ငလျင်ဘေးဒဏ်သင့် ဂျပန်ပြည်သူလူထုအတွက် ယန်း(၂)သန်းနီးပါး စုပေါင်း၍ လှူဒါန်းခဲ့ကြောင်း နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
Pearl (NSS) - ဇန်နဝါရီ ၂၂
ငလျင်ဘေးဒဏ်သင့် ဂျပန်ပြည်သူလူထုအတွက် ယန်း(၂)သန်း နီးပါးစုပေါင်း၍ လှူဒါန်းခဲ့ကြောင်း နစက၏ နိုင်ငံခြားရေးဝန်ကြီး ဌာနက ယနေ့(ဇန်နဝါရီလ ၂၂ ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။
မြန်မာသံရုံး၊ ဝန်ထမ်းများ နှင့် မိသားစုဝင်များ၊ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ ဂျပန်နိုင်ငံတွင် ပညာသင်ကြားနေကြသည့် နိုင်ငံ့ဝန်ထမ်းပညာတော်သင်များနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလျက်ရှိကြသော ဂျပန်ကုမ္ပဏီများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူး ဆောင်ကောင်စစ်ဝန်များ၊ ဂျပန်နိုင်ငံတွင် လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် မြန်မာကုမ္ပဏီများနှင့် စေတနာရှင်များက စုပေါင်း၍ ဂျပန်ယန်း (၁ ဒသမ ၉၈)သန်းကို ငလျင်ဘေးဒဏ်သင့် ဂျပန်ပြည် သူလူထုအတွက် လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းငွေများကို ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်က ငလျင်ဘေးဒဏ်သင့် အီရှီကာဝါပြည်နယ်၊ Nanao မြို့သို့ ပြီးခဲ့သည့် ဇန်နဝါရီလ(၂၀)ရက်တွင် သွားရောက်ကာ Nanao မြို့တော်ဝန် Mr. Yoshitaka Chatani အား တွေ့ဆုံ၍ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် သံအမတ်ကြီးက မြန်မာနိုင်ငံ၏ရင်းနှီးချစ်ကြည်သောမိတ်ဆွေနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံတွင် ယခုကဲ့သို့ သဘာဝဘေးအန္တရာယ် ကြုံတွေ့ခံစားရခြင်းအတွက် များစွာစိတ်မကောင်းဖြစ်ကြောင်း နှင့် ငလျင်ဘေးဒဏ်သင့် ဒေသများရှိ မြန်မာ နိုင်ငံသားများအား ကူညီစောင့်ရှောက်ပေးမှုအတွက်လည်းကျေးဇူး တင်ကြောင်း၊ မြန်မာသံရုံးအနေဖြင့် လိုအပ်သည်များကို ဆက် လက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံ၊ အီရှီကာဝါပြည်နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ (၁) ရက်က ပြင်းအား ၇ ဒသမ ၅ ရှိသော အင်အားကြီး ငလျင်လှုပ်ခတ်ခဲ့သဖြင့် လူပေါင်း ၂၃၂ ဦးကျော် အသက်ဆုံးရှုံးခဲ့ရပြီး ဒေသခံပြည်သူအများအပြားလည်း ငလျင်ဒဏ်ကို အပြင်းအထန်ခံစားခဲ့ရသည်။
အဆိုပါ ဒေသတွင် နေထိုင်နေကြသည့် မြန်မာနိုင်ငံသားများလည်း ကယ်ဆယ်ရေးစင်တာများတွင် ယာယီခိုလှုံနေထိုင်ခဲ့ရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မော်လမြိုင်မြို့တွင် ယာဉ်(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံး၍ လူ(၁၁)ဦး ထိခိုက်ဒဏ်ရာရ
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း