Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆီဆိုင်မြို့ကို PDF များကျူးကျော်လာ၍ တိုက်ပွဲစခဲ့ခြင်းဖြစ်ပြီး NCA ကို လက်မလွှတ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာပြော

မြူနစ် (NSS) - ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို PDF များ ကျူးကျော်လာသည့်အတွက် ရှုပ်ထွေးမှုဖြစ်ကာ တိုက်ပွဲစခဲ့ခြင်းဖြစ်ပြီး NCA ကို လက်မလွှတ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက NSS ကို ပြောသည်။


ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာအား NP News အနေ ဖြင့် ဆီဆိုင်မြို့တွင် ဖြစ်ပွားလာသည့်တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ မေးမြန်းရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။

“အဓိကတော့ ကျူးကျော်လာတဲ့ ကရင်နီဘက်က PDF တွေကြောင့် ဖြစ်တာပါ။ ကျွန်တော်တို့မှာက ရန်သူမရှိပါဘူး။ ကျွန် တော် ရဲရော၊ တပ်ရော၊ နောက်ပြီးတော့ ပအိုဝ်းပြည်သူ့စစ်ရော ကျွန်တော်တို့ ရန်သူမဟုတ်ပါဘူး။ ကျွန်တော်တို့ ဘယ်တော့မှ သူတို့ကို စတင်တိုက်ခိုက်ပြီး ပစ်ခတ်တာမရှိဘူး။ သို့သော် ကရင်နီဘက်က နယ်ကျော်လာတဲ့ PDF တွေက ဝင်လာပြီးတော့ ဆီဆိုင်မြို့ကို ခြိမ်းခြောက်လာတဲ့အခါကြတော့ ကျွန်တော်တို့က ဆီဆိုင်မြို့သူ၊ မြို့သားတွေအတွက် သွားပြီးအကာအကွယ်ပေးတာ။ ကျွန်တော်တို့တပ်က အဲဒီမှာ ပါသွားတာ။ ကျွန်တော်တို့က အဲဒီမှာ လူ(၃၀၀)လောက် သွားထည့်ပြီးတော့ အကာအကွယ်သွားယူပေါ့။ PDF တွေကလည်း ဝင်တဲ့အခါကြတော့ ရှုပ်ထွေးမှုဖြစ်ပြီးတော့ တိုက်ပွဲတွေ စဖြစ်လာတာပါ” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

ဆီဆိုင်မြို့တွင် PNLO/PNLA အဖွဲ့အနေဖြင့် စတင်ပစ်ခတ်ခြင်း၊ စခန်းသိမ်းခြင်းတို့ကို လုပ်ဆောင်ခြင်းမရှိကြောင်းလည်း ၎င်းက ထပ်မံပြောသည်။

“တိုက်ပွဲတွေ စဖြစ်လာတဲ့ကိစ္စမှာ ကျွန်တော်တို့ဘက်ကတော့ စတင်ပစ်ခတ်တာတို့၊ စခန်းသိမ်းတာတို့ မလုပ်ပါဘူး။ သို့သော် အဲဒီမြို့ထဲမှာ နေရာယူထားတာက တူနေတဲ့အခါကြတော့ ရှုပ် ထွေးမှုဖြစ်ပြီးတော့ ကျွန်တော်တို့ တပ်တွေပဲ သိမ်းသလိုလို ကျွန်တော်တို့ပဲ ပစ်သလိုလို ဖြစ်သွားတယ်ဗျ။ အဲဒါပါပဲ။ နောက်ပြီးတော့ သတင်းအတုအယောင်တွေကလည်း ထွက်တာများတယ်။ အဓိကတော့ ကရင်နီဒေသကလာတဲ့ PDF တွေ ပြဿနာပါပဲ။ အဲဒါပဲဗျ”ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

လက်ရှိတွင် ဆီဆိုင်မြို့ပတ်ပတ်လည်ကို PNLA အဖွဲ့က ထိန်း ချုပ်ထားပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်နေကြောင်း သိရသည်။

ဆက်လက်ပြီး ဗိုလ်မှူးကြီးခွန်ဥက္ကာက “ကျွန်တော်တို့ တပ်တွေတော့ လိုက်မရှုပ်နဲ့။ ရောရောနှောနှောမလုပ်နဲ့ ခပ်ခွာခွာနေ။ ကိုယ့်လူနဲ့ ကိုယ်နေလို့တော့ မှာထားပါတယ်ဗျ။ အောက်ခြေမှာ ဘယ်လောက်ရှုပ်နေလဲ ကျွန်တော်တို့လည်း မသိတော့ဘူးဗျာ။ ကျွန်တော်တို့ကတော့ NCA လမ်းကြောင်းမူပါပဲ။ အခုဟာက ကျူးကျော်လာတဲ့ PDF တွေကြောင့် ဖြစ်တာကို။ အဲဒီ PDF တွေ ပြန်ဆုတ်သွားရင်တော့ နဂိုအတိုင်းပဲ ပြန်ဖြစ်မှာပေါ့။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ဆက်နေသွားရမှာပေါ့”ဟု ပြောသည်။

တိုင်းပြည်၌ ဆွေးနွေးညှိနှိုင်းရေးလမ်းကြောင်းသည် NCA တစ်ခုသာရှိပြီး ၎င်း NCA ကို လက်လွှတ်မည် မဟုတ်ကြောင်းလည်း ၎င်းက ထပ်မံပြောသည်။

“NCA ကတော့ အပျက်ခံလို့ ဘယ်ရမလဲ။ NCA လမ်းကြောင်းပဲ ကျွန်တော်တို့ တိုင်းပြည်မှာ ငြိမ်းချမ်းရေးအတွက်၊ နားလည်မှုရဖို့အတွက်၊ အပြန်အလှန်ညှိနှိုင်းဖို့အတွက်၊ ဆွေးနွေးဖို့အတွက် လမ်းပေါက်က အဲဒီတစ်ပေါက်ပဲ ရှိတာ။ အဲဒါကို သွားပိတ်လိုက်ရင် တစ်သက်လုံး တိုက်နေကြတော့မှာလား အဲဒီမေးခွန်းဖြစ်လာမယ်။ ဘယ်တော့မှ တိုက်ခိုက်လို့ ပြေလည်တာ မရှိပါဘူး ဒီတိုင်းပြည်မှာ။ ဆွေးနွေးညှိနှိုင်းဖို့ တံခါးပေါက်က NCA ပဲရှိတယ်လေ။ အဲဒါလေးကိုတော့ သတိချပ်စေချင်တယ်။ ကျွန်တော်တို့ကတော့ NCA ကို လက်မလွှတ်ပါဘူး”ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

PNLO/PNLA သည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လက်ရှိနစကအစိုးရလက်ထက်တွင်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တက်ရောက်ဆွေးနွေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့၌ တိုက်ပွဲပြင်း ထန်နေလျက်ရှိပြီး တပ်မတော်ဘက်ကလည်း လေကြောင်း ပစ်ကူများအသုံးပြုကာ တိုက်ခိုက်နေလျက်ရှိကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယနေ့ ဇန်နဝါရီလ ၂၆ ရက်အတွက် မြန်မာ့အရေးနှင့် ကမ္ဘာတစ်ဝန်းက သတင်းထူးများ

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved