အမေရိကန်နိုင်ငံက သတိပေးနေပေမယ့် ကုန်စည်သင်္ဘောတစ်စီးကို ဟူသီလက်နက်ကိုင်အုပ်စု ထပ်မံတိုက်ခိုက်
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၆
အမေရိကန် နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက သတိပေးမှုတွေရှိနေပေမယ့် ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အုပ်စုတွေဟာ ပင်လယ်နီဒေသက ဖြတ်သန်းတဲ့ အမေရိကန်ကွန်တိန်နာသင်္ဘောကို ဒီဇင်ဘာ ၁၅ ရက်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်စစ်ဘက်က ပြောပါတယ်။
ဟူသီလက်နက်ကိုင်အုပ်စုဟာ ဟားမက်စ်လက်နက်ကိုင်အပေါ် အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်မှုအဖြစ် အေဒင်ပင်လယ်ကွေ့နဲ့ ပင်လယ်နီဒေသက ဖြတ်သန်းနေတဲ့သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းမျိုးဖြစ် ကြောင်း သိရပါတယ်။
အမေရိကန်စစ်တပ်က "ဟူသီလက်နက်ကိုင်အုပ်စုတွေဟာ သင်္ဘောဖျက်ပဲ့ထိန်းဒုံးကျည်တွေနဲ့ မာရှယ်ကျွန်းစုနိုင်ငံ အလံလွှင့်ထူထားတဲ့ M/V Gibraltar Eagle သင်္ဘောကို တိုက်ခိုက်ခဲ့တယ်။ အဲဒီသင်္ဘောဟာ အမေရိကန်ပိုင်တဲ့ ကုန်စည်သင်္ဘောဖြစ်တယ်။ သင်္ဘောဟာ တိုက်ခိုက်ခံရပေမယ့် ကြီးမားတဲ့ပျက်စီးမှုမရှိသလို ဒဏ်ရာရမှုတွေလည်း မရှိခဲ့ဘူး။ သွားရမယ့်ခရီးစဉ်ကို ဆက်သွားခဲ့တယ်" လို့ ပြောပါတယ်။
အမေရိကန်ဟာ ပင်လယ်နီဒေသမှာ ကုန်စည်သင်္ဘောတွေကိုတိုက်ခိုက်နေတဲ့ ဟူသီလက်နက်ကိုင်အုပ်စု ထိန်းချုပ်ထားတဲ့ယီမင်နိုင်ငံကို တိုက်ခိုက်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ ဟူသီအုပ်စုက တိုက်ခိုက်လာခြင်းဖြစ်ပါတယ်။
ကမ္ဘာတဝန်းမှာ ရေလမ်းကြောင်းကိုအသုံးပြုကာ ဖြတ်သန်းနေတဲ့ ကုန်စည်သင်္ဘောအားလုံးရဲ့ ၁၅ ရာခိုင်နှုန်းဟာ ပင်လယ်နီဒေသနဲ့ အေဒင်ပင်လယ်ကွေ့တွေကို ဖြတ်သန်းသွားလာနေကြောင်း သိရပါတယ်။ ဟူသီလက်နက်ကိုင် အုပ်စုဟာ နိုဝင်ဘာလနောက်ပိုင်းတည်းက ပင်လယ်နီဒေသကဖြတ်သန်းနေတဲ့ကုန်စည်သင်္ဘောတွေကို အနည်းဆုံး အကြိမ်ပေါင်း ၃ဝ တိုက်ခိုက်ထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်တံခါးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမြို့နယ်ကော်မတီဝင်နှင့်သမီးဖြစ်သူကို အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် လုပ်ကြံပစ်ခတ်
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ