Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တက္ကဆက်နယ်စပ်တွင် ဖြစ်ပွားနေသော ရွှေ့ပြောင်းအခြေချသူများအရေး ‌ကြောင့် ပြည်တွင်းစစ်အထိ ဖြစ်စေနိုင်ကြောင်း ရုရှားသမ္မတဟောင်း သတိပေး

Htay Oung (NSS) - ဖေဖော်ဝါရီ ၁

အမေရိကန် တက္ကဆက်နယ်စပ်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ ရွှေ့ပြောင်းအခြေချသူများအရေး အကျပ်အတည်းကြောင့် ပို၍ပင် အဖျက်အဆီးများလာပြီး ပြည်တွင်းစစ်အထိ ဖြစ်ပွားနိုင်ကြောင်း ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်က သောကြာနေ့မှာ ပါးစပ်ပုပ်ကြီးနဲ့ သတိပေးလိုက်တယ်လို့ “နယူးယောက်ပို့စ်“ အမေရိကန်နေ့စဉ် သတင်းစာက ရေးသားပါတယ်။


အသက် ၅၈ နှစ်အရွယ် ဒီမီထရီ မက်ဗီဒက်ဟာ ၂၀၀၈-၂၀၁၂ ခုနှစ် ရုရှားနိုင်ငံ သမ္မတနဲ့ ၂၁၂-၂၀၂၀ ခုနှစ် ၀န်ကြီးချုပ်အဖြစ် တာ၀န်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သမ္မတ ဗလာဒီမာပူတင်ရဲ့ အရင်းနှီးဆုံး မဟာမိတ်တစ်ဦးဖြစ်ပြီး ရုရှားနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီမှာ ဒုတိယဥက္ကဌဖြစ်ပါတယ်။ သမ္မတအဖြစ် တာ၀န်ထမ်းဆောင်စဉ် အနောက်နိုင်ငံခေါင်းဆောင်များနဲ့ ဆက်ဆံရေးပြေပြစ်သူဖြစ်တဲ့ မက်ဗီဒက်ဟာ ရုရှားနိုင်ငံဖွဲ့စည်းပုံအရ လုပ်ပိုင်ခွင့် အကန့်အသတ်ရှိပေမယ့် ပူတင်ထက်ပိုမို သြဇာအာဏာကြီးမားပြီး ဖက်ဒရေးရှင်းနိုင်ငံကို အုပ်ချုပ်နေသူအဖြစ် ရုရှားနိုင်ငံသားအချို့ ကိုယ်တိုင် မှတ်ယူကြပါတယ်။

အမေရိကန်အနေနဲ့ ရွှေ့ပြောင်းအခြေချသူများအရေး အကျပ်အတည်းအပေါ် ကိုင်တွယ်ဖြေရှင်းနိုင်မှု လုံးဝ မရှိခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲအခြေအနေများကို သမ္မတ ဗလာဒီမာပူတင်ရဲ့မဟာမိတ် ရုရှားခေါင်းဆောင်ဟောင်းဖြစ်သူက သောကြာနေ့ X (ယခင် တွစ်တာ) လူမှုကွန်ရက်မှာ ရေးသားသတိပေးလိုက်ခြင်းဖြစ်ပါတယ်။

အိမ်ဖြူတော်နဲ့ သူငယ်ပြန်နေတဲ့ အဖိုးအိုကြီး ဘိုင်ဒင်ရဲ့ သုံးသပ်ထင်မြင်ပုံတွေကို သူ့ရဲ့အုပ်ချုပ်ရေးမှူးက တစ်စက်လေးမှ ဂရုမစိုက်ပဲ ဘေးချိတ်ပစ်လိုက်ပြီး နယ်ခြား ဆူးကြိုးစည်းရိုးတွေကို ပြုပြင်ခဲ့တယ်လို့ မက်ဗီဒက်က ပြောပါတယ်။ ဒီမိုကရက်တစ် ဘိုင်ဒင်အစိုးရနဲ့ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ရီပတ်ဘလစ်ကင် ဂရက်အက်ဗက်တို့အကြား တစ်စောင်းစေးနဲ့ မျက်ချေးဖြစ်နေကြခြင်းကို ရည်ညွန်းလိုက်ခြင်း ဖြစ်ပါတယ်။

အသက် ၆၆ နှစ်အရွယ် အက်ဗက်ဟာ ရှေ့နေနဲ့ ဥပဒေပညာရှင် ပြင်းထန်တဲ့ ရှေးရိုးစွဲနိုင်ငံရေးသမားဖြစ်ပါ တယ်။ ၂၀၁၅ ခုနှစ် သမ္မတ အိုဘားမားလက်ထက်ကတည်းက တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးအဖြစ် ရွေးကောက် ခံခဲ့ရပြီး အဲ့ဒီမတိုင်မီ တက္ကဆက်ပြည်နယ်သမိုင်းမှာ သက်တမ်းအကြာဆုံး ရှေ့နေချုပ်အဖြစ် ၁၂ နှစ်ကြာ တာ၀န်ယူခဲ့ပါသေးတယ်။ ၂၀၂၀-ခုနှစ် အကောင်းဆုံး အမျိုးသားအုပ်ချုပ်ရေးမှူးအဖြစ်လည်း အမည်ကောင်းရပါတယ်။ ဥပဒေကြောင်းအရ မှန်ကန်နေလျှင် ကြက်ခေါင်းဆိတ် မခံတဲ့သူပီပီ အုပ်ချုပ်ရေး၀န်းကျင်ဆိုင်ရာစည်း မျဉ်းများကို ပျက်ပြယ်စေမှုနဲ့ သမ္မတအိုဘားမားအစိုးရကို တရားစွဲဆိုရာမှာ ပါ၀င်ခဲ့ပါတယ်။ သူ့လိုပဲ ရွှေပြောင်း အခြေချသူများကို မုန်းတီးပြီး၊ ပဋိသန္ဓေဖျက်ချခြင်း၊ လိင်တူလက်ထပ်ခြင်းနဲ့ LGBT အခွင့်အရေးဆန့်ကျင်သူ သမ္မတဒေါ်နယ်ထရမ့်ဟာ အက်ဗက်ကို လှိုက်လှိုက်လဲလဲ ထောက်ခံမှုပေးခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဒုတိယမြောက်အကျယ်၀န်းဆုံးနဲ့ လှူုဦးရေအများဆုံး တက္ကဆက်ပြည်နယ်ဟာ နိုင်ငံ့တောင်ပိုင်း မက္ကဆီကိုနယ်စပ်မှာ တည်ရှိပါတယ်။ ၁၈၇၂- ၁၉၇၆ ခုနှစ်အထိ နှစ်တစ်ရာမျှကြာမြင့်အောင် အပြာ (ဒီမိုကရက်တစ်ထောက်ခံသူ) အများစုဖြစ်ခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်း ယနေ့တိုင် အနီ (ရီပတ်ဘလစ်ကင်ထောက်ခံသူ) များ အားကောင်းပါတယ်။ အထူးသဖြင့် ပြည်နယ်တောင်ပိုင်း မက္ကဆီကို နယ်စပ်ကောင်တီများဟာ ရဲရဲတောက် အနီများဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် သမ္မတဒေါ်နယ်ထရမ့်အစိုးရရဲ့ လူ၀င်မှုကြီးကြပ်ရေး စည်းမျဉ်းသစ်အရ တက္ကဆက်ပြည်နယ်ဟာ ဒုက္ခသည်များ ပြန်လည်နေရာချထားမှုကို ငြင်းပယ်တဲ့ ပထမဆုံးပြည်နယ်ဖြစ်လာပါတယ်။ ထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို (ရာဇ၀တ်ကောင်) “ကျုးကျော်သူများ” အဖြစ်ရည်ညွှန်းခဲ့ပါတယ်။ ၂၀၂၁-ခုနှစ် ဘိုင်ဒင်အစိုးရလက်ထက် အက်ဗက်ဟာ မက္ကဆီကိုနယ်စပ်မှာ တံတိုင်းကာရံမည်ဖြစ်ပြီး အများပြည်သူ တိုက်ရိုက်လှူဒါန်းငွေများကို သုံးစွဲမယ်လို့ ကြေညာပါတယ်။ ရွှေ့ပြောင်းနေထိုင်သူများကို ပိုင်နက်ကျူးလွန်မှုဖြင့် ဖမ်းဆီးရန်၊ ရွှေ့ပြောင်းနေထိုင်ရန် သွားလာမှုများကို ကန့်သတ်မိန့် ထုတ်ပြန်ခဲ့ပါတယ်။ တစ်သောင်းနီးပါး ဖမ်းဆီးခံရသူတွေဟာ အက်ဗက်ရဲ့ မူဝါဒအရ ရှေ့နေငှားရမ်းခွင့် သို့မဟုတ် တရား၀င်စွဲချက်မတင်ပဲ ရက်သတ္တပတ်ပေါင်းများစွာ ချုပ်နှောင်ခံကြရပါတယ်။

ရွှေ့ပြောင်းသွားလာသူများကို ကိုဗစ်ကပ်ရောဂါကာလ ဒေါ်နယ်ထရမ့်အစိုးရဟာ ကိုဓဥပဒေပုဒ်မ ၂၆၅ အရ တားဆီးခဲ့ပါတယ်။ ဘိုင်ဒင်အစိုးရတက်လာတဲ့အခါ တားဆီးချက်များကို အပိုဒ် ၄၂ အရ ပြန်လည်ရုတ်သိမ်းပြီး ချုပ်နှောင်ထားခံသူများ ဆန္ဒအလျောက် သွားလာဖို့အတွက် သက်ဆိုင်ရာမှ ယာဉ်အကူအညီတောင်းခံနိုင်ကြောင်း ခွင့်ပြုခဲ့ပါတယ်။ 

အဲဒီအခါ အက်ဗက်က ရွှေ့ပြောင်းနေထိုင်သူတို့ကို အပြာ အများစုရှိရာ ဝါရှင်တန်ဒီစီမြို့တော်အရောက် ဘတ်စ်ကားများနဲ့ တင်လွှတ်လိုက်လိုက်ပါတယ်။ စက်တင်ဘာလမှာ အက်ဗက်ဟာ ဗင်နီဇွဲလားနိုင်ငံမှအများစု အထောက်အထားမဲ့ ၀င်ရောက်မှုဖြင့် ထိန်းသိမ်းခံထားရသူ ၁၀၁-ဦးကို ဘတ်စ်ကား ၂ စီးနဲ့တင်ပြီး ဒုတိယ သမ္မတ ကင်မီလာ_ဟဲရစ်ရဲ့ စံအိမ်ရှေ့မှာ သွားသွန်ခဲ့ပါတယ်။ 

အမေရိကန်မှာ အက်ဘော့ရဲ့လုပ်ရပ်တွေကို တစ်ညီတစ်ညွတ်တည်း ထောက်ခံနေခြင်းတော့ မရှိပါဘူး၊ ဒါပေမယ့် အမေရိကန်နိုင်ငံမှာ ၂၀၂၀-ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ဒေါ်နယ်ထရမ့်နဲ့ ဘိုင်ဒင်တို့အကြား အားပြိုင်ရာမှ အနီနေဲ့ အပြာပြည်နယ်များအဖြစ် သိသိသာသာ ကွဲပြားသွားခဲ့ပါတယ်။ အနီလည်း မဟုတ် အပြာလည်းမဟုတ် သင့်သလိုထောက်ခံမယ့် ကြားနေ ပြည်နယ်များလည်း ရှိပါတယ်။ ရွှေ့ပြောင်းအခြေချသူများအပေါ် စာနာထောက်ထားပြီး တက္ကဆက်ပြည်နယ်ရဲ့ အပြုအမူတွေကို ဆန့်ကျင်ဆန္ဒပြမှုများလည်း ရှိပါ တယ်။

တကယ်တော့ တက္ကဆက်ပြည်နယ်ဟာ ၁၈၃၆-ခုနှစ်မှာ မက္ကဆီကို ထံမှ လွတ်လပ်ရေးရရှိပြီး အမေရိကန်ပြည်ထောင်စုအတွင်း သိမ်းသွင်းမခံရမီ လွတ်လပ်သောပြည်နယ်အဖြစ် ၁၀-နှစ်ခန့် ရပ်တည်ခဲ့ဖူးပါတယ်။ ဘိုင်ဒင်အစိုးရဘက် မျက်နှာလိုက်တဲ့ အမေရိကန်တရားရုံးချုပ်က နယ်ခြားစောင့်ရဲများအနေနဲ့ အက်ဗက်ရဲ့အမိန့် အရတည်ဆောက်ထားတဲ့ မက္ကဆီိကို နယ်စပ်တလျောက် နယ်ခြားဆူးကြိုးစည်းရိုးတွေကို ယာယီဖယ်ရှားရန် ခွင့်ပြုလိုက်ပါတယ်။ အဲ့ဒီအခါ ရုရှားသမ္မတဟောင်း နိမိတ်ဖတ်သလိုပဲ အက်ဗက်က တက္ကဆက်ပြည်နယ်ရဲ့ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အရ ဖယ်ဒရယ်ဥပဒေများကို ဆန့်ကျင်တယ်လို့ ကြေညာပါတယ်။

ဒါဟာ အမေရိကန်ရဲ့ သြဇာအာဏာ လွှမ်းခြုံမှု အားနည်းလာခြင်းရဲ့ နောက်ထပ် အထင်ရှားဆုံး ဥပမာတစ်ခု ဖြစ်ကြောင်း၊ အတွင်းကနေ အခြေခံတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး အမေရိကန်တွေရဲ့ ပြည်တွင်း ဖြစ်ပျက်နေမှုများဟာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခြင်းရဲ့ရလဒ်ပဲဖြစ်တယ်လို့ မက်ဗီဒက်က ဆက်လက်ပြောပြပါတယ်။

အမေရိကန်အစိုးရဟာ ကိယက်ဗ် နာဇီလက်သစ်တွေကို အလွန်စိတ်အားထက်သန်စွာ ထောက်ခံနေတယ်လို့ ပူတင်ရဲ့ မဟာမိတ်ကြီးက စကားဆက်လိုက်ပြီး ယူကရိန်းရဲ့ ၂ နှစ်နီးပါးကြာစစ်ပွဲကို ရည်ညွှန်းပေမယ့် အခြား အရာအားလုံးအတွက်ကိုတော့ မျက်စိကန်းထားပုံရပါတယ်။

သူတို့ရဲ့ မလှုပ်မခြောက်အနေအထားမျိုးနဲ့ အဲ့ဒီ အာဏာပိုင်တွေငနဲတွေဟာ ခွဲထွက်ဖို့စိတ်ကူးယဉ်နေတဲ့ တက္ကဆက်ပြည်သူတွေကို တံတိုင်းကြီးပေါ်တက်အောင်တွန်းပို့သလို လုပ်နေတယ်လို့ ရုရှားသမ္မတဟောင်းက ဆိုပါတယ်။ 

လက်ရှိ ရုရှားလုံခြုံရေးကောင်စီ လက်ထောက်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူ မက်ဗီဒက်က တက္ကဆက်ပြည်နယ် ခွဲထွက်လိမ့်မယ်လို့ ယခင်ကတည်းက ကြိုတင်ခန့်မှန်းခဲ့ဖူးပေမယ့် အမေရိကန်နိုင်ငံအတွင်း အဲ့ဒီလို တရား၀င် ဆောင်ရွက်နိုင်ခြင်း မရှိပါဘူး။

တချို့ပြည်နယ်တွေက ပြည်ထောင်စုကနေ ခွဲထွက်ပြီး ကွန်ဖက်ဒရေးရှင်းအဖြစ် ဖွဲ့စည်းဖို့ ကြိုးစားတဲ့အခါ သမိုင်းမှာ လူသိများတဲ့ ဖြစ်ရပ်တွေရှိခဲ့ဖူးကြောင်း၊ နောက်ဆုံးရလဒ်မှာ သွေးထွက်သံယိုပြည်တွင်းစစ်ဖြစ်ပြီး လူပေါင်းထောင်နဲ့ ချီပြီး အသက်ဆုံးရှုံးခဲ့ရခြင်းသာဖြစ်ကြောင်း၊ ဘာပဲဖြစ်ဖြစ်၊ အမေရိကန်ဟာ မဖြေရှင်းနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းကို ရင်ဆိုင်ရနိုင်ပြီး ရေရှည်မှာ ပိုလို့တောင် အပျက်သဘောဆောင်တဲ့ လူထုထိပ်တိုက်တွေ့မှုအသစ်ရဲ့ ချောက်ကမ်းပါးထဲကို ကျရောက်သွားနိုင်ကြောင်း ခန့်မှန်းပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနဟာ မက်ဗီဒက်ရဲ့ ပြောဆိုချက်များကို ပယ်ချလိုက်ကြောင်း၊ ယခုလိုအချိန် မက်ဗီဒက်ကို အလေးအနက် မထားသင့်ဘူးဆိုတာ လူတိုင်းသိကြောင်း၊ ကရင်မလင်ရဲ့ သောင်စဉ် ရေမရ အဓိပ္ပါယ်မဲ့ ပြောဆို ချက်များသာဖြစ်တယ်လို့ တုန့်ပြန်ကြောင်း “နယူးစ်_ဝိခ်” က စနေနေ့မှာ ရေးပါတယ်။

ဒီအကြောင်း မှတ်ချက်ပေးရန် တနင်္ဂနွေနေ့ နယူးယောက်ပို့စ်ရဲ့ မေတ္တာရပ်ခံချက်ကိုတော့ နိုင်ငံခြားရေးဌာနက လောလောဆယ် ပြန်ကြားခြင်း မရှိသေးပါဘူး။

(New York Post.,28 January 2024,” Putin ally warns Texas border battle could spark civil war in US: ‘Even more destructive’” ကို ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဂါဇာကမ်းမြောင်ဒေသရှိ စစ်ပွဲအတွက် ပြင်ဆင်ထားရန် အမေရိကန်တပ်ဖွဲ့ဝင်များကို ညွှန်ကြားထားကြောင်း မီဒီယာများဖော်ပြ

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved