မြန်မာနိုင်ငံက အာဆီယံနိုင်ငံများထဲတွင် ကာကွယ်ရေးအသုံးစရိတ်အများဆုံး သုံးစွဲသည့်နိုင်ငံများထဲတွင် အဆင့် ၇ နေရာတွင်သာ ရပ်တည်နေ
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၆
မြန်မာနိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများထဲတွင် အဆင့် ၇ နေရာတွင်သာရှိနေကြောင်း Globalfire Power အဖွဲ့၏ နောက်ဆုံးထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
အဆိုပါအဖွဲ့သည် ပြီးခဲ့သောရက်ပိုင်းတွင် ၂ဝ၂၄ ခုနှစ်အတွက် စစ်အင်အားအတောင့်တင်းဆုံး ကမ္ဘာ့နိုင်ငံပေါင်း ၁၄၅ နိုင်ငံရဲ့ကမ္ဘာ့အဆင့်သတ်မှတ်ချက် အညွှန်းကိန်းစာရင်းကိုထုတ်ပြန်ခဲ့ရာ နိုင်ငံတစ်နိုင်ငံချင်းစီ၏ ကာကွယ်ရေးအသုံးစရိတ်ကိုလည်း ခန့်မှန်းဖော်ပြခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၄၅ နိုင်ငံအနက် ကာကွယ်ရေးစရိတ်အများဆုံးသုံးစွဲမည့် နိုင်ငံများစာရင်းတွင် ကမ္ဘာ့အဆင့် ၆၂ နေရာတွင်ရှိနေသလို အာဆီယံနိုင်ငံများထဲတွင် အဆင့် ၇ နေရာတွင် ရှိနေခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ၂ဝ၂၄ ခုနှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလျံ သုံးစွဲ ဖွယ်ရှိနေပြီး အာဆီယံနိုင်ငံများထဲတွင် အင်ဒိုနီးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံ နောက်တွင်သာရှိနေခဲ့ကြောင်း သိရသည်။
အာဆီယံဒေသအတွင်း နိုင်ငံများအနက် ကာကွယ်ရေးစရိတ် အများဆုံးသုံးစွဲမည့်နိုင်ငံများထဲတွင် အင်ဒိုနီးရှား နှင့် စင်ကာပူနိုင်ငံတို့က ထိပ်ဆုံးတွင် ရပ်တည်နေကြောင်း သိရသည်။ ထို့အပြင် ၂ဝ၂၄ ခုနှစ်အတွင်း ကာကွယ်ရေး အသုံးစရိတ် အများဆုံးသုံးစွဲမည့်နိုင်ငံများထဲတွင် အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယနိုင်ငံတို့က ထိပ်ဆုံးတွင် ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ၂ဝ၂၄ ခုနှစ်အတွက် ကမ္ဘာ့စစ်အင်အားတောင့်တင်းမှု အများဆုံးနိုင်ငံများစာရင်းတွင် ပြီးခဲ့သော နှစ်ထက် အဆင့်တက်လာခဲ့ပြီး ကမ္ဘာ့အဆင့် ၃၅ နေရာတွင် ရပ်တည်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒူးလေးပါတီဥက္ကဋ္ဌဟောင်းနေအိမ် ပစ်ခတ်တိုက်ခိုက်ခံရ၊ သူရဲ ဘောကြောင်သည့်လုပ်ရပ်ဟု ဥက္ကဋ္ဌဟောင်း ပြန်လည်တုံ့ပြန်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
18 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ