တောင်ကိုရီးယား မင်းသမီးချော ပက်ခ်မင်ယောင်း ရည်းစားဟောင်း နဲ့ ပတ်သက်တဲ့သတင်းသစ်များ ထွက်နေ
ရောင်နီ (NSS) - ဇန်နဝါရီ ၁၆
တောင်ကိုရီးယားမင်းသမီးချော ပက်ခ်မင်ယောင်းရဲ့အေဂျင်စီ Hook Entertainment က လက်ရှိ ထွက်ရှိနေတဲ့ သူမရဲ့ရည်းစားဟောင်းနဲ့ပတ်သက်တဲ့သတင်းအသစ်တွေနဲ့ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ပက်ခ်မင်ယောင်းဟာ ၂ဝ၂၂ ခုနှစ် စက်တင်ဘာလတုန်းက ချမ်းသာတဲ့ စီးပွားရေးသမား ကမ် နဲ့ တွဲနေတယ်လို့ Dispatch က ဖော်ပြခဲ့တာဖြစ်ပါတယ်။ Hook Entertainment က အဲဒီကောလာဟလတွေကို ရှင်းလင်းဖို့အတွက် မင်းသမီးဟာ ချစ်သူနဲ့ လမ်းခွဲလိုက်ပြီလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် အခု ဇန်နဝါရီ ၁၅ ရက်မှာတော့ Dispatch က ပက်ခ်မင်ယောင်းဟာ အဲဒီစီးပွားရေးလုပ်ငန်းရှင် ကမ် နဲ့ တွဲနေတုန်းပဲလို့ ဆိုထားပြီး ကမ်ဆီက ဝမ်သန်း ၂၅ဝ (ဒေါ်လာ ၁၉ဝ,၃ဝဝ ခန့်) ကို နေထိုင်စရိတ်အတွက် ရရှိထားတယ်လို့လည်း ဆိုခဲ့ပါတယ်။ အဆိုပါသတင်းကို တုံ့ပြန်တဲ့အနေနဲ့ Hook Entertainment က သတင်းဟာ မဟုတ် မှန်ကြောင်း၊ မင်းသမီး ပက်ခ်မင်ယောင်းဟာ ၎င်းရဲ့တရားမဝင် အကျိုးခံစားခွင့်တွေ လက်မခံခဲ့ကြောင်းနဲ့ ဒီထက်ဆိုးလာရင်တော့ တရားဥပဒေနည်းအတိုင်းသွားမယ်လို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
မင်းသမီးပက်ခ်မင်ယောင်းဟာ ဟာ မှားယွင်းတဲ့အချက်အလက်တွေကြောင့် တစ်နှစ်ကျော်လောက် အထင်လွဲခံခဲ့ရပါတယ်။ ဒါပေမယ့် သူမက သရုပ်ဆောင်အလုပ်ကိုသာ အာရုံစိုက်လုပ်ကိုင်ခဲ့ပါတယ်။ အခုလည်း ပက်ခ်မင်ယောင်းဟာ tvN ရဲ့လူကြိုက်အများဆုံး ဒရာမာ "Marry My Husband” မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အရီဇိုးနား သဲကန္တာရမှာ မီးပုံးပျံ ပျက်ကျမှုကြောင့် လူ ၄ ဦး သေဆုံး
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ