Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့လယ်ခေါင်တွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုများကြောင့် အနည်းဆုံး လူ(၃) ဦးသေဆုံး

Pika (NP News) - ဒီဇင်ဘာ ၂၄

ပြင်သစ်နိုင်ငံ ပဲရစ်မြို့လယ်ခေါင်တွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုများကြောင့် အနည်းဆုံးလူ(၃)ဦးသေဆုံးခဲ့ပြီး အခြား(၃)ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။

အဆိုပါသေနတ်သမားသည် ကာ့ဒစ်ရှ်လူမျိုးများ၏ ယဉ်ကျေးမှုစင်တာတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုသည် လူမျိုး ရေးခွဲခြားမှုဖြစ်နိုင်သလားဆိုသည့် အကြောင်းအရင်းများကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရဲအရာရှိများကပြောကြားခဲ့သည်။ အသက်(၆၉)နှစ်အရွယ်ရှိ အဆိုပါသေနတ်သမားကို အချိန်တိုအတွင်းဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းသည် မကြာသေးမီက ထောင်မှလွတ်မြောက်လာသူဖြစ်ကြောင်းလည်းသိရသည်။

အဆိုပါပစ်ခတ်မှုများဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာနေရာသို့ ကာ့ဒစ်ရှ်လူမျိုးများစုရုံးရောက်ရှိကာဆန္ဒပြခဲ့ပြီး ရဲများနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ကြောင်းသိရသည်။ ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် ထွက်ပေါ်လာသော ဗီဒီယိုဖိုင်တစ်ခုတွင် ပစ်ခတ်တိုက်ခိုက်မှုအပေါ် မကျေနပ်သည့် ကာ့ဒစ်ရှ်လူမျိုးများသည် လမ်းလယ်တွင် ပစ္စည်းများကို မီးရှို့ခဲ့ကြကာ ကားမှန်များကို ရိုက်ခွဲခဲ့ကြသည်ကို တွေ့ရှိခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်များသည် မျက်ရည်ယိုဗုံးများပစ်ကာ လူအုပ်ကြီးကို ဖြိုခွင်းခဲ့ကြောင်းသိရသည်။

ပဲရစ်မြို့ Rue d'Enghien ခရိုင်တွင် အသားဖြူဖြူ အရပ်ရှည်ရှည် အသက်ကြီးသော အမျိုးသားတစ်ဦးသည် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁)ဦးတို့ကို ပစ်သတ်ခဲ့ပြီးနောက် ဆူပူအုံကြွမှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများကပြောကြားခဲ့သည်။ အဆိုပါပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သောလူ(၃)ဦးတွင် တစ်ဦးသည် စိုးရိမ်ရသည့်အခြေအနေတွင်ရှိပြီး အခြား(၂)ဦးသည် ပြင်းထန်သောဒဏ်ရာများရရှိခဲ့ကာ ဆေးကုသမှုများခံယူနေကြကြောင်းသိရသည်။ ပစ်ခတ်မှုဖြစ်ပွားရသည့် အကြောင်းအရင်းကို လက်ရှိအချိန်ထိ ရှင်းရှင်းလင်းလင်းမသိရှိရသော်လည်း ပဲရစ်မြို့ အစိုးရရှေ့နေ Laure Beccuauက အဆိုပါသေနတ်သမားသည် ယခင်က လူမျိုးရေးခွဲခြားမှုဖြင့် စွဲချက်တင်ခံထားရသောသူဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပဲရစ်မြို့ရှိ ရွှေ့‌ပြောင်းနေထိုင်သူများ အခြေချရာ စခန်းတစ်ခုကို ဓါးဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့သော ဖြစ်ရပ်သည် (၂၀၂၁)ခုနှစ် ဒီဇင်ဘာ(၈)ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဓါးဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့သော အဆိုပါအမျိုးသားသည် ထောင်မှလွတ်မြောက်လာပြီးနောက် ယခုကဲ့သို့ ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါအခင်းဖြစ်ပွားရာနေရာသို့သွားရောက်ခဲ့သော ပြင်သစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး Gérald Darmanin က ပြစ်မှုကျူးလွန်သူအမျိုးသား နှင့် ultra-right အဖွဲ့များကြား ဆက်စပ်မှု ရှိ/မရှိဆိုသည့်အချက်ကို လက်ရှိအချိန်ထိ ရှင်းရှင်း လင်းလင်းမသိရှိရသေးကြောင်း ပြောကြားခဲ့သည်။


zawgyi version

ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕လယ္ေခါင္တြင္ ေသနတ္သမားတစ္ဦး၏ ပစ္ခတ္မႈမ်ားေၾကာင့္ အနည္းဆုံး လူ(၃) ဦးေသဆုံး

Pika (NP News) - ဒီဇင္ဘာ ၂၄

ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕လယ္ေခါင္တြင္ ေသနတ္သမားတစ္ဦး၏ ပစ္ခတ္မႈမ်ားေၾကာင့္ အနည္းဆုံးလူ(၃)ဦးေသဆုံးခဲ့ၿပီး အျခား(၃)ဦးမွာ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္းသိရသည္။

အဆိုပါေသနတ္သမားသည္ ကာ့ဒစ္ရွ္လူမ်ိဳးမ်ား၏ ယဥ္ေက်းမႈစင္တာတစ္ခုကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါပစ္ခတ္မႈသည္ လူမ်ိဳး ေရးခြဲျခားမႈျဖစ္ႏိုင္သလားဆိုသည့္ အေၾကာင္းအရင္းမ်ားကို ဆက္လက္စုံစမ္းစစ္ေဆးေနဆဲျဖစ္ေၾကာင္း ရဲအရာရွိမ်ားကေျပာၾကားခဲ့သည္။ အသက္(၆၉)ႏွစ္အ႐ြယ္ရွိ အဆိုပါေသနတ္သမားကို အခ်ိန္တိုအတြင္းဖမ္းဆီးႏိုင္ခဲ့ၿပီး ၎သည္ မၾကာေသးမီက ေထာင္မွလြတ္ေျမာက္လာသူျဖစ္ေၾကာင္းလည္းသိရသည္။

အဆိုပါပစ္ခတ္မႈမ်ားျဖစ္ပြားၿပီးေနာက္ အခင္းျဖစ္ပြားရာေနရာသို႔ ကာ့ဒစ္ရွ္လူမ်ိဳးမ်ားစု႐ုံးေရာက္ရွိကာဆႏၵျပခဲ့ၿပီး ရဲမ်ားႏွင့္ ထိပ္တိုက္ေတြ႕ဆုံခဲ့ေၾကာင္းသိရသည္။ ပစ္ခတ္မႈမ်ားျဖစ္ပြားၿပီးေနာက္ ထြက္ေပၚလာေသာ ဗီဒီယိုဖိုင္တစ္ခုတြင္ ပစ္ခတ္တိုက္ခိုက္မႈအေပၚ မေက်နပ္သည့္ ကာ့ဒစ္ရွ္လူမ်ိဳးမ်ားသည္ လမ္းလယ္တြင္ ပစၥည္းမ်ားကို မီးရႈိ႕ခဲ့ၾကကာ ကားမွန္မ်ားကို ႐ိုက္ခြဲခဲ့ၾကသည္ကို ေတြ႕ရွိခဲ့ရၿပီး ရဲတပ္ဖြဲ႕ဝင္မ်ားသည္ မ်က္ရည္ယိုဗုံးမ်ားပစ္ကာ လူအုပ္ႀကီးကို ၿဖိဳခြင္းခဲ့ေၾကာင္းသိရသည္။

ပဲရစ္ၿမိဳ႕ Rue d'Enghien ခ႐ိုင္တြင္ အသားျဖဴျဖဴ အရပ္ရွည္ရွည္ အသက္ႀကီးေသာ အမ်ိဳးသားတစ္ဦးသည္ အမ်ိဳးသား(၂)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦးတို႔ကို ပစ္သတ္ခဲ့ၿပီးေနာက္ ဆူပူအုံႂကြမႈမ်ားျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း မ်က္ျမင္သက္ေသမ်ားကေျပာၾကားခဲ့သည္။ အဆိုပါပစ္ခတ္မႈမ်ားေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့ေသာလူ(၃)ဦးတြင္ တစ္ဦးသည္ စိုးရိမ္ရသည့္အေျခအေနတြင္ရွိၿပီး အျခား(၂)ဦးသည္ ျပင္းထန္ေသာဒဏ္ရာမ်ားရရွိခဲ့ကာ ေဆးကုသမႈမ်ားခံယူေနၾကေၾကာင္းသိရသည္။ ပစ္ခတ္မႈျဖစ္ပြားရသည့္ အေၾကာင္းအရင္းကို လက္ရွိအခ်ိန္ထိ ရွင္းရွင္းလင္းလင္းမသိရွိရေသာ္လည္း ပဲရစ္ၿမိဳ႕ အစိုးရေရွ႕ေန Laure Beccuauက အဆိုပါေသနတ္သမားသည္ ယခင္က လူမ်ိဳးေရးခြဲျခားမႈျဖင့္ စြဲခ်က္တင္ခံထားရေသာသူျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ပဲရစ္ၿမိဳ႕ရွိ ေ႐ႊ႕‌ေျပာင္းေနထိုင္သူမ်ား အေျခခ်ရာ စခန္းတစ္ခုကို ဓါးျဖင့္ဝင္ေရာက္တိုက္ခိုက္ခဲ့ေသာ ျဖစ္ရပ္သည္ (၂၀၂၁)ခုႏွစ္ ဒီဇင္ဘာ(၈)ရက္ေန႔တြင္ ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။ ဓါးျဖင့္ဝင္ေရာက္တိုက္ခိုက္ခဲ့ေသာ အဆိုပါအမ်ိဳးသားသည္ ေထာင္မွလြတ္ေျမာက္လာၿပီးေနာက္ ယခုကဲ့သို႔ ထပ္မံတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ အဆိုပါအခင္းျဖစ္ပြားရာေနရာသို႔သြားေရာက္ခဲ့ေသာ ျပင္သစ္ႏိုင္ငံ ျပည္ထဲေရးဝန္ႀကီး Gérald Darmanin က ျပစ္မႈက်ဴးလြန္သူအမ်ိဳးသား ႏွင့္ ultra-right အဖြဲ႕မ်ားၾကား ဆက္စပ္မႈ ရွိ/မရွိဆိုသည့္အခ်က္ကို လက္ရွိအခ်ိန္ထိ ရွင္းရွင္း လင္းလင္းမသိရွိရေသးေၾကာင္း ေျပာၾကားခဲ့သည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆိုကို ပြည်ခိုင်ဖြိုးပါတီအပါအဝင် ပါတီပေါင်း(၂၆)ခုက ဆန့်ကျင်ရှုတ်ချ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved