(G)I-DLE အဖွဲ့ဝင် ဆူဟွာ ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုတွေကြောင့် အနုပညာလှုပ်ရှားမှုများအားလုံး ယာယီရပ်ဆိုင်း
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၁၁
တောင်ကိုရီးယား အမျိုးသမီး K-POP အဖွဲ့ (G) I-DLE အဖွဲ့ဝင် ဆူဟွာဟာ ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်စရာတွေ ရှိနေတာကြောင့် အနုပညာ လှုပ်ရှားမှုအားလုံးမှ အနားယူသွားမယ်လို့ သိရပါတယ်။
ဒီအကြောင်းကို ဖေဖော်ဝါရီလ ၈ ရက်က Cube Entertainment မှ ကြေညာချက်ထုတ်ပြန် အသိပေးလာခဲ့ခြင်း ဖြစ်ပါတယ်။ "ကျွန်တော်တို့ (G)I-DLE ရဲ့ အဖွဲ့ဝင်ဆူဟွာဟာ မကြာသေးမီက သူမရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေ အနေကြောင့် ဆေးရုံကို သွားရောက်ခဲ့ရပြီး လုံလောက်တဲ့ အနားယူမှု လိုအပ်တယ်လို့ သိရပါတယ်၊ ဒါကြောင့် သူမကတော့ အနုပညာ လှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ စိတ်ပြင်းပြနေပေမယ့် သူမကို အနားယူချိန်ရဖို့အတွက် သူမရဲ့ အချိန်ဇယားအားလုံးကို ယာယီဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အနုပညာရှင်ရဲ့ ကျန်းမာရေးကို ဦးစားပေးဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ စေတနာကို နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ်"လို့ ကြေညာချက်မှာ ပြောကြားခဲ့ပါတယ်။
Cube Entertainment ဟာ ဖေဖော်ဝါရီလ ၃ ရက် အစောပိုင်းကတည်းက ဆူဟွာဟာ "ရုပ်ပိုင်းဆိုင်ရာဖျားနာမှုကြောင့် MBC ရဲ့ "Music Core” တိုက်ရိုက်ထုတ်လွှင့်မှုမှာ မပါဝင်နိုင်ခဲ့ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဆူဟွာရဲ့ ပရိသတ်တွေကတော့ သူမအမြန် နေကောင်းပြီး အရင်အတိုင်း အနုပညာအလုပ်တွေ ဆက်လုပ်နိုင်ဖို့ ဆုတောင်းပေးနေကြပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေကြောင်းလုပ်ငန်းများကို ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုပေးနိုင်ရန် တည်ဆောက်ထားသည့် ရေယာဥ်ရှစ်စင်း လုပ်ငန်းခွင် စတင်ဝင်ရောက်
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ