Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်ထံမှ ဒေါ်လာ(၂)ဘီလျံကျော်တန်ဖိုးရှိ စစ်ရေးအကူအညီအသစ်များ ထပ်မံရရှိမည်ဟု ယူကရိန်းအစိုးရ အတည်ပြု

Pika (NP News) - ဒီဇင်ဘာ ၂၅

ယူကရိန်းသည် အမေရိကန်နိုင်ငံထံမှ အမေရိကန်ဒေါ်လာ(၂ ဒသမ ၂)ဘီလျံတန်ဖိုးရှိ စစ်ရေးအကူအညီအသစ်ကို လက်ခံရရှိမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ(၄၅)ဘီလျံတန်ဖိုးရှိ နောက်ထပ်စစ်ရေးအကူအညီအသစ်များကို အမေရိကန်ကွန်ဂရက်လွှတ်တော်က အတည်ပြုပေးမည်ဟု မျှော်လင့်ထားကြောင်း ယူကရိန်းဝန်ကြီးချုပ် Denys Shmyhalက ဒီဇင်ဘာလ(၂၃)ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ၏ စစ်ရေးအကူအညီအသစ်တွင် HIMARS အမျိုးအစား တာဝေးပစ်လက်နက်စနစ်များနှင့် ပက်ထရီယော့လေကြောင်းရန် ကာကွယ်ရေးစနစ်များပါဝင်ကြောင်း ဝန်ကြီးချုပ် Denys Shmyhalက ပြောကြားခဲ့သည်။ အမေရိကန်ဒေါ်လာ(၄၅)ဘီလျံတန်ဖိုးရှိ စစ်ရေးအကူအညီတွင် စစ်ရေး၊ စီးပွားရေးနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပါဝင်ပြီး အဆိုပါအကူအညီအသစ်သည် အမေရိကန်နိုင်ငံ၏ လာမည့်(၂ဝ၂၃)ခုနှစ်ဘတ်ဂျက်ထဲတွင် ပါဝင်ကြောင်း ဝန်ကြီးချုပ် Denys Shmyhalက ထပ်မံပြောကြားခဲ့သည်။

ဝန်ကြီးချုပ် Denys Shmyhal က"ဒီစစ်ရေးအကူအညီအသစ်ပေးပို့မှုကို မနေ့က အထက်လွှတ်တော်က ထောက်ခံမဲပေးခဲ့ပြီးပါပြီ။ အခုအောက်လွှတ်တော်က ဆုံးဖြတ်ဖို့ပဲရှိပါတော့တယ်"ဟုပြောဆိုခဲ့သည်။ ဝန်ကြီးချုပ် Denys Shmyhal သည် တောင်ကိုရီးယားဝန်ကြီးချုပ် Han Duck-soo နှင့် ဖုန်းခေါ်ဆိုမှုအတွင်း တောင်ကိုရီးယားသည် ယူကရိန်းကို စစ်ရေးအကူအညီနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။

အဆိုပါဖုန်းခေါ်ဆိုမှုအတွင်း ယူကရိန်း၏ စွမ်းအင်အခြေခံအဆောက်အဦးများပြန်လည်ပြုပြင်ရန်အတွက် လိုအပ်သော စက်ပစ္စည်းကိရိယာများနှင့် ပတ်သက်ပြီး တောင်ကိုရီးယားထံမှ အကူအညီပမာဏကို တိုးချဲ့သွားရန်မျှော်လင့်ထားကြောင်း ရုရှားနှင့်ယူကရိန်းစစ်ပွဲအပြီး နိုင်ငံတွင်းပြန်လည်တည်ဆောက်ရေးများတွင် တောင်ကိုရီးယားကုမ္ပဏီများ၏ ပူးပေါင်းပါဝင်မှုများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးချုပ် Denys Shmyhal ကပြောကြားခဲ့သည်။ ဝန်ကြီးချုပ် Denys Shmyhalက" ယူကရိန်းနိုင်ငံသားတွေရဲ့ လုံခြုံရေးနဲ့ အောင်ပွဲအတွက် တောက်လျှောက် ကူညီပံ့ပိုးပေးခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံ အစိုးရနဲ့ သမ္မတကို ကျေးဇူးတင်ပါတယ်"ဟု ပြောကြားခဲ့သည်။


zawgyi version

အေမရိကန္ထံမွ ေဒၚလာ(၂)ဘီလ်ံေက်ာ္တန္ဖိုးရွိ စစ္ေရးအကူအညီအသစ္မ်ား ထပ္မံရရွိမည္ဟု ယူကရိန္းအစိုးရ အတည္ျပဳ

Pika (NP News) - ဒီဇင္ဘာ ၂၅

ယူကရိန္းသည္ အေမရိကန္ႏိုင္ငံထံမွ အေမရိကန္ေဒၚလာ(၂ ဒသမ ၂)ဘီလ်ံတန္ဖိုးရွိ စစ္ေရးအကူအညီအသစ္ကို လက္ခံရရွိမည္ျဖစ္ၿပီး အေမရိကန္ေဒၚလာ(၄၅)ဘီလ်ံတန္ဖိုးရွိ ေနာက္ထပ္စစ္ေရးအကူအညီအသစ္မ်ားကို အေမရိကန္ကြန္ဂရက္လႊတ္ေတာ္က အတည္ျပဳေပးမည္ဟု ေမွ်ာ္လင့္ထားေၾကာင္း ယူကရိန္းဝန္ႀကီးခ်ဳပ္ Denys Shmyhalက ဒီဇင္ဘာလ(၂၃)ရက္တြင္ ထုတ္ေဖာ္ေျပာၾကားခဲ့သည္။

အေမရိကန္ႏိုင္ငံ၏ စစ္ေရးအကူအညီအသစ္တြင္ HIMARS အမ်ိဳးအစား တာေဝးပစ္လက္နက္စနစ္မ်ားႏွင့္ ပက္ထရီေယာ့ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္မ်ားပါဝင္ေၾကာင္း ဝန္ႀကီးခ်ဳပ္ Denys Shmyhalက ေျပာၾကားခဲ့သည္။ အေမရိကန္ေဒၚလာ(၄၅)ဘီလ်ံတန္ဖိုးရွိ စစ္ေရးအကူအညီတြင္ စစ္ေရး၊ စီးပြားေရးႏွင့္လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီမ်ားပါဝင္ၿပီး အဆိုပါအကူအညီအသစ္သည္ အေမရိကန္ႏိုင္ငံ၏ လာမည့္(၂ဝ၂၃)ခုႏွစ္ဘတ္ဂ်က္ထဲတြင္ ပါဝင္ေၾကာင္း ဝန္ႀကီးခ်ဳပ္ Denys Shmyhalက ထပ္မံေျပာၾကားခဲ့သည္။

ဝန္ႀကီးခ်ဳပ္ Denys Shmyhal က"ဒီစစ္ေရးအကူအညီအသစ္ေပးပို႔မႈကို မေန႔က အထက္လႊတ္ေတာ္က ေထာက္ခံမဲေပးခဲ့ၿပီးပါၿပီ။ အခုေအာက္လႊတ္ေတာ္က ဆုံးျဖတ္ဖို႔ပဲရွိပါေတာ့တယ္"ဟုေျပာဆိုခဲ့သည္။ ဝန္ႀကီးခ်ဳပ္ Denys Shmyhal သည္ ေတာင္ကိုရီးယားဝန္ႀကီးခ်ဳပ္ Han Duck-soo ႏွင့္ ဖုန္းေခၚဆိုမႈအတြင္း ေတာင္ကိုရီးယားသည္ ယူကရိန္းကို စစ္ေရးအကူအညီႏွင့္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီမ်ားေပးခဲ့သည့္အတြက္ ေက်းဇူးတင္ေၾကာင္းေျပာၾကားခဲ့သည္။

အဆိုပါဖုန္းေခၚဆိုမႈအတြင္း ယူကရိန္း၏ စြမ္းအင္အေျခခံအေဆာက္အဦးမ်ားျပန္လည္ျပဳျပင္ရန္အတြက္ လိုအပ္ေသာ စက္ပစၥည္းကိရိယာမ်ားႏွင့္ ပတ္သက္ၿပီး ေတာင္ကိုရီးယားထံမွ အကူအညီပမာဏကို တိုးခ်ဲ႕သြားရန္ေမွ်ာ္လင့္ထားေၾကာင္း ႐ုရွားႏွင့္ယူကရိန္းစစ္ပြဲအၿပီး ႏိုင္ငံတြင္းျပန္လည္တည္ေဆာက္ေရးမ်ားတြင္ ေတာင္ကိုရီးယားကုမၸဏီမ်ား၏ ပူးေပါင္းပါဝင္မႈမ်ားႏွင့္ပတ္သက္ၿပီး ေဆြးေႏြးခဲ့ေၾကာင္း ဝန္ႀကီးခ်ဳပ္ Denys Shmyhal ကေျပာၾကားခဲ့သည္။ ဝန္ႀကီးခ်ဳပ္ Denys Shmyhalက" ယူကရိန္းႏိုင္ငံသားေတြရဲ႕ လုံၿခဳံေရးနဲ႔ ေအာင္ပြဲအတြက္ ေတာက္ေလွ်ာက္ ကူညီပံ့ပိုးေပးခဲ့တဲ့ ေတာင္ကိုရီးယားႏိုင္ငံ အစိုးရနဲ႔ သမၼတကို ေက်းဇူးတင္ပါတယ္"ဟု ေျပာၾကားခဲ့သည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နတ်မောက်မြို့တွင် အလယ်တန်းပြဆရာမတစ်ဦးနှင့် ခင်ပွန်းဖြစ်သူတို့ နေအိမ်၌ရှိနေစဉ် ပစ်ခတ်သတ်ဖြတ်ခံရ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved