မိုခါမုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ဆောင်ရန် ဖိလစ်ပိုင်အစိုးရက အမေရိကန်ဒေါ်လာ(၁)သိန်း လှူဒါန်း
Pearl (NSS) – ဖေဖော်ဝါရီ ၈
မြန်မာနိုင်ငံရှိ မိုခါမုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ဆောင်ရန် ဖိလစ်ပိုင်အစိုးရက အမေရိကန်ဒေါ်လာ (၁) သိန်း လှူဒါန်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
အဆိုပါ အလှူငွေများလွှဲပြောင်းပေးအပ်မှု အခမ်းအနားကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၆) ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ အာဆီယံဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့် တတ်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနား၌ မြန်မာအမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံနှင့် တစ်သားတည်းရပ်တည်လျက် အကူအညီပေးမှုအတွက် မြန်မာပြည်သူများကိုယ်စား ဖိလစ်ပိုင်အစိုးရနှင့် ပြည်သူများအား ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။
မြန်မာနိုင်ငံ၌ ပြီးခဲ့သော ၂၀၂၃ ခုနှစ်၊ မေလအတွင်း မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၄ ဘီလျံခန့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအားလုံး၏ ၈၄ ရာခိုင်နှုန်းသည် ရခိုင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းတွင် ဖြစ်ကြောင်း သိရသည်။
မိုခါမုန်တိုင်းဒဏ်သင့်ရခိုင်ပြည်နယ်တွင် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေသော်လည်း လက်ရှိတွင် တပ်မတော် နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အ ကြား တစ်ကျော့ပြန်တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ဒေသခံပြည်သူများသည် အခက် အခဲများဖြင့် ထပ်မံရင်ဆိုင်နေရလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အွန်လိုင်း MYRO စနစ်တွင် ဆန်သိုလှောင်ရုံ (၃၀၀)နီးပါး မှတ်ပုံတင်ထား
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း