ယူကရိန်းဘက်က ပစ်လွှတ်လိုက်သော ဒုံးကျည်အစင်းရေ(၂၀)ကျော်ကို ဖျက်ဆီးပစ်ချခဲ့ကြောင်း ရုရှားစစ်ဘက်ပြော
Pika (NSS) - ဖေဖော်ဝါရီ ၁
ရုရှား၏လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် ယူကရိန်းဘက်က ပစ်လွှတ်လိုက်သော ဒုံးကျည်အစင်းရေ(၂၀)ကျော်ကို ပင်လယ်နက်နှင့် ခရိုင်းမီးယားကျွန်းဆွယ်တို့တွင် ကြားဖြတ်ဟန့်တားကာ ဖျက်ဆီးပစ်ခဲ့ကြောင်း ရုရှားအစိုးရက ဇန်နဝါရီလ(၃၁)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက "ကျွန်တော်တို့ရဲ့ လေကြောင်းရန်ကာ ကွယ်ရေးစနစ်တွေဟာ ယူကရိန်းရဲ့ ဒုံးကျည်(၁၇)စင်းကို ပင်လယ်နက်မှာ ဖျက်ဆီးပစ်ခဲ့ပြီး အခြား(၃)စင်းကို ခရိုင်းမီးယားကျွန်းဆွယ်မှာ ဖျက်ဆီးပစ်ခဲ့ပါတယ်"ဟု ပြောဆိုခဲ့သည်။ ဖျက်ဆီးခံခဲ့ရသော ယူကရိန်းဒုံးကျည်များ၏ အစိတ်အပိုင်းများသည် ဆီဗာစတိုပိုလ်မြို့ မြောက်ပိုင်းရှိ ဆင်ခြေဖုံးရပ်ကွက်တစ်ခုဖြစ်သော Lyubimovka အနီးတွင် ကျရောက်သွားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။ ဆီဗာစတိုပိုလ်မြို့ရှိ ရုရှား၏ လေကြောင်းရန် ကာကွယ်ရေးစနစ်များသည် ကောင်းမွန်စွာ အလုပ်လုပ် ဆောင်ခဲ့ကြောင်း ရုရှားအစိုးရခန့်အပ်ထားသည့် ဆီဗာစတိုပိုလ်မြို့ အုပ်ချုပ်ရေးမှူး Mikhail Razvozhayevကပြောကြားခဲ့သည်။
Mikhail Razvozhayev က "ဒုံးကျည်အပျက်အစီးတွေဟာ ဆီဗာစတိုပိုလ်မြို့ အစွန်အဖျားမှာရှိတဲ့ Federovskaya လမ်းအနီးတစ်ဝိုက်မှာ ကျရောက်ခဲ့ပါတယ်။ ဒါပေမဲ့ လူသေဆုံး/ထိခိုက်ဒဏ်ရာရရှိတာမျိုးတွေတော့ မရှိပါဘူး"ဟု ပြောဆိုခဲ့သည်။ ဒုံးကျည်အပျက်အစီးများကျရောက်မှုကြောင့် ဥယျာဉ်ခြံမြေကွက်တစ်ခု ပျက်စီးခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း Mikhail Razvozhayev က နောက်ပိုင်းတွင်ပြောဆိုခဲ့သည်။ ယူကရိန်း၏ဒုံးကျည်များကို ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်များက ဖျက်ဆီးပစ်လိုက်ပြီဖြစ်သောကြောင့် ဆီဗာစတိုပိုလ်မြို့ ဆိပ်ကမ်းတွင် နေထိုင်သူများကို စိတ်အေးအေးထားကြရန် Mikhail Razvozhayev ကတိုက်တွန်းခဲ့ကြောင်းသိရသည်။
ဆီဗာစတိုပိုလ်မြို့သည် ရုရှား၏ပင်လယ်နက်ရေယာဉ်စု တည်ရှိရာနေရာတစ်ခုဖြစ်ပြီး ယူကရိန်းဘက်က အကြိမ်ကြိမ်ပစ်မှတ်ထားတိုက်ခိုက်မှုများကို ခံခဲ့ရကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့တွင် ငွေကျပ် ၇ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ