အကောင်းဆုံးဟာသသရုပ်ဆောင် အမ်မီဆုကို နှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံးရရှိတဲ့ လူမည်းအမျိုးသမီးအဖြစ် ကွင်တာဘရူဆန်မှ ရရှိ
အကောင်းဆုံးဟာသသရုပ်ဆောင် အမ်မီဆုကို နှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံးရရှိတဲ့ လူမည်းအမျိုးသမီးအဖြစ် ကွင်တာဘရူဆန်မှ ရရှိ
ရောင်နီ (NSS) - ဇန်နဝါရီ ၁၆
လူမည်းအမျိုးသမီး ဟာသသရုပ်ဆောင် ကွင်တာဘရူဆန်ဟာ ဟာသဇာတ်လမ်းတွဲတစ်ခုမှာ အကောင်းဆုံး သရုပ်ဆောင်မှုအတွက် အန်မီဆု ရရှိခဲ့ပါတယ်။
ဒါကြောင့် သူမဟာ ၁၉၈၁ ခုနှစ်နောက်ပိုင်း “The Jeffersons” စတား အစ္စဘယ်လ်ဆန်ဖော့ နောက်ပိုင်း အမ်မီဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ လူမည်းမင်းသမီးဖြစ်လာခဲ့ပါတယ်။
ဘရူဆန်ဟာ Abbott Elementary ဇာတ်ကားမှာ စာရေးဆရာကာရိုက်တာမှ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
"ကျွန်မ 'Abbott Elementary' ကို အရမ်းနှစ်သက်တယ်။ အိပ်မက်ကို အကောင် အထည်ဖော်နိုင်ခဲ့ပါပြီ။ ဟာသ သရုပ်ဆောင်ဖြစ်ရတာ အရမ်းပျော်ပါတယ်။ ဆုရလို့လည်း အရမ်းဝမ်သာတယ်" လို့ သူမက မျက်ရည်တွေနဲ့ ပြောခဲ့ပါတယ်။
ဘရူဆန်ဟာ ပြီးခဲ့တဲ့နှစ်က "Saturday Night Live" ဇာတ်လမ်းတွဲနဲ့ အမ်မီဆုအတွက် ထူးချွန်ဧည့်သည်သရုပ်ဆောင်ဆုအတွက် စကာတင် စာရင်းဝင်ခဲ့ပြီး အခုနှစ်မှာ "Abbott Elementary" နဲ့ ထူးချွန်ဆု ရရှိခဲ့တာ ဖြစ်ပါတယ်။
"Abbott Elementary" ဟာ Philadelphia ရှိ အစိုးရကျောင်းတစ်ကျောင်းမှ ဆရာများအဖွဲ့တစ်ဖွဲ့ရဲ့အလုပ်ခွင်ဟာသဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၁၃ နာရီကြာ လေယာဉ်ပျံသန်းမှု နှောင့်နှေးမှုကြောင့် လေယာဉ်မှူးကို ခရီးသည်က ပါးရိုက်မှု အိန္ဒိယမှာဖြစ်ပွား
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ