တင်းမာမှုများမြင့်တက်နေသည့်ကြားက အမေရိကန်နှင့် ဖိလစ်ပိုင်တို့ ရေကြောင်းပူးတွဲကင်းလှည့်မှု ထပ်မံပြုလုပ်
Pika (NSS) - ဖေဖော်ဝါရီ ၁၂
တရုတ်နိုင်ငံနှင့်တင်းမာမှုများရှိနေသည့်ကြားက အမေရိကန်နှင့် ဖိလစ်ပိုင်တို့သည် တောင်တရုတ်ပင်လယ်တွင် အနည်းဆုံး(၃)လအတွင်း တတိယအကြိမ်မြောက် ရေကြောင်းပူးတွဲကင်းလှည့်မှုကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းစေရန်အတွက် ယခုကဲ့သို့ ကင်းလှည့်မှု များကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။ အမေရိကန်ရေတပ် က "ဖိလစ်ပိုင်နဲ့ အမေရိကန်ရေတပ်တို့ဟာ ဖေဖော်ဝါရီလ(၉)ရက်မှာ အဆင့်မြင့်အစီအစဉ်ဆွဲမှုတွေနဲ့ ရေကြောင်း ဆက်သွယ်ရေး၊ စစ်ဆင်ရေးတွေ ပါဝင်တဲ့ ရေကြောင်းပူးပေါင်းဆောင်ရွက်မှုကို တောင်တရုတ်ပင်လယ်အတွင်း လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုအတွင်း တိုက်ခိုက်ရေးနဲ့ ကင်းလှည့်သင်္ဘောတွေအပြင် ရဟတ်ယာဉ်တွေလည်း ပါဝင်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုက ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာလက်ထက်တွင် အမေရိကန်နှင့် ဖိလစ်ပိုင် တို့ကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ တိုးလာနေခြင်းကို ပြသနိုင်ခဲ့ကြောင်းလည်းသိရသည်။ပြီးခဲ့သည့်နှစ်တွင် ဖိလစ်ပိုင်နှင့် တရုတ်တို့၏ သင်္ဘောများသည် တောင်တရုတ်ပင်လယ်အတွင်း တိုက်မိမှုများဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံကြားတင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန် နှင့် ဖိလစ်ပိုင်တို့သည် အလားတူ ရေကြောင်းပူးတွဲလေ့ကျင့်မှုများကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ နှောင်းပိုင်းနှင့် ယခုနှစ်အစောပိုင်းတို့တွင် လုပ်ဆောင်ခဲ့ကြကြောင်းလည်း သိရသည်။ ဖိလစ်ပိုင်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရိုမီယိုဘရောင်နာဂျူနီယာက"ဒီလိုအဆက်မပြတ် ရေကြောင်းပူးပေါင်းဆောင်ရွက်မှုတွေဟာ ဖိလစ်ပိုင်နဲ့ အမေရိကန် စစ်တပ်တို့ကြားမှာ တည်တံ့တဲ့ မိတ်ဖက်ဆက်ဆံရေးကို ထင်ရှားစေခဲ့ပါတယ်" ဟု ပြောခဲ့ သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
CI စာအုပ်ဖြင့် အလုပ်လုပ်ကိုင်နေသော ထိုင်းရောက်မြန်မာလုပ်သားများကို နိုင်ငံကူး လက်မှတ် ထုတ်ယူခွင့်ရရှိရန် Mobile Team ဖြင့် သွားရောက်ဆောင်ရွက်ပေးမည်
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ