CI စာအုပ်ဖြင့် အလုပ်လုပ်ကိုင်နေသော ထိုင်းရောက်မြန်မာလုပ်သားများကို နိုင်ငံကူး လက်မှတ် ထုတ်ယူခွင့်ရရှိရန် Mobile Team ဖြင့် သွားရောက်ဆောင်ရွက်ပေးမည်
Pearl (NSS) - ဖေဖော်ဝါရီ ၁၂
CI စာအုပ်ဖြင့် အလုပ်လုပ်ကိုင်နေသော ထိုင်းရောက်မြန်မာလုပ်သားများကို နိုင်ငံကူး လက်မှတ်ထုတ်ယူခွင့်ရရှိရန် Mobile Team ဖြင့် သွားရောက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက ယနေ့ (ဖေဖော်ဝါရီလ ၁၂ရက်) တွင် အသိပေးထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံ၌ CI စာအုပ်ကိုင်ဆောင်၍ အလုပ်လုပ်ကိုင်နေသူများအနေဖြင့် မဟာချိုင်တွင် ဖွင့်လှစ်ထားသော TDCC ရုံးခွဲ၌ လိုအပ်သောစာရွက်စာတမ်းများဖြင့် လာရောက်လျှောက်ထားပါက CI စာအုပ်မှ နိုင်ငံကူးလက်မှတ် (PJ – Passport) စာအုပ်များ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ယခုအခါ ထိုင်းနိုင်ငံအတွင်း CI စာအုပ်ကိုင်ဆောင်ပြီး စက်ရုံ/အလုပ်ရုံများ၌ အလုပ်လုပ်နေသော မြန်မာလုပ်သားများကို စက်ရုံ/အလုပ်ရုံများသို့ Mobile Team ဖြင့် သွားရောက်၍ အချက်အလက်ကောက်ယူခြင်း၊ မြန်မာနိုင်ငံ သက်ဆိုင်ရာဌာနများသို့ ပို့ဆောင်ပြီး မှန်ကန်မှု ရှိ/မရှိ အတည်ပြုခြင်း နှင့် နိုင်ငံကူးလက်မှတ် ထုတ်ပေးခွင့်ရယူခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သံရုံးက ဆိုသည်။
အချက်အလက် ကောက်ယူချိန်တွင် နိုင်ငံကူးလက်မှတ်ပြုလုပ်လိုသူများအနေဖြင့် သတ် မှတ်ကိုယ်ရေးမှတ်တမ်းပုံစံ ဖြည့်စွက်ထားခြင်း (ဓါတ်ပုံပါ) နှင့် ကိုင်ဆောင်ထားသည့် CI စာအုပ်မူရင်း၊ CI စာအုပ်၏ ဓါတ်ပုံပါ စာမျက်နှာမိတ္တူ ၊ CI စာအုပ်၏ ဗီဇာပါ စာမျက်နှာမိတ္တူ ၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် မိတ္တူ ၊ နိုင်ငံသားစိစစ်ရေးကတ်မူရင်းနှင့် မိတ္တူ ၊ အိမ်ထောင်စုစာရင်း မိတ္တူတို့ လက်ဝယ်၌ ရှိနေရမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် နိုင်ငံကူးလက်မှတ်ထုတ်ယူခွင့် ရရှိသူများသည် လက်မှတ်ထုတ်ယူပြီးပါက စက်ရုံ/အလုပ်ရုံ အစီအစဉ်ဖြင့် အလုပ်သမား သံအရာရှိရုံးသို့ ဆက်သွယ်ကာ MOU လုပ်သား အဖြစ် စာရင်းဝင်ရေး ဆက်လက်ဆောင်ရွက်နိုင်သည်ဟု သံရုံးက ဆိုသည်။
ထို့ပြင် ဤစာအုပ်သက်တမ်းကုန်ပါက နိုင်ငံကူးလက်မှတ်စာအုပ်အသစ် ဆက်လက်လျှောက် ထား လဲလှယ်နိုင်ကြောင်းလည်း သိရသည်။ စက်ရုံ/အလုပ်ရုံများတွင် လုပ်ကိုင်နေသော မြန်မာလုပ်သားများအနေဖြင့် ဖော်ပြပါ အချက်များအား စက်ရုံ/ အလုပ်ရုံများ၏ H.R Manager များသို့ အသိပေးသွားရန်နှင့် ကြိုတင်စာရင်းပြုစုထားနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် သံရုံးက အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယခု ဘဏ္ဍာနှစ် ၉ လတာအတွင်းသစ်သီးဝလံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၆ သန်းကျော်ရရှိ
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း