Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တိုင်းပြည် တည်ငြိမ်အေးချမ်းသည့်အချိန်ကို စောင့်ဆိုင်းနေ၍မရဘဲ နိုင်ငံချမ်းသာတိုးတက်ရေး အားပြုလုပ်ဆောင်ရန် စီးပွားရေးလုပ်ငန်းရှင်များတိုက်တွန်း

မျိုးကြီး၊ ယွန်း (NP News) - မတ် ၂၂


တိုင်းပြည် တည်ငြိမ်အေးချမ်းသည့်အချိန်ကို စောင့်ဆိုင်းနေ၍ မရဘဲ နိုင်ငံချမ်းသာတိုးတက်ရန် အားပြုလုပ်ဆောင်ရမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။


ယနေ့(မတ်လ ၂၂ ရက်)တွင် ရန်ကုန်မြို့၊ Lotte Hotel ၌ ကျင်းပသည့် တရုတ်(ချုံချင့် ပိရှန်း)- မြန်မာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမိတ်ဆက်ပွဲတွင် လုပ်ငန်းရှင်များက အထက်ပါကဲ့သို့ မှတ်ချက်ပြုပြောဆိုထားခြင်းဖြစ်သည်။


လက်ရှိ တိုင်းပြည်၌ ဖြစ်ပွားနေသည့် အခက်အခဲအားလုံးသည် ဆင်းရဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် ခါးသီးမှုများဖြစ်ကြောင်း Rammarwaddy ကုမ္ပဏီဥက္ကဋ္ဌ ဦးငြိမ်းချမ်းမောင်က ရှင်းလင်းပြောကြားသည်။


“အခုတိုင်းပြည်မှာ ဖြစ်နေတဲ့လက်တွေ့အခက်အခဲတွေအားလုံးက ဆင်းရဲခြင်းကြောင့် ဆင်းသက်လာတဲ့ ခါးသီးမှုတွေပါ။ ကျွန်တော်တို့ ဒါကိုဖြေရှင်းတဲ့နေရာမှာ ဆင်းရဲမှု ပပျောက်အောင်၊ ချမ်းသာလာအောင်လုပ်မယ့် နည်းကလွဲပြီးတော့ တခြားမရှိပါဘူး။ အဲဒီတော့ ဒါက တရုတ်ပြည်နဲ့ သက်သေပြလို့ရပါတယ်။ တရုတ်ပြည်ဆိုလည်း ဒီလိုပဲ။ အခုချမ်းသာလာတော့ တိုင်းပြည်တည်ငြိမ်ပြီ။ အဲဒီမှာတစ်ခုပါပဲ တိုင်းပြည်တည်ငြိမ်အောင် စောင့်ပြီးတော့မှ ချမ်းသာအောင်လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့ တော်တော်ကြာခဲ့ပါပြီ။ သူတို့လည်း တည်ငြိမ်အောင် မစောင့်ပါဘူး။ ချမ်းသာအောင် အားပြုပြီးလုပ်ခဲ့တာပါ” ဟု ဥက္ကဋ္ဌဦးငြိမ်းချမ်းမောင်က ဆိုသည်။


ထို့ကြောင့် မြန်မာနိုင်ငံတိုးတက်ချမ်းသာရေးအတွက် တရုတ်စီးပွား‌ရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာစီးပွားရေးသမားများနှင့် ပူးပေါင်းဆောင်ရွက်ပေးရန်လည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်ထားသည်။


ထို့ပြင် Rammarwaddy ကုမ္ပဏီမှ ဆောင်ရွက်မည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းများကိုလည်း ဥက္ကဋ္ဌဦးငြိမ်းချမ်းမောင်က ထည့်သွင်းရှင်းလင်းပြောဆိုခဲ့ပြီး ၎င်းစီမံကိန်းသည် မြန်မာတစ်နိုင်ငံလုံး GDP ၏ (၈ဝ) ရာခိုင်နှုန်းကို ဆွဲနိုင်မည်ဟု ခန့်မှန်းထားသည့်အပြင် ၎င်းသည် ငြိမ်းချမ်းရေးဂျိုးဖြူငှက်တစ်ကောင် ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။


ဆက်လက်ပြီး တရုတ်(ချုံချင့် ပိရှန်း)- မြန်မာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမိတ်ဆက်ပွဲသို့ တက်ရောက်လာသည့် NLD ပါတီဗဟိုကော်မတီဝင်၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်စန္ဒာမင်းကလည်း တိုင်းပြည်တည်ငြိမ်အေးချမ်းမှု မရှိသော်လည်း နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် တစ်ပြိုင်နက်တည်း ဆောင်ရွက်ရမည်ဟု NP News ကိုမှတ်ချက်ပြုပြောဆိုထားသည်။


“ဒီနေ့ဒီအချိန်အခါမှာ ကျွန်မတို့ တိုင်းပြည်က တည်ငြိမ်အေးချမ်းမှုမရှိဘူးလို့ ပြောနေပေမယ့်လည်း လူတွေကတော့ နေ့တိုင်း စားသောက်တယ်ဆိုတဲ့ လုပ်ငန်းတွေကို သုံးစွဲတယ်ဆိုတဲ့လုပ်ငန်းတွေကတော့ ရပ်နားလို့မရတဲ့ ကိစ္စတွေဖြစ်တဲ့အတွက် အစားအသောက်တွေအတွက်၊ အသုံးအဆောက်တွေအတွက်ကတော့ နေ့တိုင်းကို လုပ်ဆောင်နေရတာတွေ ဖြစ်တယ်။ ဒါကြောင့်မိုလို့ ဒီနေ့တက်လာတဲ့အခမ်းအနားမှာ လူအပြည့်တွေ့ရတယ်။ ဘာဖြစ်လို့လဲ လူတွေဟာ စီးပွားရေးကို တိုင်းပြည် မငြိမ်သက်ပေမယ့်လည်း  လုပ်ဆောင်ချင်နေတယ်ဆိုတဲ့ ဇောတွေကို ကျွန်မတွေ့ရတယ်။ တိုင်းပြည်တည်ငြိမ်အောင် တစ်ဖက်တစ်လမ်းက လုပ်ရတာလည်းဖြစ်သလို ကျွန်မတို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ကိုလည်း ကျွန်မတို့ နိုင်ငံက တစ်ပြိုင်နက်တည်း လုပ်ရမယ့်အချိန်အခါကို ပြတယ်လို့ ကျွန်မက မြင်ပါတယ်” ဟု ဒေါ်စန္ဒာမင်းက ပြောသည်။


မြန်မာနိုင်ငံ အမြန်ဆုံးငြိမ်းချမ်းရန်နှင့် စီးပွားရေး အမြန်ဆုံးတိုးတက်ရန်လည်း ဒေါ်စန္ဒမင်းက ဆန္ဒပြုဆုတောင်း စကားပြောဆိုထားသည်။


“လက်ရှိ နိုင်ငံရေးမတည်မငြိမ်ဖြစ်နေတဲ့ကာလမှာ ကျွန်မလည်း ထမင်းစားနေရတဲ့လူတစ်ယောက်ပဲ။ နေ့စဉ်စားသောက်ဖို့အတွက်ကိုလည်း၊ ကျွန်မရဲ့ကိုယ်ပိုင်ရပ်တည်ဖို့အတွက်ကိုလည်း စိုက်ပျိုးရေးလုပ်ငန်းလုပ်ဆောင်တယ်။ ဒီစိုက်ပျိုးရေးလုပ်ငန်းတွေကနေပြီးတော့ အများကြီးတိုးချဲ့လာနိုင်တယ်။ ကျွန်မတို့လုပ်နေတဲ့ သက်တမ်းကာလဟာ (၁၇)နှစ်ကျော်ဖြစ်နေပြီ။ နဂိုတုန်းကဆိုရင်လည်း တရုတ်နိုင်ငံနဲ့ မိတ်ဖက်အနေနဲ့ ကျွန်မတို့ရဲ့ ပစ္စည်းတွေကို ပို့ပြီးရောင်းတယ်။ ဒါပေမယ့် နဂိုတုန်းက ရောင်းတဲ့ကာလတုန်းက ကျွန်မတို့ ကုန်ကြမ်းအဖြစ်နဲ့ပဲ တင်ပို့ရောင်းချရတာဖြစ်ပေမယ့် ယနေ့ဆိုရင် ကုန်ကြမ်းကနေ ကုန်ချောအဖြစ် ပြုပြင်ထုတ်လုပ်တဲ့လုပ်ငန်းတွေကို တစ်ဆင့်တက်လာပြီ။ ဒီပစ္စည်းတွေကို တရုတ်နိုင်ငံ ချုံချင်ဒေသနဲ့ ကျွန်မတို့ မိတ်ဆက်ပွဲလုပ်ထားပြီးပြီ” ဟု ၎င်းက ဆက်လက်ပြောဆိုထားသည်။


မြန်မာနိုင်ငံနှင့် နိုင်ငံတကာအကြားစီးပွားရေးမိတ်ဆက်ပွဲများသည် ပြီးခဲ့သော ၂ဝ၂ဝ ပြည့်နှစ်၌ ကိုဗစ်ကပ်ရောစတင်ဖြစ်ပွားခဲ့သည့်အချိန်အပါအဝင် နိုင်ငံရေးပဋိပက္ခများဖြစ်ပွားလျက်ရှိသည့် ၂ဝ၂၂ နှစ်ကုန်ပိုင်းအထိ ကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။


လက်ရှိတွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် နိုင်ငံရေးပဋိပက္ခများကြောင့် တည်ငြိမ်မှုမရှိသော်လည်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ လုပ်ငန်းများကို ပြန်လည်စတင်ရန် ကြိုးပမ်းလျက်ရှိသည်။


ယနေ့ကျင်းပသည့် တရုတ်(ချုံချင့် ပိရှန်း)- မြန်မာစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမိတ်ဆက်ပွဲသို့ တရုတ်စီးပွားရေးလုပ်ငန်းရှင်အများအပြား လာရောက်ကာ ၎င်းတို့ဆောင်ရွက်နေသည့် လျှပ်စစ်ကားလုပ်ငန်းအပါအဝင် လုပ်ငန်းများစွာကို မိတ်ဆက်ခဲ့ကြသည်။


ထို့ပြင် မြန်မာစီးပွားရေးလုပ်ငန်းရှင်များကလည်း ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းများအပါအဝင် အခြားသောလုပ်ငန်းများကို ပြန်လည်မိတ်ဆက်ရှင်းပြခဲ့ကြပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်လည်း ဖိတ်ခေါ်ခဲ့သည်ကို တွေ့ရှိရသည်။

zawgyi version

တိုင္းျပည္ တည္ၿငိမ္ေအးခ်မ္းသည့္အခ်ိန္ကို ေစာင့္ဆိုင္းေန၍မရဘဲ ႏိုင္ငံခ်မ္းသာတိုးတက္ေရး အားျပဳလုပ္ေဆာင္ရန္ စီးပြားေရးလုပ္ငန္းရွင္မ်ားတိုက္တြန္း


မ်ိဳးႀကီး၊ ယြန္း (NP News) - မတ္ ၂၂


တိုင္းျပည္ တည္ၿငိမ္ေအးခ်မ္းသည့္အခ်ိန္ကို ေစာင့္ဆိုင္းေန၍ မရဘဲ ႏိုင္ငံခ်မ္းသာတိုးတက္ရန္ အားျပဳလုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္မ်ားက ေျပာသည္။


ယေန႔(မတ္လ ၂၂ ရက္)တြင္ ရန္ကုန္ၿမိဳ႕၊ Lotte Hotel ၌ က်င္းပသည့္ တ႐ုတ္(ခ်ဳံခ်င့္ ပိရွန္း)- ျမန္မာစီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈမိတ္ဆက္ပြဲတြင္ လုပ္ငန္းရွင္မ်ားက အထက္ပါကဲ့သို႔ မွတ္ခ်က္ျပဳေျပာဆိုထားျခင္းျဖစ္သည္။


လက္ရွိ တိုင္းျပည္၌ ျဖစ္ပြားေနသည့္ အခက္အခဲအားလုံးသည္ ဆင္းရဲျခင္းေၾကာင့္ ျဖစ္ေပၚလာသည့္ ခါးသီးမႈမ်ားျဖစ္ေၾကာင္း Rammarwaddy ကုမၸဏီဥကၠ႒ ဦးၿငိမ္းခ်မ္းေမာင္က ရွင္းလင္းေျပာၾကားသည္။


“အခုတိုင္းျပည္မွာ ျဖစ္ေနတဲ့လက္ေတြ႕အခက္အခဲေတြအားလုံးက ဆင္းရဲျခင္းေၾကာင့္ ဆင္းသက္လာတဲ့ ခါးသီးမႈေတြပါ။ ကြၽန္ေတာ္တို႔ ဒါကိုေျဖရွင္းတဲ့ေနရာမွာ ဆင္းရဲမႈ ပေပ်ာက္ေအာင္၊ ခ်မ္းသာလာေအာင္လုပ္မယ့္ နည္းကလြဲၿပီးေတာ့ တျခားမရွိပါဘူး။ အဲဒီေတာ့ ဒါက တ႐ုတ္ျပည္နဲ႔ သက္ေသျပလို႔ရပါတယ္။ တ႐ုတ္ျပည္ဆိုလည္း ဒီလိုပဲ။ အခုခ်မ္းသာလာေတာ့ တိုင္းျပည္တည္ၿငိမ္ၿပီ။ အဲဒီမွာတစ္ခုပါပဲ တိုင္းျပည္တည္ၿငိမ္ေအာင္ ေစာင့္ၿပီးေတာ့မွ ခ်မ္းသာေအာင္လုပ္မယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ ေတာ္ေတာ္ၾကာခဲ့ပါၿပီ။ သူတို႔လည္း တည္ၿငိမ္ေအာင္ မေစာင့္ပါဘူး။ ခ်မ္းသာေအာင္ အားျပဳၿပီးလုပ္ခဲ့တာပါ” ဟု ဥကၠ႒ဦးၿငိမ္းခ်မ္းေမာင္က ဆိုသည္။


ထို႔ေၾကာင့္ ျမန္မာႏိုင္ငံတိုးတက္ခ်မ္းသာေရးအတြက္ တ႐ုတ္စီးပြား‌ေရးလုပ္ငန္းရွင္မ်ားအေနျဖင့္ ျမန္မာစီးပြားေရးသမားမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ေပးရန္လည္း ၎က တိုက္တြန္းဖိတ္ေခၚထားသည္။


ထို႔ျပင္ Rammarwaddy ကုမၸဏီမွ ေဆာင္႐ြက္မည့္ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္စီမံကိန္းမ်ားကိုလည္း ဥကၠ႒ဦးၿငိမ္းခ်မ္းေမာင္က ထည့္သြင္းရွင္းလင္းေျပာဆိုခဲ့ၿပီး ၎စီမံကိန္းသည္ ျမန္မာတစ္ႏိုင္ငံလုံး GDP ၏ (၈ဝ) ရာခိုင္ႏႈန္းကို ဆြဲႏိုင္မည္ဟု ခန႔္မွန္းထားသည့္အျပင္ ၎သည္ ၿငိမ္းခ်မ္းေရးဂ်ိဳးျဖဴငွက္တစ္ေကာင္ ျဖစ္ေၾကာင္းလည္း ေျပာဆိုခဲ့သည္။


ဆက္လက္ၿပီး တ႐ုတ္(ခ်ဳံခ်င့္ ပိရွန္း)- ျမန္မာစီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈမိတ္ဆက္ပြဲသို႔ တက္ေရာက္လာသည့္ NLD ပါတီဗဟိုေကာ္မတီဝင္၊ စိုက္ပ်ိဳးေရးလုပ္ငန္းလုပ္ကိုင္သူ ေဒၚစႏၵာမင္းကလည္း တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းမႈ မရွိေသာ္လည္း ႏိုင္ငံစီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္ တစ္ၿပိဳင္နက္တည္း ေဆာင္႐ြက္ရမည္ဟု NP News ကိုမွတ္ခ်က္ျပဳေျပာဆိုထားသည္။


“ဒီေန႔ဒီအခ်ိန္အခါမွာ ကြၽန္မတို႔ တိုင္းျပည္က တည္ၿငိမ္ေအးခ်မ္းမႈမရွိဘူးလို႔ ေျပာေနေပမယ့္လည္း လူေတြကေတာ့ ေန႔တိုင္း စားေသာက္တယ္ဆိုတဲ့ လုပ္ငန္းေတြကို သုံးစြဲတယ္ဆိုတဲ့လုပ္ငန္းေတြကေတာ့ ရပ္နားလို႔မရတဲ့ ကိစၥေတြျဖစ္တဲ့အတြက္ အစားအေသာက္ေတြအတြက္၊ အသုံးအေဆာက္ေတြအတြက္ကေတာ့ ေန႔တိုင္းကို လုပ္ေဆာင္ေနရတာေတြ ျဖစ္တယ္။ ဒါေၾကာင့္မိုလို႔ ဒီေန႔တက္လာတဲ့အခမ္းအနားမွာ လူအျပည့္ေတြ႕ရတယ္။ ဘာျဖစ္လို႔လဲ လူေတြဟာ စီးပြားေရးကို တိုင္းျပည္ မၿငိမ္သက္ေပမယ့္လည္း  လုပ္ေဆာင္ခ်င္ေနတယ္ဆိုတဲ့ ေဇာေတြကို ကြၽန္မေတြ႕ရတယ္။ တိုင္းျပည္တည္ၿငိမ္ေအာင္ တစ္ဖက္တစ္လမ္းက လုပ္ရတာလည္းျဖစ္သလို ကြၽန္မတို႔ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ဖို႔ကိုလည္း ကြၽန္မတို႔ ႏိုင္ငံက တစ္ၿပိဳင္နက္တည္း လုပ္ရမယ့္အခ်ိန္အခါကို ျပတယ္လို႔ ကြၽန္မက ျမင္ပါတယ္” ဟု ေဒၚစႏၵာမင္းက ေျပာသည္။


ျမန္မာႏိုင္ငံ အျမန္ဆုံးၿငိမ္းခ်မ္းရန္ႏွင့္ စီးပြားေရး အျမန္ဆုံးတိုးတက္ရန္လည္း ေဒၚစႏၵမင္းက ဆႏၵျပဳဆုေတာင္း စကားေျပာဆိုထားသည္။


“လက္ရွိ ႏိုင္ငံေရးမတည္မၿငိမ္ျဖစ္ေနတဲ့ကာလမွာ ကြၽန္မလည္း ထမင္းစားေနရတဲ့လူတစ္ေယာက္ပဲ။ ေန႔စဥ္စားေသာက္ဖို႔အတြက္ကိုလည္း၊ ကြၽန္မရဲ႕ကိုယ္ပိုင္ရပ္တည္ဖို႔အတြက္ကိုလည္း စိုက္ပ်ိဳးေရးလုပ္ငန္းလုပ္ေဆာင္တယ္။ ဒီစိုက္ပ်ိဳးေရးလုပ္ငန္းေတြကေနၿပီးေတာ့ အမ်ားႀကီးတိုးခ်ဲ႕လာႏိုင္တယ္။ ကြၽန္မတို႔လုပ္ေနတဲ့ သက္တမ္းကာလဟာ (၁၇)ႏွစ္ေက်ာ္ျဖစ္ေနၿပီ။ နဂိုတုန္းကဆိုရင္လည္း တ႐ုတ္ႏိုင္ငံနဲ႔ မိတ္ဖက္အေနနဲ႔ ကြၽန္မတို႔ရဲ႕ ပစၥည္းေတြကို ပို႔ၿပီးေရာင္းတယ္။ ဒါေပမယ့္ နဂိုတုန္းက ေရာင္းတဲ့ကာလတုန္းက ကြၽန္မတို႔ ကုန္ၾကမ္းအျဖစ္နဲ႔ပဲ တင္ပို႔ေရာင္းခ်ရတာျဖစ္ေပမယ့္ ယေန႔ဆိုရင္ ကုန္ၾကမ္းကေန ကုန္ေခ်ာအျဖစ္ ျပဳျပင္ထုတ္လုပ္တဲ့လုပ္ငန္းေတြကို တစ္ဆင့္တက္လာၿပီ။ ဒီပစၥည္းေတြကို တ႐ုတ္ႏိုင္ငံ ခ်ဳံခ်င္ေဒသနဲ႔ ကြၽန္မတို႔ မိတ္ဆက္ပြဲလုပ္ထားၿပီးၿပီ” ဟု ၎က ဆက္လက္ေျပာဆိုထားသည္။


ျမန္မာႏိုင္ငံႏွင့္ ႏိုင္ငံတကာအၾကားစီးပြားေရးမိတ္ဆက္ပြဲမ်ားသည္ ၿပီးခဲ့ေသာ ၂ဝ၂ဝ ျပည့္ႏွစ္၌ ကိုဗစ္ကပ္ေရာစတင္ျဖစ္ပြားခဲ့သည့္အခ်ိန္အပါအဝင္ ႏိုင္ငံေရးပဋိပကၡမ်ားျဖစ္ပြားလ်က္ရွိသည့္ ၂ဝ၂၂ ႏွစ္ကုန္ပိုင္းအထိ က်င္းပႏိုင္ျခင္းမရွိခဲ့ေၾကာင္း သိရသည္။


လက္ရွိတြင္ ျမန္မာႏိုင္ငံ၌ ျဖစ္ပြားေနသည့္ ႏိုင္ငံေရးပဋိပကၡမ်ားေၾကာင့္ တည္ၿငိမ္မႈမရွိေသာ္လည္း စီးပြားေရးလုပ္ငန္းရွင္မ်ားအေနျဖင့္ ၎တို႔၏ လုပ္ငန္းမ်ားကို ျပန္လည္စတင္ရန္ ႀကိဳးပမ္းလ်က္ရွိသည္။


ယေန႔က်င္းပသည့္ တ႐ုတ္(ခ်ဳံခ်င့္ ပိရွန္း)- ျမန္မာစီးပြားေရးပူးေပါင္း ေဆာင္႐ြက္မႈမိတ္ဆက္ပြဲသို႔ တ႐ုတ္စီးပြားေရးလုပ္ငန္းရွင္အမ်ားအျပား လာေရာက္ကာ ၎တို႔ေဆာင္႐ြက္ေနသည့္ လွ်ပ္စစ္ကားလုပ္ငန္းအပါအဝင္ လုပ္ငန္းမ်ားစြာကို မိတ္ဆက္ခဲ့ၾကသည္။


ထို႔ျပင္ ျမန္မာစီးပြားေရးလုပ္ငန္းရွင္မ်ားကလည္း ရခိုင္ျပည္နယ္ရွိ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္စီမံကိန္းမ်ားအပါအဝင္ အျခားေသာလုပ္ငန္းမ်ားကို ျပန္လည္မိတ္ဆက္ရွင္းျပခဲ့ၾကၿပီး တ႐ုတ္စီးပြားေရးလုပ္ငန္းရွင္မ်ားအေနျဖင့္ ျမန္မာႏိုင္ငံတြင္ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံရန္လည္း ဖိတ္ေခၚခဲ့သည္ကို ေတြ႕ရွိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံ၏ နိုင်ငံခြား‌ရင်းနှီးမြှုပ်နှံမှုတွင် တရုတ်နိုင်ငံသည် နံပါတ်(၁) လုပ်ဖော်ကိုင်ဖက်အဖြစ် ရပ် တည်နေကြောင်း DICA ဆို

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved