Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနယ်စပ်တစ်လျှောက် ဘင်္ဂလားဒေ့ရှ်က တံတိုင်းစည်းရိုး တည်ဆောက်ဖို့ စီစဥ်နေ

Htay Oung (NSS) - ဖေဖော်ဝါရီ ၁၁

မြန်မာနဲ့ ထိစပ်နေတဲ့ ၁ဝ၂ဝ မိုင်ခန့်ရှိ နယ်ခြားတလျောက် တံတိုင်းစည်းရိုးကာရံဖို့ စီစဉ်နေတယ်လို့ အိန္ဒိယက ပြောပါတယ်။ ဒါပေမယ့် အဲဒီလောက်တောင် ရှည်ရှည်လျားလျား မရှိတဲ့ ဘင်္ဂလားဒေ့ရှ်ကတော့ ဒီလိုလုပ်ဖို့အတွက် လောလောဆယ် မစဉ်းစားနိုင်သေးဘူးလို့ ဒါကာထရီဗြွန်းသတင်းစာက ဖေဖော်ဝါရီလ ၁၁ ရက်မှာ ရေးသားခဲ့ပါ တယ်။ 

မကြာသေးမီက နယူးဒေလီကို သွားရောက်လည်ပတ်စဉ် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဒေါက်တာ ဟာဆန် မာမွတ်ဟာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာအပြင် အမျိုးသားလုံခြုံရေးအကြံပေး အဂျစ်ဒိုဗယ်နဲ့ လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ 


ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြား နယ်ခြားတလျောက်နေရာ အတော်များများမှာ မြစ်ချောင်းများဖြစ်နေတယ်လို့ တာဝန်ရှိသူများက အကြောင်းပြခဲ့ကြပါတယ်။ တစ်ဆက်တည်း စဉ်းစားကြည့်ရင် နယ်ခြားဆူးကြိုးများ ကာရံခြင်း ဟာ အိန္ဒိယရဲ့အကျိုးစီးပွားအတွက် အဓ်ိပ္ပါယ်ရှိပေမယ့် ဘင်္ဂလားဒေ့ရှ်အနေနဲ့ကတော့ လက်တွေ့ကျတဲ့ ခြေလှမ်း မဟုတ်ပါဘူး။

ဂျိုင်ရှန်ကာ- အဂျစ်တို့နဲ့ ဗုဒ္ဓဟူးနေ့တွေ့ဆုံစဉ် မြန်မာနယ်စပ် အကျပ်အတည်းကိစ္စကို ကိုင်တွယ်ဖြေရှင်းရာမှာ အိန္ဒိယနဲ့ ညှိနှိုင်းပြီးဆောင်ရွက်တဲ့ အစီအစဉ်အတိုင်း ရှေ့ဆက်သွားလိုကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟာဆန်မာမွတ်က ပြောခဲ့ပါတယ်။ ဒါပေမယ့် လောလောဆယ် ဘင်္ဂလားဒေ့ရှ် အနေနဲ့ နယ်ခြားစည်းရိုး ကာရံဖို့ကိစ္စ စဉ်းစားနေကြောင်း မပါဝင်ခဲ့ပါဘူး။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး၀န်ကြီးဟာ နောက်တစ်နေ့ ဒေလီအခြေစိုက် “ဗီဗီကာနန်ဒါ_အင်တာနေရှင်နယ်” နိုင်ငံရေး လူမှုစီးပွားရေးအကြံပေးသူများနဲ့ အမေးအဖြေပြုလုပ်စဉ် အလားတူမေးခွန်းကို ရင်ဆိုင်ခဲ့ရပါတယ်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း ပြေး၀င်တိမ်းရှောင်လာတဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ရာပေါင်းများစွာရှိ တယ်လို့ မာမွတ်က ပြန်လည်ဖြေဆိုပါတယ်။ နားလည်ထားမိတာ အိန္ဒိယက ဒီခြံစည်းရိုးကို ဆောက်ဖို့ ဆုံးဖြတ်ခဲ့ တာ သူတို့အတွက် လက်တွေ့ကျတဲ့ ခြေလှမ်းအဖြစ် သေချာကြောင်း၊ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် အတွက်တော့ ထိရောက်မှုမရှိနိုင်ဘူးလို့ ဆိုပါတယ်။

မြန်မာနယ်စပ်တလျှောက် သံဆူးကြိုးစည်းရိုးများ တည်ဆောက်ဖို့ တွန့်ဆုတ်နေရတဲ့အကြောင်းရင်း အတော်များ များရှိကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရကအိန္ဒိယကို အသိပေးခဲ့ပါတယ်။ ဆူးကြိုး ကာရံ-တည်ဆောက်မယ်ဆိုတဲ့ကိစ္စ ဟာ အချိန်ယူရပြီး အလွန်ပိုက်ဆံကုန်တဲ့ အလုပ်မျိုးဖြစ်ပါတယ်။ အခုချက်ချင်း တည်ဆောက်မယ်လို့ ဆုံးဖြတ် လုပ်ကိုင်ခဲ့ရင်တောင် ပြီးမြောက်တဲ့အထိ အနည်းဆုံး သုံးနှစ်လောက်တော့ အချိန်ကြာပါလိမ့်မယ်။ အဲဒီတော့ လက်ရှိဖြစ်ပေါ်နေတဲ့အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာမှာ ဘာမှမဆိုင်သလိုဖြစ်နေပါတယ်။

ဒါ့အပြင် ငွေကြေးဆိုင်ရာ အကျိုးသက်ရောက်မှုများလည်း ရှိနေပါတယ်။ နယ်ခြားစည်းရိုး တည်ဆောက်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ငွေကြေးထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြား နယ်ခြားမျဉ်း ၁၆၈ မိုင်ရှိရာမှာ လေးပုံတစ်ပုံခန့်ဟာ မြစ်ချောင်းများ ဖြစ်နေပါတယ်။ ဆိုလိုသည်မှာ နှစ်နိုင်ငံအကြား စီးဆင်းနေတဲ့ နတ်မြစ်ကို နယ်ခြားအဖြစ် သတ်မှတ်ထားခြင်းဖြစ်တဲ့အတွက် မိုင် ၄ဝ လောက်ကို ဆူးကြိုးတံတိုင်း ကာချင်လို့ မရပါဘူး။

တတိယအချက် (အရေးအကြီးဆုံး) ရှိပါသေးတယ်။ သန်းနဲ့ချီတဲ့ ဘင်္ဂါလီများကို ခိုလှုံခွင့်ပေးထားသူအဖြစ် ကမ္ဘာ့ စင်မြင့်မှာ ဘင်္ဂလားဒေ့ရ်ှရဲ့ ဂုဏ်သတင်းကို သိသိသာသာ မြှင့်တင်ပေးခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ နိုင်ငံအများအပြားနဲ့ အလှူရှင်အေဂျင်စီများက ဘင်္ဂလားဒေ့ရ်ှကို စုပြုံကူညီ ပံ့ပိုးပေးနေကြပါတယ်။ ယခု ဘင်္ဂလားဒေ့ရှ်က မြန်မာနယ်စပ်မှာ ခြံစည်းရိုးတွေ တည်ဆောက်မယ်ဆိုရင် ဆိုးရွားတဲ့ (ခွက်ပျောက်ကိန်း) အကျိုး သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့မြန်မာနယ်စပ်တလျှောက် စည်းရိုးခတ်လိုခြင်းဟာ ရိုဟင်ဂျာဆိုသူများ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ရေးလုပ်ငန်းစဉ်အပေါ် အဟန့်အတား ဖြစ်စေတယ်လို့ လေ့လာသူ အချို့က ယူဆကြပါတယ်။ အဲဒီလို ဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ်များ (သို့မဟုတ်) အကျိုးဆုတ်ယုတ်မှုများကို တားဆီးကာကွယ်ရန် ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ မယိုင်မလဲ သံဓိဌာန် ချမှတ်ဖို့သာ ရှိပါတယ်။

(စစ်ရေးအတွက်သာမက တရားမ၀င် ကူးသန်းသွားလာမှု၊ လူကုန်ကူးမှု၊ အကောက်အခွန်မဲ့နဲ့ တားမြစ်ပစ္စည်းများ သယ်ပို့မှုတို့ကို ထိန်းချုပ်ဖို့အတွက် တစ်နိုင်ငံနဲ့ တစ်နိုင်ငံအကြား စည်းရိုးတံတိုင်းကာရံခြင်းဟာ လူ့ယဉ်ကျေးမှု စောစောပိုင်းကတည်းက ရှိခဲ့ပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေးကို ဦးထိပ်ပန်ဆင်တဲ့ ဒုတိယကမ္ဘာစစ် နောက်ပိုင်းမှာ အဲဒီလို နယ်ခြားစည်းရိုး ကာရံခြင်းကိုလည်း လူသားများ လွတ်လပ်စွာ သွားလာပိုင်ခွင့်ကို တားဆီး ခြင်းအဖြစ် ဝါးလုံး ချေးသုတ်လုပ်နေကြပါတယ်။ အထူးသဖြင့် NLD အစိုးရလက်ထက် မြန်မာနိုင်ငံရဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားတလျောက် သံဆူးကြိုး ကာရံခြင်းဟာ လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ ဘင်္ဂါလီများအပေါ် လူမျိုးရေးခွဲခြားဆက်ဆံခြင်းအဖြစ် ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့ကြီးရဲ့မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား IIMM က သတ်မှတ်ခဲ့ပါတယ်။ နယ်ခြားစည်းရိုးကာရံဖို့ ငွေကြေးလှူဒါန်းသူ မြန်မာ့ စီးပွားရေးလုပ်ငန်းရှင်များအပေါ် ရာဇ၀တ်ကောင်များသဖွယ် နာမည်ပျက်စာရင်း သွင်းခဲ့ကြပါတယ်။


မြန်မာအစိုးရဲ့ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်နဲ့ သားကောင်ဖြစ်ရသူများအတွက် တရားမျှတမှု ရှိစေရမယ်လို့ ဆိုသူက IIMM အဖွဲ့ဝင် အင်ဒိုနီးရှား ရှေ့နေချုပ် ဟောင်း မာဇူကီ_ဒါရု့စ်မန် ဖြစ်ပါတယ်။ ၂၀၂၁-ခုနှစ် ဖေဖော်ဝါရီ နောက်ပိုင်း ဒါရု့စ်စမန်ဟာ မြန်မာတို့ရဲ့ မေတ္တာတုံးကြီး ဂျော့ဆိုးရော့စ်နဲ့ သူ့ရဲ့ထောက်ပံ့ခံ ရန်ဟီလီးနဲ့အတူ “မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအဖွဲ့“ SAC-M ဆိုပြီး သူတို့ဖာသာ သူတို့ဖွဲ့စည်းထားပါတယ်။ ။သတင်း ဘာသာပြန်သူ)

ရခိုင်ပြည်နယ်မှာ သောင်းကျန်းသူအုပ်စုများနဲ့ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း မြန်မာ စစ်တပ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲနဲ့ အခြားအဖွဲ့အစည်း၀င် ၂၀၀ ကျော်တို့ဟာ တမ်ဘာရူနဲ့ ဂေါင်းဒုံ နယ်စပ်ဒေသများ မှတဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဇန်နဝါရီလမှ စတင်ပြီး မြန်မာစစ်သား ၆ဝဝ ကျော်တို့ဟာ အိန္ဒိယနိုင်ငံအတွင်း အလားတူ ခိုလှုံခဲ့ကြပါတယ်။ အများစုမှာ နယ်စပ်နဲ့ နီးကပ်စွာ တည်ရှိတဲ့ မီဇိုရမ်ခရိုင် လောင်တလိုင်းဒေသမှတဆင့် စိမ့်ဝင်နေကြပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ် မြန်မာနိုင်ငံမှာ နစကအစိုးရ တက်လာပြီးနောက်ပိုင်း ချင်းပြည်နယ်မှ ဒုက္ခသည် ၄၀,၀၀၀ ကျော် တို့ဟာ အိန္ဒိယမီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေကြရပါတယ်။ ဒီအတွက် မြန်မာနဲ့ နယ်ခြားတလျောက် ဆူးကြိုးတံတိုင်း တည်ဆောက်တော့မယ်လို့ အိန္ဒိယပြည်ထဲရေးဝန်ကြီး အမစ်_ရှားက ပြောခဲ့တာ သိပ်မကြာသေးပါဘူး။ 

ယခုအထိတော့ အိန္ဒိယနဲ့ မြန်မာအကြား ဗီဇာမလိုပဲ နိုင်ငံသားများအချင်းချင်း နယ်ခြားမှ အတွင်းပိုင်း ၁၀ မိုင် အထိ လွတ်လပ်စွာသွားလာခွင့် FMR သဘောတူညီချက် တည်ရှိနေပါတယ်။ နယ်ခြားဆူးကြိုးများ ကာရံမယ့် အစီအစဉ် ဟာ အဲဒီသဘောတူညီချက်ကို အဆုံးသတ်စေပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် ဘင်္ဂလားဒေ့ရ်ှရဲ့ အခြေအနေဟာ ပိုမို ဆိုးရွားလာ ပါတယ်။ မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနဲ့ လူဝင်မှုကြီးကြပ်ရေး အရာရှိများ အပါအဝင် မြန်မာအစိုးရဝန်ထမ်း စုစုပေါင်း ၃၃ဝ ဦးတို့ဟာ ဖေဖော်ဝါရီလ ၃ ရက်မှ စတင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ခိုလှုံနေကြတယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) ရဲ့ အဆိုအရ သိရှိရပါတယ်။

ယခုနောက်ဆုံးသတင်းများအရ ပြေး၀င်ခိုလှုံနေသူများ နေရပ်ပြန်လည်ခေါ်ယူဖို့ မြန်မာက သင်္ဘောတစ်စင်း စေလွှတ်ရန်ရှိကြောင်း ကြေညာခဲ့ပါတယ်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့၀င်များအနေနဲ့ ပင်လယ်ရေနက်ပိုင်းကို ဖြတ်သန်းလာရမှာဖြစ်တဲ့အတွက် ရေလမ်းကြောင်း အပြီးသတ်ရန် မြန်မာဘက်မှာ လုပ်ဆောင်နေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ကြာသပတေးနေ့ နေ့စဉ်သတင်းစာ ရှင်းလင်းပွဲမှာ ပြောပြခဲ့ ပါတယ်။

ယမန်နေ့ (စနေနေ့) ဘန်ဒါဘန်ခရိုင် တမ်ဘာရူနယ်ခြားဒေသမှာ မြန်မာဘက်မှ ပစ်ခတ်ခဲ့ပြီး မပေါက်ကွဲသေးတဲ့ မော်တာကျည်နှစ်လုံးကို တွေ့ရှိခဲ့ရကြောင်း၊ ကွင်းပြင်တစ်ခုမှာ ဒုံးပစ်လောင်ချာကျည်ဖူးကြီးများနဲ့ ကစားနေတဲ့ ကလေးငယ်အချို့ကိုတွေ့ရှိခဲ့တဲ့ ဒေသခံတစ်ဦးက အကြောင်းကြားတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်တပ်က သွားရောက်သိမ်းဆည်းခဲ့ရခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။

လုံခြုံရေးအတွက် လမ်းမများပေါ်မှာ အတားအဆီးများ ချထားကြောင်း၊ တချိန်တည်းမှာပဲ ယနေ့ နံနက်ပိုင်းမှ စတင်ပြီး မြန်မာဘက်ခြမ်းမှ အဆက်မပြတ်ပစ်ခတ်နေတဲ့ သေနတ်သံများကို နယ်ခြားတစ်ဖက်ရှိ ဘင်္ဂလားဒေ့ရှ် ဘန်ဒါဘန် တမ်ဘာရူနဲ့ တီးနတ်မြို့များကတောင် ကြားနေရတယ်လို့ ဆိုပါတယ်။

#မြန်မာနှင့်နယ်ခြားစည်းရိုး #ဘင်္ဂလားဒေ့ရှ် #အိန္ဒိယ #မာဇူကီ_ဒါရု့စ်မန် #ဂျော့ဆိုးရော့စ် #ရန်ဟီလီး #မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးအဖွဲ့ #ဟာဆန်_မာမွတ်

(Dhaka Tribune.,11 February 2024,” Myanmar conflict: Why is Bangladesh reluctant to erect fence along border?” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်သူ့စစ်မှုထမ်းဥပဒေ ကျင့်သုံးမယ့်ကိစ္စမှာ အချောင်နေအချောင်စားသမားတွေနဲ့ နိုင်ငံအကျိုးပြုသမားတွေ ကွဲပြားသွားပြီ၊ ကိုးကန့်ဒေသပွဲမှာ မြင်ရတဲ့ ဖုန်တာရွှင့်၊ တားအိုက်ဘုန်း နဲ့ ထွန်းမြတ်နိုင် (၁၁-၂-၂ဝ၂၄)

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved