိုင်ဆိုင်မှုအညီအမျှ ခွဲယူရန် အဆိုတော်အောင်လ (ခ) ဇွဲရန်အောင်လှက အသိပေးအကြောင်းကြား

RELATED POSTS
RECENT POSTS
မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ်မှ ဇိုလူမျိုးများ အိန္ဒိယ၌ ပြန်လည်ပေါင်းစည်းရေး အမေရိကန်၌ ရောက်ရှိစဉ် မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ်ပြောဆိုခဲ့
08 Nov 2024
ဖေ့ဘွတ်ပို့စ်တစ်ခုကြောင့် စစ်တကောင်းတွင် ဆူပူအကြမ်းဖက်မှုများဖြစ်ပွား
08 Nov 2024
ယခုဘဏ္ဍာနှစ်၌ မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ (၁၃ ဒသမ ၆၅ ) ရာခိုင်နှုန်းရှိနိုင်ဟု နစကအစိုးရ ခန့်မှန်း
08 Nov 2024
အမြင့်(၁၇)ပေနီးပါးရှိသော ရုံးပတီသီးပင် ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ဖွယ်ရှိ
08 Nov 2024
နာမည်ကျော် WBC ၏ Title match ပွဲစဉ်တစ်ပွဲကို မြန်မာနိုင်ငံတွင် ပြုလုပ်ရန်စီစဉ်နေ
08 Nov 2024
နန်းတော်တွေအပြင် ခရီးသွားဆွဲဆောင်မှုနေရာပေါင်းများစွာရှိတဲ့ ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင် အကြောင်း
08 Nov 2024
မြန်မာနိုင်ငံ၌ ရေနံဆိပ်ကမ်းများနှင့် LNG Terminal တည်ဆောက်ရန် နေရာကောင်းများလည်းရှိနေသည့်အတွက် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်
08 Nov 2024
ကြက်ရုပ်ပုံစံ ဖိလစ်ပိုင်ဟိုတယ် ကမ္ဘာ့အကြီးဆုံး ကြက်ပုံသဏ္ဍာန်ရှိ အဆောက်အအုံအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ဖွယ်ရှိ
08 Nov 2024
မော်လမြိုင်တွင် ဆီဘောက်ဆာကား မီးလောင်ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးကာ မီးသတ်တပ်ဖွဲ့နှင့် ပရဟိတအသင်းသားများအပါအဝင် (၂၁)ဦး ဒဏ်ရာရ
08 Nov 2024
ပုံမှန်လိုမျိုးလုပ်ဆောင်နိုင်တဲ့ ကမ္ဘာ့အသေးဆုံး မြေတူးစက်ကို အမေရိကန်အမျိုးသားတစ်ဦး ဖန်တီး
08 Nov 2024
ကုန်စည်(၈)မျိုးအပြင် နောက်တိုး(၃)ခု ပို့ကုန်သတ်မှတ်ချက်ကြောင့် ကုန်ဈေးနှုန်းထပ်မံတက်လာနိုင်သည့် အခြေအနေရှိနေ
08 Nov 2024
အိန္ဒိယအတွက် သံတမန်ရေးဟန်ချက်ညှိခွင့်ရနေသည့် BRICS ပလက်ဖောင်း
08 Nov 2024
တောဆင်ရိုင်းများ၏ စားကျက်မြေရှားပါးလာခြင်းသည် လူနေရာ အနီးတစ်ဝိုက်ကို ပိုမိုကျူးကျော်စေနိုင်
08 Nov 2024
၂၀၂၄ ခုနှစ်ဟာ ကမ္ဘာပေါ်မှာ အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့တယ်လို့ EU သိပ္ပံပညာရှင်တွေပြော
08 Nov 2024
အစိုးရ၏လိုငွေကို ပြည်တွင်း၊ ပြည်ပချေးငွေများဖြင့် ဖြည့်ဆည်းနေပြီး ငွေကျပ်ဘီလျံ (၉၆၀ဝ)ထက် ပိုမချေးရန် သတ်မှတ်ထား
08 Nov 2024
တရုတ်ဇနီးမယားလုပ်ပါက ငွေကျပ်သိန်း(၁၀၀)ရမည်ဟု ပြောဆိုစည်းရုံးကာ အမျိုးသမီး (၃)ဦးအား ရောင်းစားရန် စီစဉ်သူကို အလုပ်နှင့် ထောင်ဒဏ်နှစ် (၃၀)ချမှတ်
07 Nov 2024
မလေးရှားနိုင်ငံတွင် ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခံရသည့် မြန်မာအမျိုးသမီး၏ အလောင်းကို သင်္ဂြိုဟ်ရန်အတွက် မိသားစုနှင့် အဆက်အသွယ်မရဖြစ်နေ
07 Nov 2024
အမေရိကန်အစိုးရအဖွဲ့သစ်တွင် ပါဝင်မည့်သူများကို ထရမ့် ရွေးချယ်တော့မည်
07 Nov 2024
အမေရိကန်က ထိုင်ဝမ်ကို မိတ်ဆွေပီသသောချဥ်းကပ်မှု ဆက်လုပ်ဖွယ်ရှိနေ
07 Nov 2024
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို မီးပုံးပျံအလုံးရေ (၃၀၀၀)ကျော်ဖြင့် လွှတ်တင်ဖွင့်လှစ်သွားမည်
07 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved