Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ်အနောက်တောင်ပိုင်းစစ်တပ်က တိုက်ပွဲ၀င် 007 ဒရုန်းကို ဆန်းသစ်တီထွင်

Htay Oung (NSS) - ဖေဖော်ဝါရီ ၁ဝ

အမ်အိုင်-၆ လို့ ခေါ်တဲ့ ဗြိတိသျှပြည်ပထောက်လှမ်းအေဂျင်စီမှ ဂျိမ်းစ်ဘွန်း ခေါ် အထူးအေးဂျင့် 007 ဟာ ကမ္ဘာ့လူသိအများဆုံး ထောက်လှမ်းရေးသမားတစ်ဦးဖြစ်ပါတယ်။ အရှုပ်ထွေးဆုံးနဲ့ အသက်အန္တရာယ်ဖြစ်နိုင်တဲ့ မစ်ရှင်များကို အသေးစိတ်နောက် ယောင်ခံ ထောက်လှမ်းပြီး အခက်အခဲအားလုံးကို ထူးခြားစွာကျော်လွှားနိုင်တဲ့ ပါရမီရှင်ဖြစ်ပါတယ်။ လက်တွေ့ဘ၀မှာတော့ ရုပ်ရှင်ထဲက ဂျိမ်းစ်ဘွန်းလို ဘယ်ထောက်လှမ်းရေးသမားမှ မလုပ်နိုင်ပါဘူး၊ ဒါပေမယ့် ဂျိမ်းစ်ဘွန်းကို အတုခိုးပြီး ထောက် လှမ်းသူရဲ့ အသက်ဘေးကို မထိခိုက်စေပဲ နိုင်ငံရပ်ခြားအန္တရာယ်များပြားတဲ့ စစ်ရေးမစ်ရှင်များမှာ တာ၀န်ထမ်းဆောင်နိုင်ဖို့အတွက် တရုတ်စစ်တပ်နဲ့ သိပ္ပံပညာရှင်များက ကြံဆနေခဲ့ကြပါတယ်။ လာမယ့် ဆယ်စုနှစ်အတွင်း အထူးအေးဂျင့်များနေရာမှာ အစားထိုးနိုင်မယ့် ဒရုန်းများကို တီထွင်ထုတ်လုပ်နေပြီဖြစ်ကြောင်း “ယူရေးရှားတိုင်းမ်” က ဖေ‌ဖော်ဝါရီလ ၅ ရက်တွင် ရေးသားပါတယ်။


နိုင်ငံရပ်ခြား တိုင်းပြည်များမှာ တာ၀န်ယူဆောင်ရွက်နိုင်ဖို့အတွက် အဆင့်မြင့် ရှုပ်ထွေးတဲ့ဒရုန်းများကို တရုတ်နိုင်ငံ့အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ချန်ဒူးမြို့ရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ ယူနစ်တစ်ခုက သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့နဲ့အတူ တီထွင်လျက်ရှိနေပါတယ်။

အခြားနိုင်ငံများရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မရှိကြောင်း တဖွဖွပြောဆိုနေတဲ့ တရုတ်ဟာ သူ့စစ်တပ်ရဲ့ နိုင်ငံရပ်ခြား စစ်ဆင်ရေးများအကြောင်းကိုတော့ အမြဲတမ်း လျှို့ဝှက် ဖုံးကွယ်ထားပါတယ်။ ဒါပေမယ့် လူသားအော်ပရေတာများကို အသုံးပြုခြင်းနဲ့အတူ ရန်သူဖမ်းဆီးခံရတဲ့အခါ စစ်ရေးအစီအစဉ်များ ပျက်စီးစေမယ့် အန္တရာယ်လည်း ထပ်တူယှဉ်တွဲ လာတတ်ပါတယ်။ အထူးစစ်ဆင်ရေးများရဲ့ လူသားအေးဂျင့်များနေရာမှာ နည်းပညာကို အသုံးပြုပြီး အစားထိုးဖို့ သုတေသနပြုခြင်းဟာ အနာဂတ်ကာလ တရုတ်သူလျှိုလုပ်ငန်းရဲ့ ချဉ်းကပ်မှု ဘယ်ပုံ ဘယ်နည်းရှိလာမယ်ဆိုတာကို ညွှန်ပြနေပါတယ်။

နိုင်ငံရပ်ခြားမှာ ဖြစ်ပွားဖွယ် မှန်းဆထားတဲ့ အထူးစစ်ဆင်ရေးတစ်ခုနဲ့ ပတ်သက်လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အမှတ် ၇၈၀၉၂-ယူနစ်က ဆွေးနွေးထားကြောင်း စာတမ်းတစ်စေါင်ကို မကြာသေးမီ “ပစ်ခတ်မှုနှင့်ဌာနချုပ် ကွပ်ကဲမှု”ဂျာနယ်က ဖော်ပြထားပါတယ်။ PLA ယူနစ်တစ်ခုရဲ့ သီအိုရီအစီအစဉ်ဟာ ဒရုန်းနည်းပညာကို လုပ်ဆောင်နေတဲ့ တရုတ်ကုမ္ပဏီများနဲ့ သုတေသီများအတွက် လမ်းညွှန်ချက်တစ်ခုဖြစ်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်စွဲပါ ဆောက်သ်ချိုင်းနားမောနင်းပို့စ်ရဲ့ ဖော်ပြချက်အရ အဲ့ဒီ စစ်ဆင်ရေးဟာ တရုတ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်း နိုင်ငံများအကြား အငယ်စား ပဋိပက္ခ ဖြစ်ပွားဖွယ်ရှိတဲ့ ၂၀၃၅ ခုနှစ်အတွက် ရည်မှန်းထားခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။

နိုင်ငံအမည်ကို ဖော်ပြခြင်း မရှိပေမယ့် ပျမ်းမျှ ရေအနက် ပေ-၁၀၀ ခန့်ရှိ မြစ်တစ်စင်းဟာ တရုတ်ရဲ့ နယ်စပ်တစ်လျောက် စီးဆင်းနေကြောင်း စာတမ်းမှာ ဖော်ပြထားပါတယ်။ အတိအကျပြောရလျှင် တိဗက်မှာ မြစ်ဖျားခံပြီး အိန္ဒိယနိုင်ငံ ကုန်းတွင်းပိတ် အရှေ့မြောက်ဖျား ပြည်နယ်များအတွင်း စီးဆင်းနေတဲ့ ဗြဟ္မပုတ္တရမြစ်ကို ရည်ညွှန်းခြင်းဖြစ်ပြီး တရုတ်တို့က ယာလောင် _ရှန်ပိုမြစ်လို့ ခေါ်ပါတယ်။ 

ယခင် ဖြစ်ရပ်များကို လေ့လာတဲ့အခါ အိမ်နီးချင်းစစ်အင်အားကြီး နှစ်နိုင်ငံစလုံးဟာ လက်နက်ငယ်များ၊ လှေငယ်များ၊ ဒရုန်းများနဲ့ လေယာဉ်ပစ်သေနတ်များကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြောင်း တွေ့ရပါတယ်။ အဲ့ဒီလို အခြေအနေမျိုးမှာ UAV လို့ခေါ်တဲ့ မောင်းသူမဲ့ လေယာဉ်တွေဟာ ပျံသန်းနိုင်တဲ့ အကွာအဝေးအကန့်အသတ် ရှိနေပါတယ်။၊ (ရေပြင်သုံး မောင်းသူမဲ့ယာဉ်ဖြစ်လျှင်လည်း) အခြေအနေအရ ရေအတော်နက်နက်မှာ အချိန် အတော်ကြာ ငုပ်လျှိုးနေဖို့ လိုအပ်ပါတယ်။ လိုအပ်ပါက တစ်စုံတစ်ခုကို ပစ်လွှတ်ဖို ရေမျက်နှာပြင်ပေါ် တမဟုတ်ချင်း တက်လာပြီး ချက်ချင်း ပြန်လည်ငုပ်လျှိုးသွားနိုင်ရပါလိမ့်မယ်။

တရုတ်စစ်တပ်ရဲ့ အထူးမစ်ရှင်ဟာ နယ်စပ်မှ ၂၅ မိုင်ခန့်အကွာ မြစ်ရိုးတစ်လျှောက်ရှိ ရန်သူရဲ့ အရေးကြီးကွပ်ကဲမှုစခန်းများနဲ့ ထောက်ပံ့ပို့ဆောင်ရေးအချက်အချာနေရာတွေကို ပစ်မှတ်ထားရန် ပါ၀င်လာပါတယ်။ တရုတ်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ မစ်ရှင်အတွက် တစ်စင်းတည်းဖြစ်စေ အုပ်စုလိုက်ဖြစ်စေ မောင်းနှင်ပျံသန်းနိုင်တဲ့ ဒရုန်းမျိုးကို လိုအပ်ပါတယ်။ ရန်သူရဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်း သွားလာနိုင်တဲ့အပြင် မြစ်တွင်းရေအနက် တစ်ခုမှာ ငုပ်လျှိုးနိုင်ပြီး လေထဲမှာရော ရေနက်ပိုင်းမှာပါ အတားအဆီးများကို ရှောင်လွှဲနိုင်ရပါလိမ့်မယ်။

PLA အနေနဲ့ ဒရုန်းများကို လူသားက ကြား၀င်ကိုင်တွယ်ထိန်းချုပ်ပေးဖို့ မလိုအပ်ပဲ တိတိကျကျနဲ့ သာမန် အမြင်အာရုံထက် ကျော်လွန်လုပ်ဆောင်နိုင်စေခြင်းဖြင့် ကျားကုတ်ကျားခဲ ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်စွမ်း ရှိစေလိုပါတယ်။ ပျက်စီးဆုံးရှုံးမှုကို အကဲဖြတ်ရန်နဲ့ လိုအပ်ပါက နောက်တဖန် ဆက်လက်တာ၀န်ထမ်းဆောင်နိုင်ဖို့အ တွက် အဲ့ဒီဒရုန်းတွေဟာ စစ်မြေပြင်တစ်ဝှိုက် ရစ်ဝဲနေနိုင်ရပါမယ်။ လွတ်မြောက်သွားတဲ့ ရန်သူတွေကို ထပ်ချပ်မကွာ အပြီးသတ်လိုက်လံချေမှုန်းပြီး တရုတ်ပိုင်နက်အတွင်း ပြန်၀င်သွားနိုင်ရပါလိမ့်မယ်။

တကယ်တော့ တရုတ်နိုင်ငံဟာ ဒရုန်းတီထွင်ဆန်းသစ်မှုနည်းပညာနယ်ပယ်ရဲ့ ရှေ့တန်းမှာ ရပ်တည်နေခဲ့တာ နှစ်ပေါင်းအတော် ကြာမြင့်နေပြီဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားဖြစ် ဒရုန်းများရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို တရုတ်ကုမ္ပဏီများက ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။ ရှန်ကျန်းပြည်နယ်အခြေစိုက် DJI ကုမ္ပဏီတစ်ခုတည်းက ကမ္ဘာ့ဒရုန်း ဈေးကွက်ဖောက်သယ်များရဲ့ ၇၀ ရာခိုင်နှုန်းကို တစ်ဦးတည်း မောင်ပိုင်စီး ထိန်းချုပ်ထားပါတယ်။

ယခုအခါ တရုတ်နိုင်ငံက သူ့ရဲ့ စစ်ရေးစီမံချက်များမှာ မောင်းသူမဲ့စနစ်များကို ဂရုတစိုက် ထည့်သွင်းလျက်ရှိနေပါတယ်။ ၂၀၁၉- ခုနှစ်ထုတ် တရုတ်ကာကွယ်ရေး စက္ကူဖြူစာတမ်းမှာ "တာဝေးခရီး တိကျမှု၊ ထောက်လှမ်းနိုင်စွမ်း၊ ကိုယ်ပျောက် သို့မဟုတ် မောင်းသူမဲ့ လက်နက် သို့မဟုတ် ကိရိယာများကို တီထွင်ရန် ခေတ်စားနေကြောင်း ဖော်ပြထားပြီး "ထောက်လှမ်းရေးစစ်ဗျူဟာ” ထွန်းသစ်လာပြီလို့ ဆိုထားပါတယ်။

အဲဒီနောက်ပိုင်း ပေကျင်းရဲ့ ထောက်လှမ်းခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်းနဲ့ ကင်းထောက်ခြင်း (ISR) မစ်ရှင်များအတွက် တိုက်ပွဲ၀င်စွမ်းရည်နဲ့ လက်နက်တပ်ဆင်ထားခြင်းမရှိတဲ့ စနစ်များကို တီထွင်နိုင်ခဲ့ပါတယ်။ တရုတ်တို့ဟာ အမေရိကန်လေတပ်နဲ့ ကွာဟချက်ကို စွမ်းရည်အမျိုးမျိုးဖြင့် ဖြည့်ဆည်းခဲ့ပြီး အမေရိကန်ရဲ့ နည်းပညာပိုင်းဆိုင်ရာ အားသားချက်များကို တဖြည်းဖြည်း ကျော်ဖြတ်နေကြောင်း ၂၀၁၈-ခုနှစ်ကတည်းက အမေရိကန်ကာ ကွယ်ရေးဌာနက အစီရင်ခံခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ တရုတ်ရဲ့ ကောင်းမှုနဲ့ “ဒရုန်း” ဆိုတာ အမေရိကန် လေတပ်သုံး MQ-9s “ရီပါး” (မြေပြင်လူထိန်းချုပ်-မောင်းသူမဲ့ တိုက်ခိုက်ရေး) လေယာဉ်များနဲ့ ကြောင်းတူသံ ကွဲဖြစ်လာပါတယ်။ 

တရုတ် အာကာသသိပ္ပံနဲ့ လေကြောင်းနည်းပညာအကယ်ဒမီ CASC ထုတ် “၀င်းလွန်းနဲ့ ချီလောင်း“ (အတိုကောက် CH ) စီးရီး မောင်းသူမဲ့လေယာဉ်တွေဟာ ပေကျင်းရဲ့ စစ်လက်နက်ရောင်းချမှုကို အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ အထူးသဖြင့် အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမြောက်ပိုင်းနိုင်ငံများကို ရောင်းချခဲ့ပါတယ်။ အဲ့ဒီ ကင်းထောက်ဒရုန်းယာဉ်များမှာ အမြင့်ပျံ- တာဝေးသုံး (HALE) စွမ်းရည်ပိုင်ဆိုင်တဲ့ “မိုးပျံနဂါး“ နဲ့ “တိမ်ရိပ်” မောင်းသူမဲ့လေယာဉ်များ ပါ၀င်ပါတယ်။

တရုတ်စစ်တပ်ဟာ မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်ကြောင်းကို လက်တွေ့ပြသခြင်း မရှိပေမယ့် တိုက်ခိုက်ရေး မဟုတ်တဲ့ အခြေအနေများမှာလည်း UAV များကို ဖြန့်ကျက်ချထားခဲ့ပါတယ်။။ ဒါပေမယ့် သူ့ရဲ့ ရည်မှန်းချက်က မြန်မြန်ဆန်ဆန် ပြောင်းလဲနေပါတယ်။ တရုတ်ရဲ့ CH-5 ရိန်းဘိုးရဲ့ စွမ်းရည်ဟာ အမေရိကန် ရီပါး မောင်းသူမဲ့လေယာဉ်နဲ့ တစ်ထပ်တည်းနီးပါး တူညီပါတယ်။ ရီးပါးဟာ ၂၀၂၀ ပြည့်နှစ် ဘဂ္ဂဒက်လေဆိပ်မှာ အီရန် ပြည်ပစစ်ဆင်ရေး အထူးတိုက်ခိုက်ရေးတပ်မှူး ကာဆင်စူလမန်နီကို လုပ်ကြံသတ်ဖြတ်စဉ် အသုံးပြုခဲ့ရာမှ ကမ္ဘာကျော်ခဲ့တဲ့ အမေရိကန် UAV ဖြစ်ပါတယ်။ 

CH-5 ဟာ အရွယ်အစား ပိုမိုကြီးမားပေမယ့် အကြမ်းအားဖြင့် ပေါင်ချိန် ၂၆၅၀ သယ်ဆောင်နိုင်တဲ့ ရီးပါးထက် ပေါင်ချိန် ၅၀၀ ခန့် လျော့နည်းသယ်ဆောင်နိုင်ပါတယ်။ အခြား တရုတ်လေယာဉ်များလိုပဲ CH-5 ရဲ့ အင်ဂျင်ဟာ အကန့်အသတ်ရှိနေပါတယ်။ ဒါပေမဲ့ ရီပါးရဲ့ ပျံသန်းချိန်ဟာ ၂၇ နာရီရှိပြီး CH-5 ကတော့ ရီပါးရှဲ့နှစ်ဆကျော် နာရီ ၆၀ အထိ အသုံးပြုနိုင်ပါတယ်။ ရေဒါနဲ့ ထောက်လှမ်းနိုင်ခြင်းမရှိတဲ့ ကိုယ်ပျောက်ဒရုန်းစီးရီးရဲ့ နောက်ဆုံးဗားရှင်း CH-7 ကို ယခုနှစ်အတွင်း အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

၂၀၂၃ ခုနှစ် တရုတ်သုတေသီတွေဟာ ကမ္ဘာလုံးဆိုင်ရာတည် နေရာပြစနစ် (GPS) က ဖော်ပြနိုင်ခြင်း မရှိတဲ့ ပတ်၀န်းအခြေအနေမျိုးမှာ ပစ်မှတ်များကို ထိန်းချုပ်ရန်၊ ရယူရန်နဲ့ တိုက်ခိုက်နိုင်ဖို့အတွက် UAV များက အသုံးချနိုင်မယ့် နည်းလမ်းအသစ်ကို တီထွင်ခဲ့ပါတယ်။ ဒရုန်းဟာ ရန်လိုတဲ့ ပစ်မှတ်များအတွက် "ပစ်ရန်အသင့်မှတ်ပုံတင်"ရာမှာ "ပုံရိပ်အခြေခံ အမြင်အာရုံ ဝန်ဆောင်မှုစနစ်" (IBVS) ကို အသုံးပြုဖို့ရှိကြောင်း သိရှိရပါတယ်။ အဲ့ဒီနည်းနဲ့ လျင်မြန်စွာ ရွေ့လျားနေသည့်တိုင် ပစ်မှတ်များကို အမိဖမ်းနိုင်ဖွယ် ရှိပါတယ်။

အဲဒီ နည်းပညာကို စစ်ဘက်ဆိုင်ရာ ဒရုန်းများလည်း အသုံးချနိုင်ဖွယ်ရှိပါတယ်။ ယခုအချိန်အထိ လူသား အော်ပရေတာက “ချေမှုန်းအမိန့်” ပေးဖို့ လိုအပ်နေပါသေးတယ်။ ဒါပေမယ့် ဂျီပီအက်စ်က ဖော်ပြခြင်း မရှိတဲ့ နေရာများမှာ အလုပ်လုပ်နိုင်စွမ်းရည်မျိုးလို Artificial Intelligence ဉာဏ်ရည်တု AI နဲ့ ဒရုန်းရဲ့ သူဖာသာ ထိန်းချုပ်ဆောင်ရွက်နိုင်စွမ်းကို တိုးမြှင့်အသုံးပြုခြင်းအားဖြင့် အမိန့်စီးဆင်းမှုကွင်းဆက်မှာ လူသားများ ပါ၀င်နေခြင်းကို မကြာမီ ဖယ်ရှားခံရဖို့ ရှိနေပါတယ်။

#ဂျိမ်းစ်ဘွန်း_ဒရုန်း #စီချွမ်းပြည်နယ် #တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် #ဗြဟ္မပုတ္တရမြစ် #CH-7 #ရီပါးမောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ် #ပိုင်ဆိုင်မှုအငြင်းပွားအိန္ဒိယနယ်စပ် 

(Eurasian Times., 5 February 2024,” China ‘Targets’ India In Its Latest Military Venture; Works On ‘007 Drones’ To Fight Indian Army At LAC” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

BLACKPINK ရဲ့ “BORN PINK” အယ်လ်ဘမ်က ဗြိတိန်မှာ Silver BRIT certification ရရှိတဲ့ ဒုတိယမြောက် အယ်လ်ဘမ်ဖြစ်လာ

RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved