Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်တပ်ဖွဲ့များ၏ အနာဂါတ်နှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်မည်ဟု အီရတ်အစိုးရပြော

ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၇ 

အီရတ်နိုင်ငံရှိ အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့၏ အနာဂတ်အတွက် နှစ်နိုင်ငံလုံးသည် ဆွေးနွေးပွဲများကို ပြန်လည်လုပ်ဆောင်ရန်လိုအပ်ကြောင်း အီရတ်နိုင်ငံခြားရေးဝန်ကြီး ဖူဟတ်ဒ်ဟူစိန်က ပြောကြားခဲ့သည်။

အီရတ်နိုင်ငံခြားရေးဝန်ကြီးဖူဟတ်ဒ်ဟူစိန်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန် နှင့် ဖုန်းခေါ်ဆိုမှုအတွင်း ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အီရတ် နှင့် အမေရိကန်နိုင်ငံကြား ဆွေးနွေးပွဲများကို ဇန်နဝါရီလတွင် စတင်ခဲ့သော်လည်း (၂၄)နာရီ မပြည့်မီအချိန်အတွင်း ဂျော်ဒန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရကာ တပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ပြီးနောက် ဆွေးနွေးပွဲများကို ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုကို ဆီးရီးယား နှင့် အီရတ်တို့ရှိ အီရန်ကျောထောက်နောက်ခံပြုစစ်သွေးကြွအဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်အစိုးရက ပြောခဲ့သည်။

ထို့နောက် အမေရိကန်စစ်တပ်သည် ဂျော်ဒန်နိုင်ငံတွင်ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် ဖေဖော်ဝါရီလ(၂)ရက်တွင် အီရတ်နှင့်ဆီးရီးယားတို့ရှိ အီရန်စစ်တပ်အပြင် ၎င်းတို့နှင့်ဆက်နွယ်နေသော စစ်သွေးကြွအဖွဲ့များ၏ ပစ်မှတ်(၈၅)ခုကျော်ကို လေကြောင်းမှ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အီရတ်နိုင်ငံခြားရေးဝန်ကြီးဖူဟတ်ဒ်ဟူစိန်က "အီရတ်နိုင်ငံဟာ ပြိုင်ဘက်နိုင်ငံတွေကြားဖြစ်ပွားနေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် နေရာတစ်ခုမဟုတ်ပါဘူး" ဟု ပြောခဲ့သည်။

အီရတ်နိုင်ငံတွင် အမေရိကန်တပ်ဖွဲ့ဝင်(၂၅ဝဝ)ရှိပြီး ISIS အကြမ်းဖက်အဖွဲ့ ပြန်လည်ထကြွလာမှုကို တားဆီးရန်အတွက် ဒေသတွင်းတပ်ဖွဲ့များကို အကြံများနှင့် အကူအညီများပေးခြင်းတို့ကို လုပ်ဆောင်နေကြောင်း သိရသည်။ 

ဥရောပနိုင်ငံအများစုမှ ရာနှင့်ချီသော တပ်ဖွဲ့ဝင်များသည်လည်း မဟာမိတ်ညွန့်ပေါင်းအဖွဲ့တွင် တစ်စိတ် တစ်ပိုင်းအဖြစ် ပါဝင်ကြောင်းလည်း သိရသည်။ အီရတ်အစိုးရသည် လေ့ကျင့်ရေးနှင့် စက်ပစ္စည်းကိရိယာ တို့တွင် စစ်ရေးပူးပေါင်းဆောင်ရွက်မှု အပါအဝင် ညွန့်ပေါင်းအဖွဲ့ဝင်နိုင်ငံများ နှင့် အပြန်အလှန် ဆက်ဆံရေးများ ထူထောင်ရန် စိတ်အားထက်သန်နေကြောင်းလည်း သိရသည်။

ထို့အပြင် အီရတ်ဘဏ် အများအပြားအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ပြန်လည်သုံးသပ် ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ဖူဟတ်ဒ်ဟူစိန်က တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။ 

ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် အမေရိကန်အစိုးရသည် အမေရိကန်ဒေါ်လာ တရားမဝင်သုံးစွဲခြင်းကို နှိမ်နှင်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် အီရတ်ဘဏ်(၁၄)ခုကို ဒေါ်လာလွှဲပြောင်းမှုပြုလုပ်ခြင်းမှ တားမြစ်ခဲ့ ကြောင်းလည်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြို့ပတ်ရထားစီးနင်းမှု အနည်းငယ် ပြန်လည်မြင့်တက်လာ

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved