တောင်ကိုရီးယားဇာတ်လမ်းတွဲ "Mr Queen" မှ ဟာသမင်းသမီး ချာချောင်းဟွာ ကိုယ်ဝန်ရှိကြောင်း ပရိသတ်ထံ အသိပေးလာ
ရောင်နီ (NSS) - ဇန်နဝါရီ ၂၅
တောင်ကိုရီးယားဇာတ်လမ်းတွဲ "Mr Queen" မှာ မိဖုရားရဲ့အထိန်းတော်ကြီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဟာသမင်းသမီး ချာချောင်းဟွာဟာ အခုသားဦး ရင်သွေး လွယ်ထားရပြီဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါသတင်းကို ဇန်နဝါရီလ ၂၄ ရက်က ချာချောင်းဟွာရဲ့အေဂျင်စီ IOK Company နဲ့ STARNEWS ကြေညာခဲ့ တာဖြစ်ပါတယ်။ ဒါပေမယ့် အသေးစိတ်နဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုတော့ မသိနိုင်သေးပါဘူး။ ချာချောင်းဟွာဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက Celebrity ထဲက မဟုတ်တဲ့ အမျိုးသားတစ်ဦးနဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်။
၂ဝဝ၅ ခုနှစ်ကစတင်ပြီး သရုပ်ဆောင်အဖြစ် ပွဲဦးထွက်လာတဲ့ သူမဟာ“Crash Landing on You” “Mr. Queen" နှင့် "Hometown Cha-Cha-Cha" "My Demon" ဇာတ်လမ်းတွဲတွေမှာ ပါဝင်ပြီး ဟာသမင်းသမီးတစ်လက်အဖြစ် နာမည်ကြီးပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ် သတင်းထူးများ
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ