ရွှေတိဂုံဘုရားနှင့် ပြည်သူ့ရင်ပြင်ကို ဆက်သွယ်မည့် မြေအောက်ဥမင်ပြီးစီးပါက တစ်နာရီလျှင် လူပေါင်း (၁၄၀၀၀) ဖြတ်သန်းသွားလာနိုင်မည်
ယွန်း (NSS) - ဇန်နဝါရီ ၂၆
တစ်နာရီလျှင် လူပေါင်း(၁၄၀၀၀)ဖြတ်သန်းသွားလာနိုင်မည့်ရွှေတိဂုံဘုရား နှင့် ပြည်သူ့ရင်ပြင်ကို ဆက်သွယ်မည့် မြေအောက်ဥမင်တည်ဆောက်မှု (၃၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။
အဆိုပါ မြေအောက်လမ်းကူး လူသွားဥမင်(Underpass) အဆောက်အဦး တည်ဆောက်ရန်အတွက် မြေသန့်မင်္ဂလာအခမ်းအနားကို ပြီးခဲ့သည့် အောက်တိုဘာလက ကျင်းပခဲ့ပြီးနောက် တည်ဆောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
၎င်းလူသွားဥမင်သည် ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင် ပန်းခြံကြားကို ဆက်သွယ်တည်ဆောက်နေခြင်းဖြစ်ပြီး လက်ရှိတွင် (၃၀)ရာ ခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ မြေအောက်လမ်းကူး လူသွားဥမင်သည် အလျား (၄၆၁) ပေ၊ (၉) လက်မနှင့် အကျယ်(၂၃)ပေရှိပြီး တစ်နာရီလျှင် လူဦးရေ (၁၄၀၀၀) ဖြတ်သန်းသွားလာနိုင်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။
ထို့ပြင် ဝင်ထွက်ပေါက် (၄)ပေါက် ပါဝင်မည်ဖြစ်ပြီး ရွေ့လျားစက်လှေကား (၄) စင်း၊ မသန်စွမ်းသူများ အသုံးပြုရန် (၁ဝ) ယောက်စီး ဓာတ်လှေကား (၂)စင်းတို့ကိုလည်း ထည့်သွင်းတည် ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေတိဂုံဘုရား(အနောက်ဘက်မုခ်) နှင့် ပြည်သူ့ရင်ပြင်ကို ဆက်သွယ်မည့် အဆိုပါမြေအောက်လမ်းကူးလူသွားဥမင်၏ စီမံကိန်းကာလသည် (၁၄)လခန့်ကြာမြင့်နိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံရေးနှင့် စစ်ရေးအရ ပင်လယ်ပြင်စစ်ဆင်ရေးအပြင် မြစ်တွင်းစစ်ဆင်ရေးများကိုပါ ဆင်နွှဲနေကြောင်း ရေတပ်ဦးစီးချုပ်ပြော
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း