မြန်မာအပါအဝင် အာဆီယံ(၄)နိုင်ငံချိတ်ဆက်မယ့် ပင်လယ်ရေကြောင်းသင်္ဘောဝန်ဆောင်မှုအသစ်စတင်မယ်
ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၅
CNC ဟာ မြန်မာ၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ မလေးရှားနိုင်ငံတို့ကို တိုက်ရိုက်ချိတ်ဆက်နိုင်မယ့် ပင်လယ် ရေလမ်းကြောင်းအသစ်ကိုဖန်တီးမယ့် သင်္ဘောဝန်ဆောင်မှုများကို လာမယ့်နှစ်ဆန်းပိုင်းမှာ စတင်မှာဖြစ်ကြောင်းသိရပါတယ်။
အရှေ့တောင်အာရှလေးနိုင်ငံကို ချိတ်ဆက်နိုင်အောင် New Yangon Cambodia Express (YCX)အမည်ရှိ ပင်လယ်ရေကြောင်းဝန်ဆောင်မှုအသစ်ကို စတင်သွားမှာဖြစ်ပြီး ဇန်နဝါရီလ ၃ ရက်မှာစတင်မှာဖြစ်ကြောင်းသိရပါတယ်။ (YCX) ပင်လယ်ရေကြောင်ဝန်ဆောင်မှုအသစ်ဟာ စင်ကာပူ- Port Klang - ရန်ကုန် - ရန်ကုန် - Port Klang - စင်ကာပူ- Sihanoukville- စင်ကာပူ စတဲ့ရေကြောင်းလမ်းအတိုင်း ပြေးဆွဲသွားမှာဖြစ်ကြောင်းသိရပါတယ်။နိုင်ငံ (၄)နိုင်ငံကိုချိတ်ဆက်မည့် YCX ပင်လယ်ရေကြောင်းဝန်ဆောင်မှုဟာ ကမ္ဘောဒီးယားနိုင်ငံ Sihanoukville အထူးစီးပွားရေးဇုန်မှထုတ်လုပ်တဲ့ ထုတ်ကုန်များကိုပင်လယ်ရေကြောင်းမှ သင်္ဘာနဲ့ ပိုမို ပို့ဆောင်နိုင်ဖို့ အဓိကဖြစ်လာဖွယ်ရှိနေကြောင်း ကမ္ဘောဒီးယားနိုင်ငံ Sihanoukville ဆိပ်ကမ်း အာဏာပိုင်များကပြောပါတယ်။
CNC ဟာ ရေကြောင်း၊ မြေပြင်၊ ဝေဟင်တို့မှာ ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကိုအဓိကလုပ်ကိုင်နေတဲ့ ပြင်သစ်အခြေစိုက် CMA CGM Group ရဲ့ လက်အောက်ခံကုမ္ပဏီဖြစ်ကြောင်းသိရပါတယ်။ CNC ဟာ အာရှတိုက်အတွင်းမှာ ပင်လယ်ရေကြောင်းဝန်ဆောင်မှုများကို အဓိကထားလုပ်ကိုင်နေပြီး ခရီးတို ပင်လယ်ရေကြောင်း ဝန်ဆောင်မှုများကို လုပ်ကိုင်လျက်ရှိနေကြောင်းသိရပါတယ်။အဆိုပါ CMA CGM ဟာ နိုင်ငံပေါင်း (၁၆ဝ) ကျော်မှာ ဆိပ်ကမ်းပေါင်း (၄၂ဝ)ကြားချိတ်ဆက်နိုင်ဖို့ သင်္ဘောလမ်းကြောင်းပေါင်း (၂၅၇) ခုအသုံးပြုကာ ပင်လယ်ရေကြောင်းသင်္ဘော ဝန်ဆောင်ပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။
ကမ္ဘာပေါ်ရှိ အကြီးဆုံးမားဆုံးသင်္ဘော ကုမ္ပဏီများမှာ တတိယနေရာမှာလည်းရှိနေကြောင်းသိရပါတယ်။ အဆိုပါကုမ္ပဏီအနေနဲ့ အာဆီယံ (၄)နိုင်ငံကြားကုန်စည်များ ပို့ဆောင်နိုင်အောင် ကွန်တိန်နာသင်္ဘောများကို အဓိကထားအသုံးပြုပြီး ဝန်ဆောင်မှုပေးသွားဖွယ်ရှိနေကြောင်းသိရပါတယ်။
Zawgyi Version
ျမန္မာအပါအဝင္ အာဆီယံ(၄)ႏိုင္ငံခ်ိတ္ဆက္မယ့္ ပင္လယ္ေရေၾကာင္းသေဘၤာဝန္ေဆာင္မႈအသစ္စတင္မယ္
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၅
CNC ဟာ ျမန္မာ၊ စင္ကာပူ၊ ကေမာၻဒီးယား၊ မေလးရွားႏိုင္ငံတို႔ကို တိုက္႐ိုက္ခ်ိတ္ဆက္ႏိုင္မယ့္ ပင္လယ္ ေရလမ္းေၾကာင္းအသစ္ကိုဖန္တီးမယ့္ သေဘၤာဝန္ေဆာင္မႈမ်ားကို လာမယ့္ႏွစ္ဆန္းပိုင္းမွာ စတင္မွာျဖစ္ေၾကာင္းသိရပါတယ္။
အေရွ႕ေတာင္အာရွေလးႏိုင္ငံကို ခ်ိတ္ဆက္ႏိုင္ေအာင္ New Yangon Cambodia Express (YCX)အမည္ရွိ ပင္လယ္ေရေၾကာင္းဝန္ေဆာင္မႈအသစ္ကို စတင္သြားမွာျဖစ္ၿပီး ဇန္နဝါရီလ ၃ ရက္မွာစတင္မွာျဖစ္ေၾကာင္းသိရပါတယ္။ (YCX) ပင္လယ္ေရေၾကာင္ဝန္ေဆာင္မႈအသစ္ဟာ စင္ကာပူ- Port Klang - ရန္ကုန္ - ရန္ကုန္ - Port Klang - စင္ကာပူ- Sihanoukville- စင္ကာပူ စတဲ့ေရေၾကာင္းလမ္းအတိုင္း ေျပးဆြဲသြားမွာျဖစ္ေၾကာင္းသိရပါတယ္။ႏိုင္ငံ (၄)ႏိုင္ငံကိုခ်ိတ္ဆက္မည့္ YCX ပင္လယ္ေရေၾကာင္းဝန္ေဆာင္မႈဟာ ကေမာၻဒီးယားႏိုင္ငံ Sihanoukville အထူးစီးပြားေရးဇုန္မွထုတ္လုပ္တဲ့ ထုတ္ကုန္မ်ားကိုပင္လယ္ေရေၾကာင္းမွ သဘၤာနဲ႔ ပိုမို ပို႔ေဆာင္ႏိုင္ဖို႔ အဓိကျဖစ္လာဖြယ္ရွိေနေၾကာင္း ကေမာၻဒီးယားႏိုင္ငံ Sihanoukville ဆိပ္ကမ္း အာဏာပိုင္မ်ားကေျပာပါတယ္။
CNC ဟာ ေရေၾကာင္း၊ ေျမျပင္၊ ေဝဟင္တို႔မွာ ကုန္စည္သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းမ်ားကိုအဓိကလုပ္ကိုင္ေနတဲ့ ျပင္သစ္အေျခစိုက္ CMA CGM Group ရဲ႕ လက္ေအာက္ခံကုမၸဏီျဖစ္ေၾကာင္းသိရပါတယ္။ CNC ဟာ အာရွတိုက္အတြင္းမွာ ပင္လယ္ေရေၾကာင္းဝန္ေဆာင္မႈမ်ားကို အဓိကထားလုပ္ကိုင္ေနၿပီး ခရီးတို ပင္လယ္ေရေၾကာင္း ဝန္ေဆာင္မႈမ်ားကို လုပ္ကိုင္လ်က္ရွိေနေၾကာင္းသိရပါတယ္။အဆိုပါ CMA CGM ဟာ ႏိုင္ငံေပါင္း (၁၆ဝ) ေက်ာ္မွာ ဆိပ္ကမ္းေပါင္း (၄၂ဝ)ၾကားခ်ိတ္ဆက္ႏိုင္ဖို႔ သေဘၤာလမ္းေၾကာင္းေပါင္း (၂၅၇) ခုအသုံးျပဳကာ ပင္လယ္ေရေၾကာင္းသေဘၤာ ဝန္ေဆာင္ေပးေနတဲ့ ကုမၸဏီျဖစ္ပါတယ္။ကမာၻေပၚရွိ အႀကီးဆုံးမားဆုံးသေဘၤာ ကုမၸဏီမ်ားမွာ တတိယေနရာမွာလည္းရွိေနေၾကာင္းသိရပါတယ္။
အဆိုပါကုမၸဏီအေနနဲ႔ အာဆီယံ (၄)ႏိုင္ငံၾကားကုန္စည္မ်ား ပို႔ေဆာင္ႏိုင္ေအာင္ ကြန္တိန္နာသေဘၤာမ်ားကို အဓိကထားအသုံးျပဳၿပီး ဝန္ေဆာင္မႈေပးသြားဖြယ္ရွိေနေၾကာင္းသိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ထံမှ ဒေါ်လာ(၂)ဘီလျံကျော်တန်ဖိုးရှိ စစ်ရေးအကူအညီအသစ်များ ထပ်မံရရှိမည်ဟု ယူကရိန်းအစိုးရ အတည်ပြု
RELATED POSTS
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း
12 Sep 2024 | စီးပွားရေး,ပြည်တွင်း
07 Sep 2024 | စီးပွားရေး,ပြည်တွင်း