ကမ္ဘာလုံးဆိုင်ရာစီးပွားရေးတွင် BRICS အဖွဲ့၏ရှယ်ယာများက G7 အဖွဲ့ကို ကျော်တက်သွားပြီဖြစ်ကြောင်း ရုရှားဗဟိုဘဏ်ပြော
Pika (NSS) - ဇန်နဝါရီ ၃၁
ဝယ်ယူမှုစွမ်းအားတူညီမှု(ppp) သတ်မှတ်ချက်များအရ ကမ္ဘာလုံးဆိုင်ရာ GDP တွင် BRICS အဖွဲ့ဝင်နိုင်ငံများ၏ ရှယ်ယာများသည် G7 အဖွဲ့ဝင်နိုင်ငံများကို ကျော်တက်သွားပြီဖြစ်ကြောင်း ရုရှားဗဟိုဘဏ်အကြီးအကဲ Elvira Nabiullina က ပြောကြားခဲ့သည်။
နောက်ထပ်အဖွဲ့ဝင်များ ထပ်တိုးလာမှုနှင့်အတူ BRICS အဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာထုတ်ကုန်များ ရှယ်ယာသည် ၂ဝ၂၃ ခုနှစ်အကုန်တွင် (၃၁)ရာခိုင်နှုန်းမှ (၃၅)ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ကြောင်း Elvira Nabiullina က ပြောကြားခဲ့ သည်။ Elvira Nabiullina က "BRICS အဖွဲ့ဝင်နိုင်ငံတွေရဲ့စီးပွားရေးဟာ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာနေပါတယ်။ BRICS အဖွဲ့ဟာ ကမ္ဘာပေါ်မှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်" ဟု ပြောခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင် BRICS အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏အဖွဲ့ကို ပိုပိုချဲ့ထွင်ရန် လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိက တို့ပါဝင်သော BRICS အဖွဲ့သည် ဆော်ဒီအာရေးဗျ၊ အီရန်၊ အီသီယိုးပီးယား၊ အီဂျစ်၊ အာဂျင်တီးနား နှင့် ယူအေအီးတို့ကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရန် ပြီးခဲ့သည့်နှစ်က ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
အဖွဲ့ဝင်နိုင်ငံသစ်များကို လက်ခံရန်အတွက် လမ်းဖွင့်ပေးထားကြောင်း BRICS အဖွဲ့က ပြောကြားခဲ့သည်။ အာဂျင်တီးနားနိုင်ငံသည် ယခုနှစ် ဇန်နဝါရီလ(၁)ရက်တွင် BRICS အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ရန် စီစဉ်ခဲ့သော်လည်း ရွေးကောက်ခံသမ္မတသစ် Javier Milei က အဆိုပါဆုံးဖြတ်ချက်ကို နောက်ပိုင်းတွင် ပယ်ချခဲ့ကြောင်း သိရသည်။
ထို့အပြင် BRICS အဖွဲ့တွင် ပါဝင်မည့်အစား အနောက်အုပ်စုနိုင်ငံများ နှင့် နီးကပ်သောဆက်ဆံရေးများကိုသာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Javier Milei က ပြောကြားခဲ့သည်။
နောက်ထပ်အဖွဲ့ဝင်နိုင်ငံ(၅)နိုင်ငံ တိုးလာမှုနှင့်အတူ BRICS အဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာရေနံစိမ်းထုတ်လုပ်မှု၏ (၄ဝ) ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်နိုင်မည့် အနေအထားတွင်လည်း ရှိနေကြောင်း သိရသည်။ ထို့အပြင် နောက်ထပ် နိုင်ငံအများအပြားသည် BRICS အဖွဲ့ဝင်နိုင်ငံဖြစ်ခွင့်ရရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ကြပြီး အချို့နိုင်ငံများမှာ တရားဝင်လျှောက်လွှာများ တင်ပြီးပြီဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါနောက်ဆုံးအုပ်စုတွင် ဗင်နီဇွဲလား၊ ထိုင်း၊ ဆီနီဂေါ၊ ကျူးဘား၊ ကာဇက်စတန်၊ ဘီလာရုစ်၊ ဘာရိန်း နှင့် ပါကစ္စတန်တို့ ပါဝင်ကြောင်းလည်း သိရသည်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ၏ အချက်အလက်များအရ ကမ္ဘာလုံးဆိုင်ရာ GDP တွင် G7 အဖွဲ့၏ ရှယ်ယာများသည် ပြီးခဲ့သည့်နှစ်များစွာအတွင်း ဆက်တိုက်ကျဆင်းလာခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် (၅ဝ ဒသမ ၄၂) ရာခိုင်နှုန်းရှိခဲ့သော်လည်း ၂ဝ၂၂ ခုနှစ်တွင် (၃ဝ ဒသမ ၃၉) ရာခိုင်နှုန်းထိ ကျဆင်း သွားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်- မန္တလေး မီးရထားလမ်းပိုင်းတွင် ကုန်တင်ရထားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရ
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ