Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာ့အရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ အပြုသဘောဆောင်သောအခန်းကဏ္ဍမှပါဝင်မည်ဟု တရုတ်အစိုးရပြော

ဂျန်ဇက် (NP News) - မတ် ၂ဝ


တရုတ်နိုင်ငံအနေဖြင့် မြန်မာ့နိုင်ငံရေးပဋိပက္ခများကိုအဆုံးသတ်နိုင်အောင်ကူညီပေးရန်အတွက် နိုင်ငံ တကာအဖွဲ့အစည်းများနှင့်အတူ အပြုသဘောဆောင်သောအခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်သွားရန်အဆင့်သင့်ရှိနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ့်ဝမ်ဘင်းကထုတ်ဖော်ပြောဆိုလိုက်သည်။ 


တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူသည် ပြီးခဲ့သောရက်ပိုင်းက ကျင်းပခဲ့သောသတင်း စာရှင်းလင်းပွဲတွင် AFP သတင်းဌာန၏ မေးမြန်းချက်ကို ယင်းကဲ့သို့ ဖြေဆိုသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ရန် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)သည် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ပြည်တွင်းပဋိက္ခများကို အဆုံးသတ်နိုင်အောင်ကူညီပေးရန် တရုတ်အစိုးရကို တောင်းဆိုခဲ့ကြောင်း၊ ယင်းတောင်းဆိုမှုများအပေါ် တရုတ်နိုင်ငံအနေဖြင့် မည်ကဲ့သို့ တုံ့ပြန်မည်လဲဆိုသောအချက်နှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများကိုဖြေရှင်းနိုင်ရန် ပါဝင်ကူညီပေးရန် အစီစဉ်ရှိ၊ မရှိဆိုသည့်အချက်ကို  AFP သတင်းဌာနကမေးမြန်းခဲ့ကြောင်းသိရသည်။ 


FPNCC သည် မြန်မာနိုင်ငံအတွင်း၌ဖြစ်ပေါ်နေသော ပဋိပက္ခများ ပြေလည်ချုပ်ငြိမ်းသွားရန်အတွက် တရုတ်အစိုးရ၏ ကြားဝင်ဆောင်ရွက်ပေးမှုကို ကြိုဆိုကြောင်း ပြီးခဲ့သောရက်ပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက "မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အတွက် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေခဲ့တယ်။ မြန်မာနိုင်ငံရှိ အဖွဲ့စည်းအားလုံးဟာ နိုင်ငံရဲ့ရေရှည်အကျိုးစီးပွားကိုရှေးရှုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ မူဘောင်များအတိုင်း နိုင်ငံအရေးတွေ့ဆုံဆွေးနွေးမှုများ ပြန်လည်စတင်ဖို့မျှော်လင့်ထားတယ်။ ဒါ့ပြင် မြန်မာနိုင်ငံရေး ပဋိပက္ခမှာပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံးဟာ တွေ့ဆုံဆွေးနွေးတိုင်ပင်မှုတွေကတဆင့် ပဋိပက္ခတွေအဆုံးသတ်အောင်အဖြေရှာဖို့ နဲ့ တည်ငြိမ်မှုတွေ ပြန်လည်ထိန်းသိမ်းလုပ်ဆောင်ဖို့ မျှော်လင့်ထားတယ်" ဟုပြောသည်။

 

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်နေသည့် နိုင်ငံထဲတွင်ပါဝင်နေသည့် တရုတ်နိုင်ငံ၏ အထူးကိုယ်စားလှယ်သည် မကြာသေးမီက မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများရှိခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ တရုတ်နိုင်ငံသည် အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံအပေါ် ဝေဖန်ပြစ်တင်ခြင်းမရှိခဲ့သလို ပိတ်ဆို့မှုချမှတ်သော နိုင်ငံများထဲတွင်လည်း ပါဝင်ခြင်းမရှိကြောင်းသိရသည်။

zawgyi version

ျမန္မာ့အေရးအတြက္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားႏွင့္အတူ အျပဳသေဘာေဆာင္ေသာအခန္းက႑မွပါဝင္မည္ဟု တ႐ုတ္အစိုးရေျပာ

ဂ်န္ဇက္ (NP News) - မတ္ ၂ဝ


တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာ့ႏိုင္ငံေရးပဋိပကၡမ်ားကိုအဆုံးသတ္ႏိုင္ေအာင္ကူညီေပးရန္အတြက္ ႏိုင္ငံ တကာအဖြဲ႕အစည္းမ်ားႏွင့္အတူ အျပဳသေဘာေဆာင္ေသာအခန္းက႑တြင္ ပါဝင္ေဆာင္႐ြက္သြားရန္အဆင့္သင့္ရွိေနေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ဝမ့္ဝမ္ဘင္းကထုတ္ေဖာ္ေျပာဆိုလိုက္သည္။ 


တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူသည္ ၿပီးခဲ့ေသာရက္ပိုင္းက က်င္းပခဲ့ေသာသတင္း စာရွင္းလင္းပြဲတြင္ AFP သတင္းဌာန၏ ေမးျမန္းခ်က္ကို ယင္းကဲ့သို႔ ေျဖဆိုသြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ဖက္ဒရယ္ ဒီမိုကေရစီျပည္ေထာင္စုကို တည္ေဆာက္ရန္ ျပည္ေထာင္စုႏိုင္ငံေရး ေဆြးေႏြးညႇိႏႈိင္းေရးေကာ္မတီ (FPNCC)သည္ ျမန္မာႏိုင္ငံတြင္ျဖစ္ပြားေနေသာ ျပည္တြင္းပဋိကၡမ်ားကို အဆုံးသတ္ႏိုင္ေအာင္ကူညီေပးရန္ တ႐ုတ္အစိုးရကို ေတာင္းဆိုခဲ့ေၾကာင္း၊ ယင္းေတာင္းဆိုမႈမ်ားအေပၚ တ႐ုတ္ႏိုင္ငံအေနျဖင့္ မည္ကဲ့သို႔ တုံ႔ျပန္မည္လဲဆိုေသာအခ်က္ႏွင့္ ျမန္မာႏိုင္ငံတြင္ ျဖစ္ပြားေနေသာ ပဋိပကၡမ်ားကိုေျဖရွင္းႏိုင္ရန္ ပါဝင္ကူညီေပးရန္ အစီစဥ္ရွိ၊ မရွိဆိုသည့္အခ်က္ကို  AFP သတင္းဌာနကေမးျမန္းခဲ့ေၾကာင္းသိရသည္။ 


FPNCC သည္ ျမန္မာႏိုင္ငံအတြင္း၌ျဖစ္ေပၚေနေသာ ပဋိပကၡမ်ား ေျပလည္ခ်ဳပ္ၿငိမ္းသြားရန္အတြက္ တ႐ုတ္အစိုးရ၏ ၾကားဝင္ေဆာင္႐ြက္ေပးမႈကို ႀကိဳဆိုေၾကာင္း ၿပီးခဲ့ေသာရက္ပိုင္းက သတင္းထုတ္ျပန္ခဲ့သည္။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ေျပာေရးဆိုခြင့္ရွိသူက "ျမန္မာႏိုင္ငံရဲ႕အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့အတြက္ တ႐ုတ္ႏိုင္ငံဟာ ျမန္မာႏိုင္ငံရဲ႕အေျခအေနေတြကို အနီးကပ္ေစာင့္ၾကည့္ေနခဲ့တယ္။ ျမန္မာႏိုင္ငံရွိ အဖြဲ႕စည္းအားလုံးဟာ ႏိုင္ငံရဲ႕ေရရွည္အက်ိဳးစီးပြားကိုေရွးရႈၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒပါ မူေဘာင္မ်ားအတိုင္း ႏိုင္ငံအေရးေတြ႕ဆုံေဆြးေႏြးမႈမ်ား ျပန္လည္စတင္ဖို႔ေမွ်ာ္လင့္ထားတယ္။ ဒါ့ျပင္ ျမန္မာႏိုင္ငံေရး ပဋိပကၡမွာပါဝင္ေနတဲ့ အဖြဲ႕အစည္းအားလုံးဟာ ေတြ႕ဆုံေဆြးေႏြးတိုင္ပင္မႈေတြကတဆင့္ ပဋိပကၡေတြအဆုံးသတ္ေအာင္အေျဖရွာဖို႔ နဲ႔ တည္ၿငိမ္မႈေတြ ျပန္လည္ထိန္းသိမ္းလုပ္ေဆာင္ဖို႔ ေမွ်ာ္လင့္ထားတယ္" ဟုေျပာသည္။

 

ျမန္မာႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈအမ်ားဆုံး ျပဳလုပ္ေနသည့္ ႏိုင္ငံထဲတြင္ပါဝင္ေနသည့္ တ႐ုတ္ႏိုင္ငံ၏ အထူးကိုယ္စားလွယ္သည္ မၾကာေသးမီက ျမန္မာႏိုင္ငံရွိ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈမ်ားရွိခဲ့ေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့သည္။ တ႐ုတ္ႏိုင္ငံသည္ အာဏာရယူမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံအေပၚ ေဝဖန္ျပစ္တင္ျခင္းမရွိခဲ့သလို ပိတ္ဆို႔မႈခ်မွတ္ေသာ ႏိုင္ငံမ်ားထဲတြင္လည္း ပါဝင္ျခင္းမရွိေၾကာင္းသိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စစ်ဆေးရေးဂိတ်ကိုရှောင်ကွင်းကာ ငွေကျပ် (၁)ဘီလျံတန်ဖိုးရှိ ဘိန်းဖြူများကို သယ်ဆောင်ထွက်ပြေးသော LAND CRUISER ကားကို ရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီး

RELATED POSTS
RECENT POSTS
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved