အာဆီယံအဖွဲ့ဝင် ၄ နိုင်ငံက NUG အဖွဲ့ကို မသိကျိူးကျွံပြု လျစ်လျူရှုမှုများ ဆက်လက်လုပ်ဆောင်နေဟုဆို
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၃၁
အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် ၄ နိုင်ငံသည် NUG အဖွဲ့ကို မသိကျိူးကျွံပြုလျစ်လျူရှုမှုများ ဆက်လက်ပြုနေကြောင်း၊ NUG အဖွဲ့မှတာဝန်ရှိသူတစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က The Straits Time သတင်းဌာန နှင့် အင်တာဗျူးအစီအစဉ်တွင် ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံ ၉ နိုင်ငံထဲမှ ၄ နိုင်ငံ၏ အေးစက်သောဆက်ဆံမှုများ ဆက်လက်ရရှိနေကြောင်း NUG ၏ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒေါ်ဇင်မာအောင်က ထပ်မံပြောဆိုခဲ့သည်။ ၎င်းက အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် ၅ နိုင်ငံ နှင့် လက်ရှိအချိန်တွင် စေ့စပ်ဆွေးနွေးမှုများ ဆက်လက်ရှိနေဆဲဖြစ်ပြီး၊ အချို့နိုင်ငံများက ၎င်းတို့၏ ဆက်ဆံရေးကို လူအများတွေ့မြင်မည်ကို မလိုလားကြောင်း ထပ်မံပြောဆိုခဲ့သည်။
ဒေါ်ဇင်မာအောင်သည် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူနေသည့် လာအိုနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သူ Alounkeo Kittikhoun ဆိုသူနှင့်တွေ့ဆုံဆွေးနွေးခြင်းများ ရှိ-မရှိ ဆိုသော အချက်ကို မှတ်ချက်ပြုပြောဆိုရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်ဖြစ်သူ Alounkeo Kittikhoun ဆိုသူသည် မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်စေရေးကူညီနိုင်ရန်အတွက် မြန်မာနိုင်ငံရေးတွင် ပါဝင်နေသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခွင့်ရှိသည်ဆိုသောလုပ်ပိုင်ခွင့်အရ ဇန်နဝါရီလအတွင်း နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပြင် ဒေါ်ဇင်မာအောင်နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အစောပိုင်းတွင် သတင်းများ ထွက်ပေါ်ခဲ့သည်။
လာအိုနိုင်ငံသည် ဇန်နဝါရီ ၂၈ ရက်မှစတင်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ရာ နစကအဖွဲ့က မြန်မာနိုင်ငံကိုယ်စားပြုကိုယ်စားလှယ်တစ်ဦးကို ၃ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အာဆီယံနိုင်ငံခြားရေးအစည်းအဝေးအတွင်း ထိုင်းနိုင်ငံမှ အဆိုပြုခဲ့သော ထိုင်း နှင့် မြန်မာနိုင်ငံနယ်စပ်ဒေသတွင် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနိုင်မည့် စင်တာတစ်ခု တည်ထောင်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကြည့်မြင်တိုင်မြို့နယ်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၁၅)လုံးမီးလောင် ဆုံးရှုံး
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း