Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံ၊ ချုံချင့်ဒေသကြား လေကြောင်းလိုင်းပြေးဆွဲရန် နှင့် လျှပ်စစ်ကားများ ထုတ်လုပ်၊ တင်ပို့ရန် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ဆန္ဒရှိနေ

ယွန်း (NP News) - မတ် ၂၂


တရုတ်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တရုတ်နိုင်ငံ၊ ချုံချင့်ဒေသနှင့် မြန်မာနိုင်ငံကြား လေကြောင်းလိုင်း ပြေးဆွဲရန် နှင့် လျှပ်စစ်ကားများ ထုတ်လုပ်၊ တင်ပို့ရန် ဆန္ဒရှိနေကြောင်း UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောသည်။   


ဥက္ကဋ္ဌ ဦးအေးဝင်းက ယနေ့(မတ်လ ၂၂ ရက်)တွင် ရန်ကုန်မြို့၊ LOTTE Hotel ၌ ကျင်းပခဲ့သည့် တရုတ်(ချုံချင့်ပိရှန်း)- မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မိတ်ဆက်ပွဲတွင် အထက်ပါကဲ့သို့ အသိပေး ပြောဆိုခဲ့ခြင်းဖြစ်သည်။


UMFCCI အနေဖြင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ သာမက မြန်မာနိုင်ငံတွင် လာရောက်၍ ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်နေသည့် နိုင်ငံတကာမှ လုပ်ငန်းရှင်များကိုပါ ခွဲခြားမှုမရှိဘဲ ကူညီမှုများ ဆောင်ရွက်ပေးနေကြောင်း ဥက္ကဋ္ဌ ဦးအေးဝင်းက ဆိုထားသည်။


လက်ရှိတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ ရန်ကုန်မြို့ နှင့် တရုတ်နိုင်ငံရှိ ချုံချင့်မြို့တို့ကို တိုက်ရိုက်လေကြောင်းလိုင်းပြေးဆွဲနိုင်ရေးကို ဆန္ဒရှိနေကြောင်း သိရသည်။


“ဆွေးနွေးချက်တွေအရ တရုတ်နိုင်ငံ‌အနေနဲ့ အထူးသဖြင့် New Energy vehicle နဲ့ပတ်သက်ပြီးတော့ ရင်းနှီးမြှုပ်နှံလိုတယ်ဆိုတာရယ်၊ နောက်ပြီးတော့ မြန်မာနဲ့ ချုံချင့်တို့ကြားမှာ လေကြောင်းပြေးဆွဲခြင်းနဲ့ ခရီးသွားလုပ်ငန်း ကဏ္ဍမှ ပူးပေါင်းဆောင်ရွက်လိုတာရယ်၊ လျှပ်စစ်သုံးယာဥ်တွေ ထုတ်လုပ်ခြင်း၊ တင်ပို့ခြင်း ကဏ္ဍ၊ စက်မှုလယ်ယာပစ္စည်းတွေကို ထုတ်လုပ် တင်ပို့မယ့်အပိုင်းရယ်၊ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍစတဲ့ ကဏ္ဍ(၄)ရပ်မှာ ပိုမိုပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ကို စိတ်ဝင်‌စားကြောင်း သိရှိရပါတယ်” ဟု ဥက္ကဋ္ဌ ဦးအေးဝင်းက ဆိုသည်။


အဆိုပါ ကဏ္ဍ(၄)ရပ်သည်လည်း မြန်မာနိုင်ငံတွင် လိုအပ်နေသည့် ကဏ္ဍများဖြစ်နေပြီး မြန်မာနိုင်ငံအ တွက် အလေးထား ရင်းနှီးမြှုပ်နှံစေလိုသည့် ကဏ္ဍသည် အ‌ခြေခံအဆောက်အဦးများ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးအေးဝင်းက ဆိုသည်။ 


“ကျွန်တော်တို့အတွက် အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးတွေအတွက် ဆောင်ရွက်တဲ့အခါမှာ အဓိကလိုအပ်နေတာကတော့ အခြေခံအဆောက်အဦးဖွံ့ဖြိုးတိုးတက်ရေးတွေဖြစ်တဲ့ ဆောက်လုပ်ရေးတို့၊ သယ်ယူပို့ဆောင်ရေးတို့၊ လျှပ်စစ်နဲ့စွမ်းအင်ကဏ္ဍတွေမှာ တိုးတက်ဖို့တို့ ဖြစ်တဲ့အတွက် ဒီကဏ္ဍတွေမှာလည်း အထူးအလေးထားပြီး ရင်းနှီးမြှုပ်နှံမှုအတွက်ကို ဖိတ်ခေါ်ပါတယ်” ဟု ၎င်းက တိုက်တွန်းပြောဆိုခဲ့သည်။  


ထို့ပြင် တရုတ်နိုင်ငံ‌အနေဖြင့် မြန်မာနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဖော်ဆောင်လာနိုင်ရန် ဆောင်ရွက်မှုများရှိနေသည့်အတွက် မြန်မာနိုင်ငံဘက်မှလည်း နိုင်ငံ့စီးပွားရေးတွင် ပူးပေါင်းဆောင်ရွက်ရေးကို ကူညီဆောင်ရွက်ပေးရန် အ‌ဆင့်သင့်ရှိနေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများစီမံခန့်ခွဲရေး ဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦးက ဆက်လက်ပြောဆိုထားသည်။

zawgyi version

ျမန္မာႏိုင္ငံ ႏွင့္ တ႐ုတ္ႏိုင္ငံ၊ ခ်ဳံခ်င့္ေဒသၾကား ေလေၾကာင္းလိုင္းေျပးဆြဲရန္ ႏွင့္ လွ်ပ္စစ္ကားမ်ား ထုတ္လုပ္၊ တင္ပို႔ရန္ တ႐ုတ္စီးပြားေရးလုပ္ငန္းရွင္မ်ား ဆႏၵရွိေန  


ယြန္း (NP News) - မတ္ ၂၂


တ႐ုတ္စီးပြားေရးလုပ္ငန္းရွင္မ်ားအေနျဖင့္ တ႐ုတ္ႏိုင္ငံ၊ ခ်ဳံခ်င့္ေဒသႏွင့္ ျမန္မာႏိုင္ငံၾကား ေလေၾကာင္းလိုင္း ေျပးဆြဲရန္ ႏွင့္ လွ်ပ္စစ္ကားမ်ား ထုတ္လုပ္၊ တင္ပို႔ရန္ ဆႏၵရွိေနေၾကာင္း UMFCCI ဥကၠ႒ ဦးေအးဝင္းက ေျပာသည္။   


ဥကၠ႒ ဦးေအးဝင္းက ယေန႔(မတ္လ ၂၂ ရက္)တြင္ ရန္ကုန္ၿမိဳ႕၊ LOTTE Hotel ၌ က်င္းပခဲ့သည့္ တ႐ုတ္(ခ်ဳံခ်င့္ပိရွန္း)- ျမန္မာ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈ မိတ္ဆက္ပြဲတြင္ အထက္ပါကဲ့သို႔ အသိေပး ေျပာဆိုခဲ့ျခင္းျဖစ္သည္။


UMFCCI အေနျဖင့္ စီးပြားေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္မ်ား သာမက ျမန္မာႏိုင္ငံတြင္ လာေရာက္၍ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ကိုင္ေနသည့္ ႏိုင္ငံတကာမွ လုပ္ငန္းရွင္မ်ားကိုပါ ခြဲျခားမႈမရွိဘဲ ကူညီမႈမ်ား ေဆာင္႐ြက္ေပးေနေၾကာင္း ဥကၠ႒ ဦးေအးဝင္းက ဆိုထားသည္။


လက္ရွိတြင္ တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံရွိ ရန္ကုန္ၿမိဳ႕ ႏွင့္ တ႐ုတ္ႏိုင္ငံရွိ ခ်ဳံခ်င့္ၿမိဳ႕တို႔ကို တိုက္႐ိုက္ေလေၾကာင္းလိုင္းေျပးဆြဲႏိုင္ေရးကို ဆႏၵရွိေနေၾကာင္း သိရသည္။


“ေဆြးေႏြးခ်က္ေတြအရ တ႐ုတ္ႏိုင္ငံ‌အေနနဲ႔ အထူးသျဖင့္ New Energy vehicle နဲ႔ပတ္သက္ၿပီးေတာ့ ရင္းႏွီးျမႇဳပ္ႏွံလိုတယ္ဆိုတာရယ္၊ ေနာက္ၿပီးေတာ့ ျမန္မာနဲ႔ ခ်ဳံခ်င့္တို႔ၾကားမွာ ေလေၾကာင္းေျပးဆြဲျခင္းနဲ႔ ခရီးသြားလုပ္ငန္း က႑မွ ပူးေပါင္းေဆာင္႐ြက္လိုတာရယ္၊ လွ်ပ္စစ္သုံးယာဥ္ေတြ ထုတ္လုပ္ျခင္း၊ တင္ပို႔ျခင္း က႑၊ စက္မႈလယ္ယာပစၥည္းေတြကို ထုတ္လုပ္ တင္ပို႔မယ့္အပိုင္းရယ္၊ က်န္းမာေရးေစာင့္ေရွာက္မႈက႑စတဲ့ က႑(၄)ရပ္မွာ ပိုမိုၿပီးေတာ့ ပူးေပါင္းေဆာင္႐ြက္ဖို႔ကို စိတ္ဝင္‌စားေၾကာင္း သိရွိရပါတယ္” ဟု ဥကၠ႒ ဦးေအးဝင္းက ဆိုသည္။


အဆိုပါ က႑(၄)ရပ္သည္လည္း ျမန္မာႏိုင္ငံတြင္ လိုအပ္ေနသည့္ က႑မ်ားျဖစ္ေနၿပီး ျမန္မာႏိုင္ငံအ တြက္ အေလးထား ရင္းႏွီးျမႇဳပ္ႏွံေစလိုသည့္ က႑သည္ အ‌ေျခခံအေဆာက္အဦးမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးျဖစ္ေၾကာင္း ဥကၠ႒ ဦးေအးဝင္းက ဆိုသည္။ 


“ကြၽန္ေတာ္တို႔အတြက္ အေသးစား၊ အငယ္စားနဲ႔ အလတ္စား စီးပြားေရးေတြအတြက္ ေဆာင္႐ြက္တဲ့အခါမွာ အဓိကလိုအပ္ေနတာကေတာ့ အေျခခံအေဆာက္အဦးဖြံ႕ၿဖိဳးတိုးတက္ေရးေတြျဖစ္တဲ့ ေဆာက္လုပ္ေရးတို႔၊ သယ္ယူပို႔ေဆာင္ေရးတို႔၊ လွ်ပ္စစ္နဲ႔စြမ္းအင္က႑ေတြမွာ တိုးတက္ဖို႔တို႔ ျဖစ္တဲ့အတြက္ ဒီက႑ေတြမွာလည္း အထူးအေလးထားၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈအတြက္ကို ဖိတ္ေခၚပါတယ္” ဟု ၎က တိုက္တြန္းေျပာဆိုခဲ့သည္။  


ထို႔ျပင္ တ႐ုတ္ႏိုင္ငံ‌အေနျဖင့္ ျမန္မာႏိုင္ငံႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈအခြင့္အလမ္းမ်ား ေဖာ္ေဆာင္လာႏိုင္ရန္ ေဆာင္႐ြက္မႈမ်ားရွိေနသည့္အတြက္ ျမန္မာႏိုင္ငံဘက္မွလည္း ႏိုင္ငံ့စီးပြားေရးတြင္ ပူးေပါင္းေဆာင္႐ြက္ေရးကို ကူညီေဆာင္႐ြက္ေပးရန္ အ‌ဆင့္သင့္ရွိေနေၾကာင္း ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားစီမံခန႔္ခြဲေရး ဦးစီးဌာနမွ ဒုၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးမင္းေဇာ္ဦးက ဆက္လက္ေျပာဆိုထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တိုင်းပြည် တည်ငြိမ်အေးချမ်းသည့်အချိန်ကို စောင့်ဆိုင်းနေ၍မရဘဲ နိုင်ငံချမ်းသာတိုးတက်ရေး အားပြုလုပ်ဆောင်ရန် စီးပွားရေးလုပ်ငန်းရှင်များတိုက်တွန်း

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved