ယူကရိန်းစစ်ပွဲ ရပ်တန့်စေလိုရင် စစ်လက်နက်ပစ္စည်းကူညီပေးတာတွေကို ရပ်တန့်ရမယ်လို့ ဟန်ဂေရီအစိုးရ ပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၇
ယူကရိန်းစစ်ပွဲ ရပ်တန့်လိုက်ပါက အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းကို စစ်ရေး အကူအညီပေးမှုအားလုံး ရပ်တန့်ရမှာဖြစ်ကြောင်း၊ ယူကရိန်းကို စစ်ရေးအကူအညီတွေ ဆက်လက်ပေးနေမယ်ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးမှုက မဖြစ်နိုင်ကြောင်း ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဟန်ဂေရီနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
"ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ကူညီထောက်ပံ့ပေးမယ်ဆိုရင် စစ်ပွဲက အချိန်ကြာနေမှာဖြစ်ပြီး လူတွေ လည်း ပိုမိုသေဆုံးနေမယ်။ လက်ရှိအချိန်အထိတော့ ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ကူညီပေးပြီး တိုက်ခိုက် နေတာ မအောင်မြင်သေးဘူး။ ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေပေးနေမယ်ဆိုရင် စစ်ပွဲကအချိန် ပိုကြမယ်။ ယူကရိန်းကို ငွေကြေးတွေ ကူညီပေးနေမယ်ဆိုရင် ယူကရိန်းနိုင်ငံကို ဖျက်ဆီးသလိုမျိုး ဆက်လက်ဖြစ်နေမယ်" လို့ ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto က ပြောပါတယ်။
လက်ရှိအချိန်မှာ စစ်ပွဲဖြစ်ပွားခြင်းကို တားဆီးရမှာဖြစ်ကြောင်း၊ စစ်ပွဲတွေက ပြည်သူတွေဘေးကင်းရေးကို ခြိမ်းခြောက်နေကြောင်း၊ စစ်ပွဲတွေကို အမြန်ဆုံးအဆုံးသတ်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းရမှာဖြစ်ကြောင်း ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်း၊ နိုင်ငံအားလုံးဟာ တွေ့ဆုံဆွေးနွေးမှုတွေ ပိုမိုဖြစ်လာ အောင် တွန်းအားပေးရမှာဖြစ်ကြောင်း၊ ယူကရိန်း နဲ့ ရုရှားနိုင်ငံကြား ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖွင့်လှစ်ဖို့ ဝိုင်းဝန်းကြိုးပမ်းရမှာဖြစ်ကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲက အချိန် ၂ နှစ်နီးပါးရှိနေပြီး လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေး မဆွေးနွေးနိုင်သေးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်တော်မြို့နယ်ရှိ လုံခြုံရေးစခန်းအချို့ကို AA ပူးပေါင်းအဖွဲ့ထိန်းချုပ်ခဲ့ပြီး မင်းပြားမြို့နယ်တွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ